ချယ်လ်ဆီး မန်စီးတီးတို့ ဂိုးပြတ်နိုင်ကြပါ့မလား

ချယ်လ်ဆီး မန်စီးတီးတို့ ဂိုးပြတ်နိုင်ကြပါ့မလား

ချယ်လ်ဆီး - ၀က်စ်ဘရွန်း (စနေ၊ ည ၉း၃၀)
၀က်စ်ဘရွန်းရဲ့ခံစစ်ကစားပုံက အားနည်းတဲ့အတွက် ဂိုးပြတ်နိုင်တယ်ထင်ရပေမယ့် ချယ်လ်ဆီး
ကစားသမားတွေ နိုင်ငံတကာပွဲကစားထားရတာရယ်၊ ဒီပွဲပြီးရင် အရေးကြီးတဲ့ ချန်ပီယံလိဂ်ပွဲ
ကစားဖို့ရှိနေတဲ့အတွက်ကြောင့်ရယ်၊ ၀က်စ်ဘရွန်းမှာ တိုက်စစ်က ဂိုးသွင်းနိုင် တဲ့အချက်ကြောင့်
ရယ်တို့ကြောင့် ဒီပွဲမှာ ချယ်လ်ဆီးအနိုင်ဟာ ဂိုးပြတ်မယ်မထင်ပါဘူး။

မန်စီးတီး - ဆွမ်ဆီး (စနေ၊ ည ၉း၃၀)
မန်စီးတီးနည်းပြပယ်လီဂရီနီအတွက် အရေးပါတဲ့ပွဲစဉ်ဖြစ်ပါတယ်။ ဒီပွဲမှာသာ အနိုင်ရလဒ်မထွက်
ဘူးဆိုရင် သူ့အနာဂတ်ဟာမသေချာပါဘူး။ ဆွမ်ဆီးမှာ တိုက်စစ်အားကောင်းတဲ့ အချက်ရှိတဲ့
အတွက်ကြောင့်လည်း မန်စီးတီး ဂိုးလည်းသွင်း ဂိုးလည်းပေးရနိုင်ခြေရှိနေပါတယ်။ မန်စီးတီး
အနိုင်ဟာမပြတ်သားနိုင်ပါဘူး၊

အဲဗာတန် - ၀က်စ်ဟမ်း (စနေ၊ ည ၉း၃၀)
နှစ်သင်းစလုံး နောက်ဆုံးကစားထားတဲ့ နှစ်ပွဲစလုံးကိုသရေတွေပဲ ကစားထားပါတယ်။ အဲဗာတန်
က နောက်ဆုံးလေးပွဲ စလုံးရှုံးပွဲမရှိကစားထားသလို ၀က်စ်ဟမ်းကလည်း နောက်ဆုံး ငါးပွဲစလုံးရှုံး
ပွဲမရှိ ကစားထားပါတယ်။ သရေနဲ့အဆုံးသတ်သွားနိုင်တဲ့ပွဲ ဖြစ်ပါတယ်။

နယူးကာဆယ် - ကျူပီအာရ် (စနေ၊ ည ၉း၃၀)
ခြေပျက်နေတဲ့နယူးကာဆယ် ခြေကောင်းလာတော့လည်း လေးပွဲဆက်တိုက်တောင် အနိုင်
ရအောင် ကစားလာတဲ့အသင်းဖြစ်ပါတယ်။ ကျူပီအာရ်ကတော့ ရုန်းကန်နေရဆဲအသင်းဆိုတာ
အားလုံးအသိပဲဖြစ်ပါတယ်။ နယူးကာဆယ် အခုပွဲမှာလည်း ဂိုးသွင်းနိုင်ဦး မှာပဲ ဖြစ်ပါတယ်။
ကျူပီအာရ် ရှုံးဦးမယ့်ပွဲ ဖြစ်ပါတယ်။

လက်စတာ - ဆန်းဒါးလန်း (စနေ၊ ည ၉း၃၀)
ရာသီအစက ခြေစွမ်းပြတဲ့ လက်စတာဟာ နောက်ဆုံးခြောက်ပွဲမှာ နိုင်ပွဲမရှိဖြစ်နေခဲ့ပါတယ်။
တစ်ပွဲသာသရေကျထားခဲ့ပါတယ်။ ဆန်းဒါးလန်းကတော့ နောက်ဆုံးနှစ်ပွဲကို ရှုံးပွဲမရှိ ကစားထား
ပါတယ်။ ဂိုးအနည်းကို ရွေးချယ်တာ အသင့်တော်ဆုံးပါ။

