ဆူဇူကီးဖလားအတွက် ပြင်ဆင်လျက်ရှိသော မြန်မာ့လက်ရွေးစင်အသင်း

ဆူဇူကီးဖလားအတွက် ပြင်ဆင်လျက်ရှိသော မြန်မာ့လက်ရွေးစင်အသင်း

ကာတာနိုင်ငံတွင် ခြေစမ်းပွဲများ ကစားလျက်ရှိ ကျော်ဇင်လှိုင် ၂၀၁၄ ဆူဇူကီးဖလားပြိုင်ပွဲတွင်
၀င်ရောက် ယှဉ်ပြိုင်ရန်အတွက် ပြင်ဆင်လျက်ရှိသော မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည်
ကာတာနိုင်ငံတွင် ခြေစမ်းပွဲများကစားလျက် ရှိသည်။ နိုဝင်ဘာ ၁၀ ရက်နေ့က ကာတာကလပ်
အယ်လ်ခရီတီရတ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျ ခဲ့ပြီး ဒုတိယ
မြောက်ခြေစမ်းပွဲအဖြစ် နိုဝင်ဘာ ၁၃ ရက်နေ့တွင် ကာတာကလပ် အယ်လ်မာ ခီရာအသင်းနှင့်
ခြေစမ်းပွဲ ဆက်လက်ကစား မည်ဖြစ်သည်။

နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အယ်လ်ဆိုင်းလီယားအသင်းနှင့်လည်းကောင်း ဆက်လက်ယှဉ်ပြိုင်
ကစားမည်ဖြစ်သည်။ ၂၀၁၄ AFF Suzuki Cup ပြိုင်ပွဲ၏ အုပ်စု ပွဲစဉ်များကို လာမည့်နိုဝင်ဘာလ
၂၂ ရက်နေ့ မှ စတင်ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြန်မာအသင်းသည် ပြိုင်ပွဲ၏အုပ်စု (ခ)တွင် အိမ်ရှင်
စင်ကာပူ၊ မလေးရှား၊ ထိုင်းအသင်းများနှင့်တစ်အုပ်စုတည်းကျရောက်လျက်ရှိသည်။ ဆူဇူကီးပြိုင်ပွဲ
၀င်မည့် မြန်မာလက်ရွေးစင် အသင်းသည် ပြီးခဲ့သည့်စက်တင်ဘာလက ဖိလစ်ပိုင်နိုင်ငံတွင် ကျင်း
ပပြုလုပ်ခဲ့သော ဖိလစ်ပိုင် ငြိမ်းချမ်းရေးဖိတ်ခေါ်ပြိုင်ပွဲတွင် ဗိုလ်စွဲထားသောအသင်းဖြစ်ပြီး နည်းပြချုပ်
အဖြစ် အေဗရာမိုဗစ်က တာဝန်ယူကိုင်တွယ် လျက်ရှိသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင် ဘာ ၃ ရက်နေ့မှ စတင်ကာ ၁၈ ရက်နေ့အထိ ကာတာနိုင်ငံ
တွင် လေ့ကျင့်ခန်းများပြုလုပ် ကာ ဆူဇူကီးဖလားပြိုင်ပွဲကစားမည့် စင်ကာ ပူနိုင်ငံသို့ တိုက်ရိုက်သွား
ရောက်မည်ဖြစ် သည်။ လက်ရွေးစင်အသင်းကြီးတွင် ၂၀၁၅ ဖီဖာကမ္ဘာ့ဖလား ပြိုင်ပွဲသို့ ၀င်ရောက်
ယှဉ်ပြိုင် ခွင့် ရရှိထားသည့် ယူဪ၁၉ အသင်းမှ ကစား သမား ငါးဦး အားဖြည့်ထားသည်။



ဖတ်ရှုမှုအများဆုံး