ရည်မှန်းချက်ဆိုတာက ဖြစ်မြောက်ရင်အားလုံးက ၀ိုင်းပြီးလက်ခုပ်တီးတတ်ကြပေမယ့် မဖြစ်
မြောက်ရင်တော့ ကဲ့ရဲ့ခြင်း တစ်ပိုင်းတစ်စစီ ဖြစ်သွားတတ်ပါတယ်။ အခန့်မသင့်ရင် ကိုယ့်နေရာ
တောင် ပျောက်သွားနိုင်ခြေရှိပါတယ်။
တာဝန်ယူမှု ကိုယ်စီ ရှိထားကြလို့ ကိုယ့်တာဝန်ကိုယ်ယူကြရ တာပဲဖြစ်ပါတယ်။ အခုလည်း
တာဝန်ယူမှု အပိုင်းတစ်ခုနဲ့ နီးစပ်လာနေတဲ့ မန်နေဂျာ တစ်ယောက်ကို ပရီမီယာလိဂ်မှာ မြင်တွေ့
လာနေရပြီး ဖြစ်ပါတယ်။ သူကတော့ တခြား သူ မဟုတ်ပါဘူး။ ရည်မှန်းချက်ကြီးကြီး မန်ချက်
စတာစီးတီးရဲ့ မန်နေဂျာ ပယ်လီဂရီနီပဲ ဖြစ်ပါတယ်။ အဘူဒါဘီက မိသား တစ်စုကတော့ လွန်ခဲ့တဲ့
ခြောက်နှစ်ကစပြီး သူတို့ရင်းနှီးမြှုပ်နှံခဲ့တဲ့ ပိုက်ဆံတွေ ဘယ်လောက်ရှိ နေပြီလဲ ဆို တာ ကြည့်
လိုက်တော့ တစ်ဘီလျံ ဆို တဲ့ ငွေကြေးရှိသွားပြီဆိုတာကိုတွေ့လိုက်ကြပြီဖြစ်ပါတယ်။ တစ်ဘီလျံ
ဆိုတာ မန်ချက်စတာစီးတီး ကို ရင်းနှီးမြှုပ်နှံထားတဲ့ စုစုပေါင်းငွေကြေး ဖြစ်ပါတယ်။ များပြားလွန်းတဲ့
ငွေကြေး ပမာဏဖြစ်ပါတယ်။ စော်ဘွား ဇာယက် အယ်လ်နာယန်အနေနဲ့ ဒီလောက်ငွေပမာဏဟာ
အရေးမပါဘူး ထင်ရပေမယ့် အောင်မြင်မှုနဲ့ ယှဉ်ရင်တော့ အရေးပါတဲ့ ပမာဏပဲဖြစ်ပါတယ်။
သူ့ရဲ့ဒီရာသီ မန်စီးတီး ရဲ့ ရည်မှန်းချက်က မန်စီးတီးကို ချန်ပီယံ လိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်
အဆင့်အထိ အနည်းဆုံးတက်နိုင်ဖို့လည်း ရည်မှန်း ထားသူ တစ်ယောက်ဖြစ်ပါတယ်။ အခုတော့
မန်စီးတီးရဲ့ ရပ်တည်ချက်က တောင်စဉ်ရေမကျအနေအထားကို ရောက်နေတော့ မန်နေဂျာ ပယ်လီ
ဂရီနီအနေနဲ့လည်း သူ့ အနာဂတ်က မရေမရာဖြစ်လာနေတော့ တာပဲဖြစ်ပါတယ်။သူဟာ မန်ချီနီ ရဲ့
နေရာကိုအစားထိုး ၀င်လာခဲ့တဲ့သူ ပဲ ဖြစ်ပါ တယ်။ မန်ချီ နီဟာ မန်စီးတီးကို၊လိဂ် ဖလား ဗိုလ် လုပွဲ
မှာ၊၀ီဂန်ကို ရှုံးသွားလို့ မန်စီးတီးက လွင့်စင်သွားခဲ့တာက ပယ် လီဂရီနီအတွက် စံနမူပဲ ဖြစ်ပါတယ်။
အခုထိတော့ အယ်လ်နာယန်ထံက မီးနီမပြသေး လို့ ပယ်လီဂရီနီဟာ မန်စီးတီးမှာရှိနေ ပေမယ့်
