အေစီမီလန် -အင်တာမီလန် (တနင်္လာ၊ နံနက် ၂း၁၅)
အောက်တိုဘာလကုန်ပိုင်းမှ စတင်ကာ အေစီမီလန်ခြေစွမ်းသည် အကျဖက်သို့ ပြန်လည်ယိမ်းယိုင်
လာပြီး လေးပွဲဆက် တိုက် နိုင်ပွဲပျောက်သွားသည်။ တစ်ဖက် တွင် အင်တာမီလန်သည်လည်း
သုံးပွဲဆက် တိုက် နိုင်ပွဲပျောက်ပြီး ဖိအားများ ပြင်းထန် နေသည်။
သို့ကလို အခြေအနေမျိုးတွင် မီလန်မြို့ခံ ထိပ်သီးနှစ်သင်းဖြစ်သော အေစီမီလန်နှင့် အင်တာမီလန်
တို့ ထိပ်တိုက် တွေ့ဆုံမည့်ပွဲသည် အကြိတ်အနယ်ရှိသော ပွဲကြီးပွဲကောင်းတစ်ပွဲ ဖြစ်လာဖွယ်ရှိ
သည်။
၄-၃-၃ ကစားကွက်ဖြင့် 'တိုက်စစ်ဖွင့်' ကစားသော အေစီသည် ဂိုးသွင်းအား ကောင်းမွန်မြင့်မား
သည်။ ပြီးခဲ့သော အောက် တိုဘာလအထိ အေစီသည် စီးရီးအေတွင် သွင်းဂိုးအများဆုံးအသင်း
ဖြစ်သည်။
အေစီမီလန်တိုက်စစ်နှင့် ဂိုးသွင်းနှုန်း ကို လေ့လာကြည့်လျှင် အဓိက တိုက်စစ် သမားများဖြစ်သော
တောရက်စ်၊ အဲလ်ရှော်ရေးတို့သည် တစ်ဂိုးစီသာ သွင်းယူနိုင်ကြပြီး ၀ါရင့်တိုက်စစ်မှူး ပါဇီနီဆိုလျှင်
ယခုရာသီတွင် တစ်ဂိုးမျှ သွင်းယူနိုင်ခြင်း မရှိသေးတာကို တွေ့ရသည်။
သို့ရာတွင် ကွင်းလယ်တိုက်စစ်သမားများဖြစ်သော ဂျပန်လက်ရွေးစင် ဟွန်ဒါက ခြောက်ဂိုး၊ ပြင်သစ်
လက်ရွေးစင် ဂျီမီနက်ဇ်က လေးဂိုး အသီးသီး သွင်းယူပေးထားသည်ကို တွေ့ရ သည်။ သို့ကလို
ကြောင့် အေစီမီလန် တိုက်စစ်တွင် 'အထောင်' တိုက်စစ်မှူးများ သည် အဆုံးသတ် ဂိုးသွင်းယူ
ရန်ထက် တွဲဖက်တိုက်စစ်သမားများအား ကူညီပံ့ပိုး ပေးခြင်းကို ပိုမိုလုပ်ဆောင်နေကြောင်း
ပေါ်လွင်သည်။
အစောပိုင်းက အေစီမီလန်သည် စပိန် တိုက်စစ်မှူး တောရက်စ်ကို 'အထောင်' တိုက်စစ်တွင်
'တင်'ကစားခဲ့သော်လည်း မျှော်လင့်ထားသလောက် တိုက်စစ်အား တက်မလာသောအခါ ပြင်
သစ်ကွင်းလယ် တိုက်စစ်သမား ဂျီမီနက်ဇ်ကို ဗဟိုပြုပြီး အခြားတိုက်စစ်မှူးများကို ၀န်းရံပေးသည့်
ပုံစံဖက်သို့ ပိုမိုအားပြုလာသည်ကို တွေ့ရ သည်။
အလားတူ ဂျပန်တိုက်စစ်မှူး ဟွန်ဒါ သည် အေစီမီလန်တိုက်စစ်တွင် အံဝင် ခွင်ကျရှိပြီး အဆုံးသတ်
ဂိုးသွင်းယူမှု ကောင်းမွန်လာသောကြောင့် အသင်းဖော် များက ၎င်းကို ဖန်တီးပံ့ပိုးပေးမှုများ ပိုမို ပြု
လုပ်လာသည်။
အေစီမီလန်ကွင်းလယ်တွင် အီတလီလက်ရွေးစင် ဘိုနာဗင်တူရာကို အများဆုံး ပွဲထုတ်လာပြီး
ကွင်းလယ်ကို ထိန်းကျောင်း ပေးရန်၊ ကစားအားနှင့် ဖျက်အားများ ကျဆင်း သွားမှု မရှိစေရန်
ဟော်လန်လက်ရွေးစင် ဒီဂျောင်း (၂၉ နှစ်)၊ ဂါနာလက်ရွေးစင်များ ဖြစ်ကြသော မွန်တာရီ
(၃၀ နှစ်)နှင့် အက်ဆီယံ (၃၁ နှစ်)တို့ကို ထည့်သွင်းကစားသည်။ အေစီမီလန်သည် တိုက်စစ်
