မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်နှင့် ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း
စီစဉ်ကျင်းပလျက်ရှိသော ၂၀၁၄ ခုနှစ် မြို့တော်ဝန်ဖလား တင်းနစ်ပြိုင်ပွဲတွင် ပြိုင်ပွဲ ၀င် တင်းနစ်
အားကစားသမား ၁၅၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။ အဆိုပါပြိုင်ပွဲကို ပြီးခဲ့သည့် နိုဝင်
ဘာလ ၈ ရက်နေ့မှစတင်၍ ရန်ကုန်မြို့၊ သိမ်ဖြူ တင်းနစ်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နိုဝင်
ဘာလ ၁၄ ရက်နေ့တွင် ဗိုလ်လုပွဲစဉ်နှင့် ဆုပေးပွဲများကို ကျင်းပသွားမည်ဖြစ်သည်။
ပြိုင်ပွဲတွင်အမျိုးသား၊ အမျိုးသမီးအလွတ် တန်းတစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသား၊ အမျိုး သမီး အလွတ်တန်း
နှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသားနှင့် အမျိုးသမီး (ငြထနိ ီသကဘူနျ) နှစ်ယောက်တွဲပြိုင်ပွဲ၊ အသင်း
လိုက်ပြိုင်ပွဲများ နှင့် အမျိုးသား၊ အမျိုးသမီးသက်တမ်းအလိုက် ပြိုင်ပွဲ စသည့်ဖြင့် ပြိုင်ပွဲအမျိုးအစား
၁၃ မျိုး ပါ၀င်သည်။
မြို့တော်ဝန်ဖလား တင်းနစ်ပြိုင်ပွဲ ကို မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်က နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိပြီး
ယခုနှစ်တွင် (၈)ကြိမ် မြောက်ကျင်းပပြုလုပ်ခြင်းဖြစ်သည်။ "ဒီပြိုင်ပွဲကို နှစ်စဉ်ကျင်းပလာတာ ဒီနှစ်နဲ့
ဆို (၈)ကြိမ်မြောက်ရှိပါပြီ။ ဒီနှစ်က အရင်နှစ် တွေထက် ပြိုင်ပွဲဝင်ကစားသမားအင်အားပိုများပါ
တယ်။ ဘာလို့လဲဆိုတော့ ဒီနှစ်မှာနယ်က အသင်းတွေ အများကြီးဝင်ရောက် ယှဉ်ပြိုင်ကြပါတယ်။
ဆုကြေးကိုလည်း အရင် နှစ်ကထက် တိုးမြှင့်ထားပါတယ်။ပြိုင်ပွဲတစ်ခု လုံးအတွက် ဆုကြေး စုစု
ပေါင်း ၄၃ သိန်းနီးပါး ချီးမြှင့်သွားမှာပါ။ ဆုကြေးတိုးမြှင့်ထားတာ ကြောင့် နယ်တွေက
တင်းနစ်အသင်းတွေက လည်း စိတ်ပါ၀င်စားစွာနဲ့ ၀င်ရောက်ယှဉ်ပြိုင် ကြပါတယ်"ဟု တင်းနစ်
အဖွဲ့ချုပ် အုပ်ချုပ် ရေးမှူး ဦးတိုးမင်းကျော်က ပြောသည်။
ပြိုင်ပွဲကို မြန်မာ့တင်းနစ်အားကစားအဆင့် အတန်း တိုးတက်အောင်မြင်လာစေရန်နှင့် ထူးချွန်
ထက်မြက်သော လူငယ်ကစားသမားများ ပေါ်ပေါက်လာစေရန် ရည်ရွယ် ကျင်းပပြုလုပ်ခြင်းဖြစ်
သောကြောင့် အသက် ၁၂ နှစ်အောက်၊ ၁၄ နှစ်အောက်၊ ၁၆ နှစ်အောက် ပြိုင်ပွဲများကို ထည့်သွင်း
ကျင်းပခြင်းဖြစ်ကြောင်း ဦးတိုးမင်းကျော်က ပြောသည်။
"အသက် ၁၂ နှစ်၊ ၁၄ နှစ်၊ ၁၆ နှစ်အောက်ပြိုင်ပွဲအမျိုးအစားတွေက အရည်အချင်းရှိတဲ့ ရွက်ပုန်းသီး
ကစားသမားတွေ ထွက်ပေါ်လာနိုင်ပါတယ်။ နောက်ပြီး ဒီပြိုင်ပွဲမှာ ပါ၀င်တဲ့ လူငယ်လေးတွေ တင်း
နစ်ကစားတာကို ကြည့် ပြီး အခြားကလေးတွေလည်း အားကျအတုယူ နိုင်ပါတယ်။ သူတို့လည်း
တင်းနစ်အားကစားနည်းကို စိတ်ပါ၀င်စားလာပြီး ကစား လာကြမယ်ဆိုရင် မျိုးဆက်သစ်ကစား
သမား တွေ အများကြီးထွက်ပေါ်လာမှာပါ။ ဒီလို မြို့တော်ဝန်ဖလား ပြိုင်ပွဲလိုမျိုး ပြည်တွင်းပြိုင်ပွဲများ
ကို မကြာခဏကျင်းပပေးသင့်ပါတယ်"ဟုပြောသည်။