ဓားသွားထက်ကို ပယ်လီ ဂရီနီရောက်လာနေပြီဖြစ်ပါတယ်။ ပရီမီယာလိဂ်ချန်ပီယံဖလားကို ထိန်းဖို့
ရည်မှန်းထားသလို ချန်ပီယံလိဂ်မှာလည်း ကွာတား ဖိုင်နယ်ကို အနိမ့်ဆုံးတက်နိုင် ဖို့ ရည်မှန်းထား
ပေမယ့် မန်စီးတီးရဲ့ လက်ရှိအခြေအနေက လက်တွေ့နဲ့ အတော့်ကိုကင်းကွာလို့လာနေပြီ ဖြစ်ပါ
တယ်။အရင်ဆုံး မန်စီးတီးဟာ အုပ်စုအဆင့် က တင်ထွက်ရဖို့က သေချာသလောက် ဖြစ်နေခဲ့ပြီ
ဖြစ်ပါတယ်။
အုပ်စုလေးပွဲကစားထားအပြီးမှာ မန်စီးတီးဟာတစ်ပွဲမှ နိုင်ပွဲမရသေးတာကတော့ အတော့်ကို
ဆိုးရွားနေပြီ ဖြစ်ပါတယ်။ မန်စီးတီးအဆင့် အတန်းနဲ့ မလျော်ကန်မှု ရလဒ်ဖြစ်နေပါ တယ်။
စီအက်စ်ကေအေမော်စကို ထံကနေအနိမ့်ဆုံးလေးမှတ် ရသင့်ခဲ့ပေမယ့် တကယ်တမ်း လေးမှတ်
ရသွားတာက စီအက်စ်ကေအေမော်စကို ဖြစ်သွားတာက အဘူဒါဘီမိသားစုအတွက် ပယ်လီဂရီနီ
အပေါ်မှာ စိတ်တိုစရာပဲ ဖြစ်ပါတယ်။ အိမ်ကွင်းကြီးမှာ စီအက်စ်ကေအေမော်စကိုကို ရှုံးမယ်လို့
ဘယ်သူကမှ ထင်ထားခဲ့ကြမှာမဟုတ်ပါဘူး။ နှစ်ယောက်အထုတ်ခံရလို့ ဆိုပြီး ဆင်ခြေပေးလို့
မရပါဘူး။ အထုတ်ခံ ရသူတွေက ပွဲပြီးခါနီးမှအထုတ်ခံခဲ့ကြတာ ပါ။ ဂိုးတွေပေးထားပြီး ရှုံးထားတာ
က ပထမ ပိုင်းမှာ ကတည်းကဖြစ်ပါတယ်။ ချေပဂိုး သွင်းနိုင်ဖို့အတွက် မန်စီးတီးမှာ လုံလောက် တဲ့
အချိန်အတိုင်းအတာတစ်ခု ရှိထားခဲ့ပါ တယ်။ တကယ်ကို မကစားနိုင်ခဲ့လို့သာ ရှုံးခဲ့ရတာဖြစ်ပါ
တယ်။ အခုတော့ မန်စီးတီး ဟာ ဘိုင်ယန်မြူးနစ်နဲ့အတူ နောက်တစ်ဆင့်တက်နိုင်ဖို့ဆိုတာ စီအက်စ်
ကေအေ မော်စကို၊ ရိုးမားတို့လောက် အိပ်မက်မက် ခွင့်မရှိတော့တဲ့ အခြေအနေကို ရောက် သွားပြီ
ဖြစ်ပါတယ်။
လေးပွဲကစား နှစ်မှတ်၊ လက်ကျန်ပွဲက ရိုးမား(အဝေးကွင်း)၊ ဘိုင် ယန်မြူးနစ်(အိမ်ကွင်း)တို့ဖြစ်လို့
ဒီနှစ်ပွဲ ဟာ ပယ်လီဂရီနီရဲ့ အနာဂတ်ကို အဆုံး အဖြတ်ပေးမယ့် ပွဲတွေဖြစ်လာတော့မှာပဲ ဖြစ်ပါ
တယ်။ ဒီနှစ်ပွဲကိုမှ ပယ်လီဂရီနီ မစွမ်းဆောင်နိုင်ဘူးဆိုရင်တော့ သူဟာလည်း မာခ့်ဟုချ်၊ မန်ချီနီ
