ဂျော်ဂျီယာ - ပိုလန်
ဂျော်ဂျီယာက ဒီအုပ်စုမှာ သုံးမှတ်ပဲရသေးတဲ့အသင်းဖြစ်ပါတယ်။ ပိုလန်အနေနဲ့ ဒီပွဲသာအနိုင်ရ
ရင် တော်တော်အခြေအနေကောင်းမှာ ဖြစ်ပါတယ်။ ပိုလန်မှာ လူကောင်း တွေများပေမယ့်
အသင်းလိုက်ကစားအားမှာညီညွတ်မှုအားနည်းတဲ့ အသင်းဖြစ်ပါတယ်။ပိုလန်သာတယ် ထင်
ရပေမယ့် ဒီပွဲက သရေ တစ်ပေါက်ရှိနေပါတယ်။
ဂျာမနီ - ဂျီဘရော်တာ
ဂျာမနီဟာ သုံးပွဲကစားအပြီးမှာ လေးမှတ် သာရထားသေးတဲ့ အသင်းဖြစ်ပါတယ်။ အခု
ဂျီဘရော်တာနဲ့ အိမ်ကွင်းဆိုတော့ ဆင်နဲ့ ဆိတ်လိုကွာနေပါတယ်။ မနိုင်စရာအကြောင်း
မရှိပါဘူး။ ဂိုးဘယ်လောက်သွင်းမလဲ ကြည့် ရမယ့်ပွဲဖြစ်ပါတယ်။ အနည်းဆုံး ဂျာမနီ ငါးဂိုးပြတ်
သွင်းပါလိမ့်မယ်။
ပေါ်တူဂီ - အာမေးနီးယား
ပေါ်တူဂီကတော့ နည်းပြအပြောင်းအလဲ လုပ်ပြီးမှာဒိန်းမတ်ကိုအနိုင်ရထားပါတယ်။ အာမေးနီး
ယားက တစ်မှတ်ပဲရပါသေးတယ်။ တစ်ခုရှိတာက အာမေးနီးယားမှာ ဂိုးသွင်း အားရှိထားခြင်းပဲ
ဖြစ်ပါတယ်။ ပေါ်တူဂီ ဂိုးပြတ်အနိုင်ရဖို့ မလွယ်လှပါဘူး။ အာမေး နီးယားကိုရွေးသင့်ပါတယ်။
ရိုမေးနီးယား - မြောက်အိုင်ယာလန်
ဒီပွဲဟာ ရိုမေးနီးယားအတွက် အရေးကြီး တဲ့ပွဲဖြစ်ပါတယ်။ မြောက်အိုင်ယာလန်က တော်တော်
အခြေအနေကောင်းနေပါတယ်။ သုံးပွဲကစားအပြီးမှာ ပွဲတိုင်းနိုင်ထားပါ တယ်။ ရိုမေးနီးယားနိုင်
မယ်ဆိုရင် ဂိုးမပြတ် နိုင်တဲ့ပွဲဖြစ်လို့ မြောက်အိုင်ယာလန်ကို ရွေးသင့်ပါတယ်။
စကော့တလန် - အိုင်ယာလန်
အကြိတ်အနယ်ဖြစ်မယ့် ပွဲစဉ်တစ်ခုပါ၊ အိုင်ယာလန်က စကော့တလန်ထက် သာတယ် ထင်ရ
ပေမယ့် စကော့ကွင်းဖြစ်လို့ စကော့ တစ်ချ်တွေကို လျှော့တွက်လို့ မရပါဘူး။ ဒီပွဲ ဟာ ဂိုးသွင်း
အားပြိုင်မယ့်ပွဲ ဖြစ်လာနိုင်လို့ ဂိုးများမယ့်ပွဲ ဖြစ်လာပါလိမ့်မယ်။
ဩစတြီးယား - ရုရှား
ဩစတြီးယားက ခုနစ်မှတ်၊ ရုရှားက ငါးမှတ် ရထားပြီး အုပ်စုကို ဦးဆောင်နေကြတဲ့အသင်း
တွေဖြစ်ပါတယ်။ ဩစတြီးယားကို လျှော့ တွက်လို့ မရပါဘူး။ ဆွီဒင်ကို သရေကစား ထားပြီး
အုပ်စုကို ဦးဆောင်နေတဲ့အသင်း ဖြစ်လို့ ရုရှား ခက်ခက်ခဲခဲကစားရမယ့်ပွဲ ဖြစ်ပါတယ်။ ဩစတြီး
ယားကို ကြိုက်ပါတယ်။ အင်္ဂလန် - ဆလိုဗေးနီးယား အင်္ဂလန်အသင်းကတော့ သုံးပွဲကစားအပြီး
