လာလီဂါက ၁၁ ပွဲစီ ကစားပြီးသွားပါပြီ။ ရာသီရဲ့ သုံးပုံတစ်ပုံနီးနီးရောက်လာပြီလို့ ပြောနိုင်တယ်။
ဒီရာသီလာလီဂါက ဘာ ထူးခြားလာလဲ...။ အရင်ရာသီတွေကဆို ဒီအချိန်ဆို ချန်ပီယံ လမ်းကြောင်း
မှာရှိမယ့်အသင်းတွေက ဘယ် အသင်းတွေလဲဆိုတာ သိနေလောက်ပြီ။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်
ဘယ်အသင်းတွေကတော့ သေချာသလောက်ရှိနေပြီ ဆိုတာလည်း ပြောလို့ရတဲ့အနေအထားမျိုး
ဖြစ်နေပြီ။
ဒါပေမဲ့ ဒီရာသီမှာတော့ အဲ့ဒီလို မဟုတ်တော့ဘူး။ လက်ရှိအမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်
နေကြတဲ့ အနေအထားကို ကြည့်မယ် ဆိုရင် တစ်သင်းနဲ့တစ်သင်း အမှတ်ကွာဟမှု သိပ်မရှိကြဘူး။
ရီးယဲလ်ဟာ ထိပ်ဆုံးမှာ ရှိနေ တာမှန်ပေမယ့် သူတို့နောက်က အသင်းတွေ ကို သိသာတဲ့ အမှတ်
ဖြတ်ထားနိုင်မှုမျိုး မရှိ သေးဘူး၊ လောလောဆယ်မှာ ဘာစီလိုနာ၊ အလက်တီကိုနဲ့ ဗလင်စီယာ
အသင်းတွေဟာ ရီးယဲလ်ကို အကောင်းဆုံး ဖိအားပေး ခြိမ်းခြောက်နေနိုင်တဲ့ အနေအထားမှာပဲ
ရှိနေသေးတယ်။ ဒါဟာ လာလီဂါရဲ့ ထိပ်ပိုင်း အသင်းတွေရဲ့ ပြိုင်ဆိုင်မှုအရှိန်ကိုလည်း မြှင့်တင်ပေး
ရာ ရောက်နေတယ်။ ဒီရာသီမစမီ ရာသီအကြိုပြင်ဆင်မှုတွေ ကိုကြည့်ရင် ဒီရာသီဟာလည်း ထုံးစံ
အတိုင်း ချန်ပီယံဆုကို မဟာအသင်းကြီးနှစ်သင်းပဲ ပြိုင်ရဦးမှာပဲလို့ ထင်ကြေးပေးခဲ့ကြတယ်။
လက်ရှိချန်ပီယံ အလက်တီကို ကိုတောင် အပြောင်းအရွှေ့ဈေးကွက်မှာ အသင်းရဲ့ အဓိကကစားသမားတချို့ကို ရောင်းထုတ်ခဲ့ရတာတွေ၊ ပြန်အားဖြည့်မှုအပိုင်းမှာလည်း အလယ်
အလတ်ကစားသမားတွေနဲ့ ပြန်ဖြည့် ခဲ့ရတဲ့ အနေအထားတွေကိုကြည့်ပြီး အလက် တီကိုရဲ့
လက်ရှိချန်ပီယံဘွဲ့ကို ဆက်ထိန်းနိုင် ရေးဟာ မလွယ်ကူနိုင်ဘူးလို့ တွက်ခဲ့ကြတယ်။ ဒါပေမဲ့
အလက်တီကိုဟာ ရာသီအစမှာ ကစား သမားသစ်တွေနဲ့ သိပ်ပြီးအသားမကျသေး သလိုဖြစ်ခဲ့
ပေမယ့် နောက်ပိုင်းမှာ နည်းပြဆီမြွန်နီဟာ သူ့အသင်းကို သူ့ရဲ့ပုံစံဝင်လာ အောင် ကိုင်တွယ်ဦး
ဆောင်မှုပေးနိုင်ခဲ့တာ တွေ့ရတယ်။ ဒါကြောင့်လည်း အလက်တီကို ရဲ့ လက်ရှိအနေအထား