တို့သွားတဲ့လမ်းကို လိုက်ရ တော့မှာပဲ ဖြစ်ပါတယ်။ အယ်လ်နာယန်နဲ့ မူဘာရက်တို့ဟာ လက်
ကျန်ဒီနှစ်ပွဲ အခြေအနေကို စောင့်ကြည့်နေပုံရပါတယ်။ ဘာ သံမှ အခုထိ ထွက်မလာသေးပေမယ့်
ရည် မှန်းချက် ပျောက်ဆုံးသွားမယ်ဆိုရင်တော့ ဆုံးဖြတ်ချက်တစ်ခုကတော့ ထွက်လာမှာ သေချာ
နေပါတော့တယ်။
ကပ္ပတိန်ကွန်ပနီ ကတော့ လက်ကျန်နှစ်ပွဲအပေါ် ယုံကြည်မှု အပြည့်ရှိဆဲလို့ ဆိုပါတယ်။ ဒါပေမဲ့
လက်တွေ့ နဲ့ယှဉ်ရင်တော့ ကွန်ပနီ ယုံကြည်ချက်တွေ က ဝေဝါးသွားမှာပါ။ ရိုးမားကွင်းမှာ အနိုင်
ရ နိုင်ပါ့မလား၊ ဘိုင်ယန်မြူးနစ်ကိုရော နိုင်ပါ့မလား။ တကယ်တမ်းမှာတော့ မန်စီးတီးဟာ မနှစ်က
မန်စီးတီးနဲ့ ဘာမှမကွာခြားပေမယ့် စွမ်းဆောင်ရည်ကတော့ မနှစ်ကနဲ့ ကွာခြား မှုရှိနေတာ ဘယ်
သူ့ကို အပြစ်တင်ရမလဲ။ ပယ်လီဂရီနီမှာ သာတာဝန်ရှိနေခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေက ကစားသမားနှစ်
ယောက်ကိုပေါင် ၅၃ သန်း သုံးပေးထားခဲ့ပါတယ်။ ပိုကောင်းတဲ့ မန်စီးတီးလို့တောင် ဆိုရပါ မယ်။
ဒါပေမဲ့ တကယ်တမ်းမှာတော့ မန်စီးတီးဟာ မနှစ်ကလောက်ကောင်းတဲ့အသင်းမဟုတ်တာက
အံ့ဩစရာပဲဖြစ်ပါတယ်။ တိုက်စစ်မှာ အဂူရို အကောင်းဆုံးကစားနိုင် ပေမယ့် ကွင်းလယ်က
ယာယာတိုရိုရေးနဲ့ ဆေးလ်ဗားအတွဲ လိုက်မကစားနိုင်တဲ့အခါမှာတော့ မန်စီးတီးကွင်းလယ်ဟာ
အကောင်း ဆုံးပုံစံ မဖြစ်တာက မန်စီးတီးအခက်တွေ့ စေရတာပဲဖြစ်ပါတယ်။ မန်စီးတီး ကွင်းလယ်
ခံစစ်အကူအားနည်းတဲ့အခါမှာတော့ အစကတည်းက အားနည်း တဲ့ မန်စီးတီးနောက်တန်းဟာ
ပိုပြီးအားနည်း သွားပြီး ဂိုးတွေပေးလိုက်ရတာပဲဖြစ်ပါတယ်။
ချန်ပီယံလိဂ်မှာ မန်စီးတီးအခြေအနေမကောင်း သလို ပရီမီယာလိဂ်မှာလည်း ချယ်လ်ဆီးကို အမီ
လိုက်နိုင်ဖို့ဆိုတာကလည်း မလွယ်တဲ့အနေအထား ဖြစ်နေပါတယ်။ မန်စီးတီး နောက်တန်းဟာ
မနှစ်ကတည်းက အားနည်းနေခဲ့တာပါ။ကွန်ပနီ၊ နာစတာဆစ် အတွဲ အားနည်းနေမှုကို ဒီမစ်ချယ်