စတုတ် - ဘန်လေ (စနေ၊ ည ၉း၃၀)
စတုတ်ကတော့ခြေတော်တော်ကောင်းလာနေပါတယ်။ နောက်ဆုံးနှစ်ပွဲကို ရှုံးပွဲမရှိကစား ထား
ပါတယ်။ ဘန်လေက နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ နိုင်ပွဲရထားပါတယ်။ အခုလည်း ခံစစ်ကို ဦးစား
ပေးနိုင်လို့ စတုတ်ဂိုးသွင်းရခက်နိုင်ပါတယ်။ ဂိုးနည်းမယ့်ပွဲဖြစ်ပါတယ်။

အာဆင်နယ် - မန်ယူ (တနင်္ဂနွေ၊ နံနက် ၀၀းဝဝ)
ဒီတစ်ပတ်ရဲ့ ပွဲကြီးပွဲကောင်းတစ်ပွဲပဲဖြစ်ပါတယ်။ နှစ်သင်းစလုံးရဲ့ရစ်သမ်တွေက အကောင်းဆုံး
ပုံစံမှာ ရှိမနေကြပါဘူး။ အာဆင်နယ်အတွက် အခွင့်ကောင်းနေတာက မန်ယူမှာ ဒဏ်ရာရ နေသူ
တွေများနေတာပါ။ မန်ယူရဲ့ အဝေးကွင်းကစားပုံကလည်း မကောင်းလို့ ခံစစ်အားနည်း ပြီး တိုက်
စစ်အားကောင်းတဲ့ အာဆင်နယ်အနိုင်ရသွားပါလိမ့်မယ်။

ခရစ္စတယ်ပဲလေ့စ် - လီဗာပူး (တနင်္ဂနွေ၊ ည ၈းဝဝ)
လီဗာပူးအနေနဲ့လည်း နှစ်ပွဲဆက်တိုက်ရှုံးထားလို့ ဒီပွဲဟာ ဘရန်ဒန်ရော်ဂျာအတွက် အရေးပါ
တဲ့ပွဲဖြစ်ပါတယ်။ ကစားသမားအင်အားခြင်း ကွာခြားတဲ့ဒီပွဲမှာ ပဲလေ့စ်အနေနဲ့ အိမ်ကွင်း အားသာ
ချက်သာရှိပါတယ်။ လီဗာပူးအနိုင်က သေချာနေပြီး ဂိုးလည်းများမယ့်ပွဲဖြစ်ပါတယ်။

ဟားလ်စီးတီး - စပါး (တနင်္ဂနွေ၊ ည ၁၀း၃၀)
ဟားလ်စီးတီးနောက်ဆုံးကစားထားတဲ့ ခြောက်ပွဲမှာ တစ်ပွဲသာ အနိုင်ရထားပါတယ်။ စပါးကလည်း
နောက်ဆုံးလေးပွဲမှာ တစ်ပွဲသာ အနိုင်ရထားပါတယ်။ အခုပွဲက ခြေပျက်နေတဲ့ နှစ်သင်း တွေ့တဲ့
ပွဲဖြစ်လို့ အသင်းကိုမရွေးချယ်ဘဲ ဂိုးအများကိုရွေးတာ အကောင်းဆုံးပါ။

ဗီလာ - ဆောက်သမ်တန် (အင်္ဂါ၊ နံနက် ၂း၃၀)
ဆောက်သမ်တန်ရဲ့ ရစ်သမ်ကတော့ အံ့ဩစရာပဲဖြစ်ပါတယ်။ နောက်ဆုံးလေးပွဲဆက်တိုက် အနိုင်
ကစားထားနိုင်ပါတယ်။ ဗီလာကတော့ ရှုံးပွဲတွေဆက်တိုက်ကစားနေရာက နောက်ဆုံး ကစားထား
တဲ့ပွဲမှာတော့ ၀က်စ်ဟမ်းကို သရေကစားထားပါတယ်။ ဂိုးအနည်းကိုရွေးတာ အသင့်တော်ဆုံးပါ။



ဖတ်ရှုမှုအများဆုံး