အရဆိုရင် သူတို့ကို ချန်ပီယံပြေးလမ်းကြောင်းရဲ့ အပြင်ဘက်ကို ပို့လို့မရသေးပါဘူး။
ခုချိန်မှာ ချန်ပီယံပြေးလမ်းထဲကို သိသာစွာ တိုးဝင်လာတဲ့အသင်းကတော့ ဗလင်စီယာပါပဲ။ သူတို
့နည်းပြနူနိုဆန်တိုကတော့ ချန်ပီယံ ဆုနဲ့ ပတ်သက်လို့ပြောဖို့ စောပါသေးတယ် လို့ ပြောနေပေမယ့်
သူတို့ရဲ့ ခြေစွမ်းအရ ဆိုရင်တော့ ထိပ်ဆုံးအသင်းတွေကို ကောင်း ကောင်းခြိမ်းခြောက်နိုင်စွမ်းရှိနေ
တာတော့ အမှန်ပဲ။ နောက်ပြီး သူတို့ရဲ့ အားသာမှုတစ်ခု က ပြည်ပပြိုင်ပွဲတွေမရှိဘဲ ပြည်တွင်းပွဲတွေ
အပေါ်မှာ အာရုံစိုက်ခွင့် အပြည့်ရထားတဲ့ အချက်ပါပဲ။ ဒါဟာ သူတို့အတွက် မျှော်လင့်ချက်လို့ ပြော
လို့ရနေတယ်။ နောက်ထပ်စောင့်ကြည့်ရမယ့် အသင်း က ဆီဗီလာ...၊ သူတို့ကလည်း နည်းပြအမ်
မရီလက်အောက်မှာ တည်ငြိမ်နေတဲ့ အသင်းတစ်သင်းအဖြစ် ရှေ့ကို တိုးထွက်လာ နေတယ်။
ပြီးခဲ့တဲ့ရာသီကတည်းက အမ်မရီရဲ့လက်ထဲမှာ အရှိန်ရစပြုလာနေတဲ့ ဆီဗီလာ ဟာ ဒီရာသီအစ
ခြေစွမ်းတွေအရတော့ ထိပ်ဆုံးအသင်းတွေထဲကို တိုးဝင်လာနိုင်စွမ်း ရှိနေတယ်။ ဒါပေမဲ့ သူတို့က
တာ့ ယူရိုပါလိဂ် က တစ်ဖက်နဲ့ဆိုတော့ ရေရှည်မှာ ပြိုင်ဆိုင် နိုင်မှုအားက လျော့ကျသွားနိုင်ဖို့တော့
ရှိနေ တယ်။ ဒါပေမဲ့ လာလီဂါရဲ့ ချန်ပီယံလမ်းကြောင်း ပေါ်မှာ မထင်မှတ်ဘဲ အတားအဆီးအဖြစ်
ပေါ်လာနိုင်တဲ့ တခြားအသင်းတွေ ရှိနေသေး တာကိုလည်း မေ့ထားလို့မဖြစ်ဘူး။
ဒီအသင်း တွေက ဆယ်လ်တာဗီဂို၊ ဗီလာရီးယဲလ်နဲ့ မာလာဂါလိုအသင်းမျိုးတွေပါ။ ဒီအသင်းတွေ ရဲ့
ခြေစွမ်းပိုင်းဟာ ဒီရာသီမှာ မထင်မှတ် လောက်အောင်ကို တိုးတက်မှု ပြလာကြတာ တွေ့ရတယ်။
အထူးသဖြင့် ဆယ်လ်တာဗီဂိုရဲ့ ခြေစွမ်းဆိုရင် ဘယ်သူကမှတောင် မျှော်လင့်ထားကြတာ မဟုတ်
ဘူး။ ထုံးစံအတိုင်း ဇယား အလယ်အလတ်နဲ့ အောက်ပိုင်းလောက်မှာပဲ ရုန်းကန်နေရမယ်လို့ တွက်
ထားကြပေမယ့် လည်း ဆယ်လ်တာဟာ ရာသီစကတည်းက ခုချိန်ထိကို အတိမ်းအစောင်း သိပ်
မရှိအောင် ကစားပြနိုင်တာတွေ့ရတယ်။
ထိပ်ပိုင်းအသင်း တွေထဲမှာ ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်လိုအသင်းတွေတောင် ရှုံးပွဲ နှစ်ပွဲစီတွေ