လစ်ကို အားဖြည့် ပြီး မနှစ်က ဖြတ်သန်းခဲ့တာပါ။ ဒီနှစ်မှာလည်း ပေါ်တိုမှာ ခြေစွမ်းပြနေတဲ့ ပြင်
သစ်လက်ရွေး စင် မင်ဂလာကို ခေါ်ယူအားဖြည့်ပေမယ့် မင်ဂလာခြေစွမ်းက သာမန်အောက်
ရောက် နေလို့ ကွန်ပနီဪဒီမစ်ချယ်လစ်အတွဲကိုပဲ ဆက်ပြီးအားကိုးခဲ့ရတာက မန်စီးတီး
နောက် တန်းအားနည်းဖို့ ဖြစ်လာစေတာပဲ ဖြစ်ပါ တယ်။
ဒီမစ်ချယ်လစ်ဟာ အသက်ကြီးလာ တာနဲ့အမျှ စွမ်းဆောင်ရည်တွေလည်း ကျလာနေတာက
မန်စီးတီးအခက်တွေ့စေ တာပဲဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာ နိုင်ပွဲ ပျောက်နေစေတာပဲ ဖြစ်ပါတယ်။
ပယ်လီဂရီနီဟာ မနှစ်က မန်စီးတီးကိုစရောက်တဲ့ နှစ်မှာ ပရီမီယာလိဂ်ချန်ပီယံဖလား၊ လိဂ်ဖလား
တို့ကို ရယူပေးနိုင်ခဲ့သလို ချန်ပီယံလိဂ်မှာ ရှုံးထွက်အဆင့်ကို တက်နိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့
ဒီလိုဖြစ်လာ နိုင်ဖို့ မလွယ်သောခရီးကို သွားရဖို့က သေချာ သလောက် ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။
မန်စီးတီး ဟာ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ ဒဏ်ငွေပြစ်ဒဏ် ယူရို ၄၅ သန်းပေးခဲ့ရတဲ့ ကလပ်
အသင်းလည်းဖြစ်တော့ ဒီရာသီမှာ အဘူဒါဘီ စော်ဘွားတွေအနေနဲ့ နောက်ထပ် ရင်းနှီး မြှုပ်နှံဖို့မှာ
တုံ့နှေးမှုတွေတော့ ရှိနေခဲ့တာ အမှန်ပဲ ဖြစ်ပါတယ်။ ပိုဆိုးသွားတာက ယာယာတိုရေးရဲ့ မွေးနေ့မှာ
မန်စီးတီးရဲ့ အမှုဆောင်အဆင့်ရှိတဲ့သူတွေ မတက်ရောက် ဘဲ နေခဲ့ခြင်းဟာလည်း မန်စီးတီးရဲ့
စွမ်းဆောင် ရည်ကျဆင်းသွားခြင်းမှာ တစ်စိတ်တစ်ပိုင်း သက်ရောက်မှုရှိနေခဲ့တာလည်း ဖြစ်ပါတယ်။
ဒါကြောင့်လည်း စီအက်စ်ကေအေပွဲမှာ ယာယာတိုရေး အထုတ်ခံလိုက်ရခြင်းနဲ့ ပတ်သက်ပြီး
ဆက်စပ်ကြည့်လိုက်ခြင်းဖြစ်ပါ တယ်။ မန်စီးတီးရဲ့ လက်ကျန်နှစ်ပွဲမှာ ယာယာ တိုရေး မပါရ
တော့ပါဘူး။ မန်စီးတီးကွင်းလယ် ရဲ့ အဓိကသော့တစ်ချောင်း လက်လွှတ်ဆုံးရှုံး ခြင်းဟာ ချန်ပီယံ
လိဂ်မှာ မန်စီးတီးအနေနဲ့ နောက်တစ်ဆင့် မသေချာတော့ပါဘူး။ ပရီမီယာလိဂ် ၁၁ ပွဲကစားပြီးချိန်