ကောင်း သလောက် ခံစစ် 'ပွင့်'နေပြီး ထိပ်ဆုံး ရှစ်သင်းအနက် ပေးဂိုးအများဆုံးအသင်း ဖြစ်သည်။
အေစီမီလန်နောက်တန်းသည် ကစားသမား ထည့်သွင်းသုံးစွဲမှု များပြား သောကြောင့် ခိုင်မာသော
ခံစစ်အတွဲကို အထိုင်ချတည်ဆောက်နိုင်ခြင်းမရှိသေးရာ တည်ငြိမ်မှု နည်းပါးသေးသည်ဟု ဆိုရ
မည်။
တစ်ဖက်တွင် အင်တာမီလန်သည် သုံးပွဲ ဆက်တိုက် နိုင်ပွဲပျောက်သွားခဲ့ရာ၌ ငါးဂိုး သွင်းခံရသော
ကြောင့် ဖိအားများ မြင့်တက် လာသည်။ အင်တာမီလန်တိုက်စစ်တွင် အာဂျင်တီးနား တိုက်စစ်မှူး
များဖြစ်သော အိုင်ကာဒီ (၂၁ နှစ်)နှင့် ပလာစီယို (၃၂ နှစ်) တို့ကို 'အထိုင်ချ'ပြီး ခရိုအေးရှားကွင်း
လယ်ဖန်တီးရှင် ကိုဗာဆစ်က ကူညီပံ့ပိုးပေးသော သုံးယောက်တိုက်စစ်ပုံစံကို အများဆုံး အသုံးပြု
သည်။
အီတလီတိုက်စစ်မှူး အော့စ် ဗဲလ်ဒိုကို အချို့ပွဲစဉ်များတွင် ပွဲထွက်ကစားသမားအဖြစ် ထည့်သွင်း
သော်လည်း အများ အားဖြင့် လူစားထည့်သွင်းလေ့ရှိသည်။ အင်တာမီလန်တိုက်စစ်တွင် အိုင်ကာဒီ
က ခုနစ်ဂိုးသွင်းယူထားပြီး အော့စ်ဗဲလ်ဒိုက လေးဂိုးသွင်းယူထားသောကြောင့် တိုက်စစ် မှူးများကို
ဂိုးရရှိရေးအတွက် အားထားနိုင် ပြီး ထိုအချက်တွင် အေစီမီလန်ထက် အနည်းငယ်သာလွန်သည်။
သုံးယောက်ခံစစ်ပုံစံကို ကျင့်သုံးသော အင်တာမီလန်နောက်တန်းတွင် အသင်း ခေါင်းဆောင်
ရာနော့ချီ ယာ (၂၆ နှစ်)၊ ၀ါရင့်နောက်ခံလူ ဗီဒစ် (၃၃ နှစ်)၊ ဂျူအန် (၂၃ နှစ်) တို့ဖြင့် အဓိက
အထိုင်ချထားသော်လည်း အချို့ပွဲများတွင် ရုန်းကန်နေရသည်။ အင်တာမီလန်တွင် တည်ငြိမ်မှု
အနည်း ဆုံးအပိုင်းမှာ ကွင်းလယ်ဖြစ်သည်။ အင်တာ မီလန်ကွင်းလယ်သည် အခြားထိပ်တန်း
အသင်းကြီးများနှင့် နှိုင်းယှဉ်လျှင် လူထည့် သွင်းသုံးစွဲမှု အများဆုံးနှင့် တည်ငြိမ်မှု အနည်းဆုံးဖြစ်
သည်။
အထူးသဖြင့် ကွင်းလယ် အဖျက်နှင့် ခံစစ်ကြောင်းကို ကာကွယ်ပေး ရသည့်အပိုင်းကို အာရုံစိုက်
နေရပြီး ကြိမ်ဖန်များစွာ အဝါကတ်၊ အနီကတ်များ ပြသခံရသည်။ သို့ရာတွင် အင်တာမီလန် သည်
သုံးယောက်ခံစစ်ပုံစံ ကျင့်သုံးမှုကို မစွန့်လွှတ်ဘဲ ဆက်လက်ဆုပ်ကိုင်ထားခြင်း ကြောင့် ကွင်းလယ်
သည် ခံစစ်ကြောင်းကို အကာအကွယ်ပေးရန် အာရုံစိုက်နေရပြီး တိုက်စစ်သမားများသည် ကွင်း
လယ်နှင့် အချိတ်အဆက်ပြတ်တောက်သွားသည်ကို မကြာခဏ တွေ့ရတတ်သည်။ ခြံုကြည့်လျှင်
အေစီမီလန်နှင့် အင်တာ မီလန် နှစ်သင်းစလုံးသည် ထိပ်ဆုံးသုံးသင်းထဲသို့ ၀င်ရောက်နိုင်ရန် ရုန်း
ကန်နေရသည်။ သို့ရာတွင် ယခုပွဲစဉ်သည် မီလန်ဒါဘီ ဖြစ် သောကြောင့် နှစ်သင်းစလုံး 'ညှစ်'
ကစား ရမည်။ တိုက်စစ်အားသန်သော အေစီဘက် ကနိုင်ခြေပိုများပြီး ဂိုးများနိုင်သည်။