ကစား ထားကြပေမယ့် ဆယ်လ်တာကတော့ ခုချိန်ထိ ရှုံးပွဲတစ်ပွဲသာ ရှိသေးပြီး ဗလင်စီယာ၊
အလက် တီကိုအသင်းတွေနဲ့အတူ ရပ်တည်နေနိုင်တာ ကို ကြည့်ရင် ဆယ်လ်တာဟာ ဒီရာသီမှာ
လျှော့တွက်လို့ မရတဲ့အသင်းလို့ ယူဆနိုင် တယ်။ ခုတလော နောက်ထပ်စောင့်ကြည့်ရမယ့် အသင်း
တစ်သင်းကလည်း ရှေ့ကို တိုးထွက်ပြ လာနေတယ်၊ အဲဒီအသင်းက မာလာဂါ..၊ ရာသီအစမှာ
နည်းပြအသစ်နဲ့ ခြေစွမ်းပိုင်း တည်ငြိမ်မှု မပြနိုင်ခဲ့ပေမယ့် ရာသီသုံးပုံတစ်ပုံ လောက်အရောက်မှာ
သူတို့ရဲ့တိုးတက်လာမှု ကို မြင်ခဲ့ရလို့ လက်ကျန်အချိန်တွေမှာ သူတို့ရဲ့ အနေအထားကလည်း
လာလီဂါ ထိပ်ပိုင်းအသင်းတွေကြားမှ ပြိုင်ဆိုင်မှု အရှိန် ကို ပိုတွန်းတင်ပေးနိုင်ဖို့ များနေတယ်။
လာလီဂါက ၁၁ ပွဲစီကစားပြီးသွားပါပြီ။ နောက်ပိုင်းမှာ ချန်ပီယံလမ်းကြောင်းနဲ့ ချန်ပီယံ ဖြစ်နိုင်ခြေ
အသင်းတွေ ပုံပေးလာနိုင်ဖို့ ရှိနေ ပေမယ့်လည်း ဒီရာသီမှာ သေချာမှုတစ်ခုက တော့ ချန်ပီယံလိဂ်
၀င်ခွင့်အတွက် ယှဉ်ပြိုင်မှု အရှိန် ပိုအားကောင်းလာမှာ သေချာတယ်။ အရင်က ချန်ပီယံလိဂ်ဝင်ခွင့်
အတွက်ကို တောင် အဆင့်(၄) နေရာတစ်နေရာအတွက်ကိုပဲ ကျန်အသင်းတွေအဓိက မျှော်လင့်
ချက် နဲ့ ကစားနေကြရပေမယ့်လည်း ဒီအနေအထား ဟာ အခုရာသီမှာတော့ ပြောင်းလဲသွားတော့
မယ်ထင်တယ်။
ချန်ပီယံ ဖြစ်နိုင်ခြေအသင်းတွေထဲမှာ လက်ရှိအချိန်မှာ ရီးယဲလ်ရဲ့ ခြေစွမ်းအရ အားရစရာနဲ့
မျှော်လင့်နိုင်အား အကောင်းဆုံး လို့ ပြောနိုင်ပေမယ့် ကျန်တဲ့အသင်းတွေရဲ့ ခြေစွမ်းပိုင်းတွေ
ကလည်း ကွာဟမှု သိပ်မရှိပါ ဘူး။ ဒီတော့ ရာသီလက်ကျန်မှာ အသင်းကြီး တွေအတွက်လည်း
ဒီလို ထင်မထားတဲ့ အသင်း တွေရဲ့ တုံ့ပြန်လာနိုင်မှုတွေကြားမှာ ဘယ် လောက်အထိ ရုန်းကန်ကြ
ရဦးမလဲဆိုတာ လည်း စိတ်ဝင်စားစရာ ဖြစ်နေတယ်။ လာလီဂါကတော့ ဒီရာသီမှာ အပြောင်းအလဲ
တွေကြားမှာ အရှိန်ပိုကောင်းလာပြီး ပိုအကြိတ်အနယ်ရှိမယ့် ပြိုင်ဆိုင်မှုတွေကိုလည်း မြင်တွေ့ရ
တော့မယ် ထင်ပါတယ်။