မှာ မန်စီးတီးဟာ အဆင့်(၃)မှာ ရှိနေတာကိုတွေ့ရ မှာပါ။ ရာသီကုန်ဖို့ အဝေးကြီးရှိသေးပေမယ့်
ချယ်လ်ဆီးရဲ့ စွမ်းဆောင်ရည်နဲ့ မန်စီးတီးရဲ့ စွမ်းဆောင်ရည်က နှိုင်းယှဉ်ကြည့်လိုက်ရင်ဘယ်
အသင်းဟာ ချန်ပီယံဖြစ်နိုင်ခြေ ရာနှုန်း ပိုများတယ်ဆိုတာကို တွေ့မြင်ကြရမှာဖြစ်ပါ တယ်။
ချယ်လ်ဆီးဟာ ကိုးပွဲနိုင်၊ နှစ်ပွဲသရေ ရှုံးပွဲမရှိ ကစားထားချိန်မှာ လက်ရှိချန်ပီယံ မန်စီးတီးက
ခြောက်ပွဲနိုင်၊ သုံးပွဲသရေ၊ နှစ်ပွဲရှုံး ထားပြီးဖြစ်ပါတယ်။ ပထမရာသီဝက် ဖြတ်သန်း ဖို့အတွက်
ချယ်လ်ဆီးဟာ သူ့ရဲ့ အဓိက ပြိုင်ဘက်တွေဖြစ်တဲ့ မန်စီးတီး၊ မန်ယူ၊ အာဆင်နယ်၊ လီဗာပူး၊
အဲဗာတန်တို့နဲ့ ကစား ပြီးသွားပြီဖြစ်ပါတယ်။ ရှုံးပွဲမရှိ၊ အနိုင်နဲ့သရေတွေကစားထားပြီး ဖြစ်ပေမယ့်
မန်စီးတီးဟာ အဓိကပြိုင်ဘက်တချို့နဲ့ ကစားဖို့ရှိနေပါသေး တယ်။ ချယ်လ်ဆီး ၂၉ မှတ်ရချိန်မှာ
မန်စီးတီး ၂၁ မှတ်ပဲ ရပါသေးတယ်။ ရမှတ်ရှစ်မှတ် ကွာဟသွားပါပြီ။ သိပ်ပြီး မကွာဘူးလို့ယူဆ
လို့ ရနိုင်ကောင်းပေမယ့် ခြေစွမ်းတည်ငြိမ်မှုနဲ့ ယုံကြည်မှုအပိုင်းတွေမှာတော့ ချယ်လ်ဆီးက ပိုပြီး
သာလျက်ရှိနေပါတယ်။
ကစားသမားဟောင်း ရော်ဘီဆာဗေ့ချ် ကတော့ ပယ်လီဂရီနီ အနာဂတ်ဟာ မရေရာ တော့ဘူးလို့
သုံးသပ်ပြောဆိုနေပါတယ်။ ယူရိုခြေစစ်ပွဲတွေရှိလို့လိဂ်ပွဲတွေ ရပ်နားလိုက် ခြင်းဟာ ပယ်လီဂရီနီ
အတွက် ကံကောင်းခြင်း တစ်ခုပဲ ဖြစ်ပါတယ်။စီအက်စ်ကေအေကို ရှုံးနိမ့်ခြင်းရဲ့နောက်ဆက်တွဲက
ကျူပီအာရ်ကို အဝေးကွင်းမှာ အနိုင်မယူနိုင်ဘဲ သရေသာ ကစားနိုင်ပြီး မန်စီးတီးကို ဖိအားတိုးသွား
ခဲ့ပေ မယ့် လိဂ်ပွဲရပ်တန့်လိုက်လို့ ပယ်လီဂရီနီအနေ နဲ့ ပြင်ဆင်ချိန်ပိုရလိုက်ခြင်းပဲဖြစ်ပါတယ်။
ဒါကြောင့် လာမယ့်အပတ်ကစတင်ပြီး မန်စီးတီး ဟာ ဘယ်လောက်ပြောင်းလဲလာမလဲဆိုတာ
စောင့်ကြည့်ရတော့မှာပါ။ ချယ်လ်ဆီးကို အမီ လိုက်ဖို့ ပယ်လီဂရီနီ အကောင်းဆုံးလုပ်ပြရ တော့
မယ့်အချိန်ကို ရောက်နေပါရဲ့...။