မှာ အခုထိ ပေးဂိုးမရှိသေးတဲ့အသင်းလည်း ဖြစ်နေပါတယ်။ ဆလိုဗေးနီးယားကိုလျှော့တွက်လို့
မရပါဘူး။ အင်္ဂလန် ခက်ခက်ခဲခဲကစားရမယ့်ပွဲဖြစ်လို့ အင်္ဂလန်အနိုင်က ဂိုးမပြတ်သားပါဘူး။
မွန်တီနီဂရိုး - ဆွီဒင်
မွန်တီနီဂရိုးခြေစွမ်းက ပြန်ကျသွားတာတွေ့ရပါတယ်။ ဆွီဒင်ကလည်း အီဗရာဟီမိုဗစ်ချ်မပါရင်
တိုက်စစ်က အားနည်းသွားလေ့ ရှိပါတယ်။ ခံစစ်ကလည်း အားနည်းတဲ့ အသင်း ဖြစ်ပါတယ်။
မွန်တီနီဂရိုး သရေ အနည်းဆုံးကစားနိုင်ပါတယ်။
ဘယ်လ်ဂျီယံ - ဝေးလ်
ဘယ်လ်ဂျီယံရဲ့ အိမ်ကွင်းဖြစ်တဲ့အတွက် ဝေးလ် တော်တော်ကစားယူရမယ့်ပွဲ ဖြစ်ပါတယ်။
ဝေးလ်ရှုံးပွဲမရှိသေးဘဲ အုပ်စုမှာ ဦးဆောင်ပေမယ့် ဘယ်လ်ဂျီယံပွဲကတော့ ကစားသမား
အရည်အသွေးပိုင်းမှာ ကွာခြား နေပါတယ်။ ဘယ်ဂျီယံ ဂိုးပြတ်အနိုင်ရမယ့်ပွဲဖြစ်ပါတယ်။
ဟော်လန် - လတ်ဗီးယား
ဟော်လန်ဟာ သုံးပွဲကစားအပြီးမှာ တစ်ပွဲ သာ အနိုင်ရထားပါသေးတယ်။ ဒါကြောင့် ဟစ်ဒင့်ကို
ဖိအားတွေပေးနေတာဖြစ်ပါတယ်။ အခုပွဲက ခြေအဆင့်အတန်း တော်တော်ကွာ ခြားပါတယ်။
လတ်ဗီးယားကလည်း နှစ်မှတ် သာ ရထားတဲ့အသင်း ဖြစ်ပါတယ်။ ဟော်လန် ဒီပွဲမှာ ဖိဖိစီးစီး
ကစားမှာဖြစ်လို့ အနည်းဆုံး နှစ်ဂိုးပြတ်နဲ့တော့ အနိုင်ရပါလိမ့်မယ်။
ချက် - အိုက်စလန်
ကိုးမှတ်စီရထားတဲ့ ဒီနှစ်သင်းပွဲဟာ ထိန်း ကစားလာနိုင်တဲ့ပွဲ ဖြစ်လာနိုင်ပြီး သရေနဲ့ အဆုံးသတ်
သွားနိုင်ပါတယ်။
အီတလီ - ခရိုအေးရှား
အုပ်စုမှာ အဓိကပြိုင်ဘက်တွေဖြစ်လို့ ဒီပွဲဟာ အကြိတ်အနယ်ဖြစ်လာပါလိမ့်မယ်၊ ခရိုအေးရှား
ကွင်းလယ်ဟာ ထိပ်တန်းအဆင့် ဖြစ်ပေမယ့် အဝေးကွင်းဖြစ်လို့ ခံစစ်ကို အဓိက ပြင်ဆင်ထားနိုင်
ပါတယ်။ ဒီပွဲမှာ နည်းစနစ်ပိုင်းအားပြိုင်မှာဖြစ်လို့ ဂိုးနည်းမှာ သေချာတဲ့ပွဲဖြစ်ပါတယ်။
စပိန် - ဘီလာရုစ်
စပိန်အသင်းက အသစ်တည်ဆောက်နေ ပါတယ်။ ခြေချင်းက တော်တော်လေးကို ကွာ နေပြီး
စပိန်ဟာ ထိပ်တန်းအဆင့်ပြန်ရနိုင်ဖို့ ကို အခုကတည်းက တည်ဆောက်နေတာ ဖြစ်လို့ အခုပွဲ
မှာ ဘီလာရုစ်ကိုလျှော့လျှော့ ပေါ့ပေါ့ကစားမယ် မထင်ပါဘူး။ ဒီပွဲမှာ စပိန် သုံးဂိုးပြတ်တော့ အနိုင်
ရပါလိမ့်မယ်။














