အတ္တလန္တာ - ရိုးမား (စနေ၊ ည ၁၁း၃၀)
နာပိုလီ၊ တိုရီနို၊ ဆက်စူလိုတို့နဲ့ သုံးပွဲဆက်တိုက် သရေကျထားတဲ့ အတ္တလန္တာခြေစွမ်းဟာ
အတက်ဘက်ကို မရောက်သေးပါဘူး။ ဒါပေမဲ့ သုံးပွဲမှာ တစ်ဂိုးသာ သွင်းခံရလို့ အတ္တလန္တာရဲ့
ကျစ်လျစ်မှု၊ စိတ်ဓာတ်၊ ခံစစ်ကောင်းမွန်မှုတွေကို လျှော့တွက်လို့ မရဘူး။ ရိုးမားကလည်း ပြီးခဲ့တဲ့
အဝေးကွင်းနှစ်ပွဲ ဆက်တိုက်မှာ ဆမ်ဒိုးရီးယားနဲ့ ၀-၀ သရေကျပြီး နာပိုလီကို ၂-၀ နဲ့ အရေးနိမ့်ထား
လို့ သွင်းဂိုးပျောက်နေတယ်။အတ္တလန္တာကွင်းမှာလည်း ရိုးမားတို့ ခက်ခဲစွာ ရုန်းကန်ရဖို့ အလား
အလာရှိတယ်။
လာဇီယို - ဂျူဗင်တပ် (တနင်္ဂနွေ၊ နံနက် ၂း၁၅)
နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာ အမ်ပိုလီကို ၂-၁ နဲ့ အရေးနိမ့်ထားပေမယ့် ခြံုကြည့်ရင် လာဇီယို
ခြေစွမ်းက အတက်ဘက်မှာရှိတယ်။ ဂျူဗင်တပ်ကတော့ လတ်တလော စီးရီးအေမှာ ခြေစွမ်းရော၊
ရလဒ်ပါ အကောင်းဆုံးဖြစ်နေတယ်။ ပါးမားကို ရ-၀ နဲ့နိုင်ခဲ့ရာမှာ တိုက်စစ် မှူးတွေ ခြေစွမ်းပြနိုင်ပြီး
ဂိုးမြူးခဲ့လို့ ဂျူဗင်တပ်တိုက်စစ်အားကို လျှော့မတွက်ရဲဘူး။ ဒါပေမဲ့ အခုပွဲမှာတော့ အိမ်ရှင်အားသာ
ချက်ရှိတဲ့ လာဇီယိုဘက်က အရဲစွန့်သင့်တယ်။
တိုရီနို - ဆက်စူလို (တနင်္ဂနွေ၊ ညနေ ၆းဝဝ)
ရိုးမားကို သုံးဂိုးပြတ်ရှုံးလိုက်လို့ တိုရီနိုခြေစွမ်း ယိမ်းယိုင်သွားမယ်လို့ ယူဆမိတယ်။ တိုရီနို ဟာ
စီးရီးအေနဲ့ ယူရိုပါလိဂ် ပြိုင်ပွဲနှစ်ခုကြားမှာ အင်အားမျှဝေသုံးစွဲနေရလို့ စီးရီးအေမှာ သိပ်မညှစ်နိုင်
သေးဘူး။ ဆက်စူလိုက ငါးပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့ရာမှာ တချို့ပွဲစဉ်တွေဆိုရင် ဂိုးမြူးတတ်တယ်။
ဒါကြောင့် အခုပွဲမှာလည်း ဆက်စူလို မရှုံးနိုင်ဘူးလို့ ယူဆမိတယ်။
ဆီစီနာ - ဆမ်ဒိုးရီးယား (တနင်္ဂနွေ၊ ည ၈း၃၀)
ဆီစီနာခြေစွမ်းက တောက်လျှောက်စိုက်ဆင်းနေပေမယ့် အိမ်ကွင်းမှာ ဂိုးသွင်းအားရှိတယ်။ ဆမ်
ဒိုးရီးယားကတော့ အသင်းကြီးတွေနဲ့ ဆက်တိုက်ကစားနေရလို့ သရေပွဲတွေ များပေမယ့် ပွဲကျပ်
ကာလကို လွန်မြောက်လာပြီဖြစ်လို့ အသင်းကို ပြန်ပြီး 'ဆွဲတင်'ဖို့ ကြိုးစား မှာ သေချာတယ်။
လူညီခြေညီပြီး ဂိုးသွင်းအားရှိတဲ့ ဆမ်ဒိုးရီးယားကို ပိုကြိုက်တယ်။
နာပိုလီ - ကက်ဂလီယာရီ (တနင်္ဂနွေ၊ ည ၈း၃၀)
ပြီးခဲ့တဲ့ နှစ်ပွဲဆက်တိုက်မှာ ရိုးမားကို ၂-၀၊ ဖီအိုရင်တီးနားကို ၁-၀ နဲ့ အနိုင်ရလိုက်ခြင်းနဲ့ အတူ
နာပိုလီခြေစွမ်းက တောက်လျှောက်တက်လာတယ်။ နာပိုလီတိုက်စစ်က ထိပ်တန်း အဆင့်ကို
ပြန်ရောက်လာတယ်။ ကက်ဂလီယာရီလည်း ကစားပုံတိုးတက်လာပေမယ့် တိုက်စစ် ကောင်းတဲ့
အသင်းကြီးတွေနဲ့တွေ့ရင် ခုခံနိုင်စွမ်း နည်းပါးပြီး နောက်တန်း 'ပွင့်'တတ်တယ်။ နာပိုလီကို ရွေး
ချယ်တာ သဘာဝကျပါတယ်။
ပါးမား - အမ်ပိုလီ (တနင်္ဂနွေ၊ ည ၈း၃၀)
တောက်လျှောက်စိုက်ဆင်းနေတဲ့ ပါးမားဟာ ဂျူဗင်တပ်ကို ခုနစ်ဂိုးပြတ်ရှုံးလိုက်လို့ မဖြစ်မနေ
အပြောင်းအလဲတွေ လုပ်ရဖွယ်ရှိပြီး မထင်မှတ်ဘဲ ခြေစွာလာမယ်လို့ ယူဆရတယ်။ အမ်ပိုလီ
ကတော့ ပြီးခဲ့တဲ့ပွဲစဉ်မှာ မထင်မှတ်ဘဲ လာဇီယိုကို နိုင်လိုက်ပေမယ့် နောက်တန်းမလုံခြံုဘဲ
စီးရီးအေမှာ ဒုတိယ ပေးဂိုးအများဆုံးအသင်း ဖြစ်နေတယ်။ အခုပွဲမှာ ပါးမားကို ယုံကြည်ပေး
သင့်တယ်။
ယူဒီနီးစ် - ချီယေဗို (တနင်္ဂနွေ၊ ည ၈း၃၀)
အစောပိုင်းက ခြေစွာခဲ့တဲ့ ယူဒီးနိစ်ဟာ သုံးပွဲဆက်တိုက် နိုင်ပွဲပျောက်သွားရာမှာ ရှစ်ဂိုး သွင်းခံ
လိုက်ရလို့ ခံစစ်ကြောင်း စိတ်မချရဘူးဆိုတာ ပေါ်လွင်နေတယ်။ ဒါပေမဲ့ ယူဒီးနိစ် တိုက်စစ်က
အိမ်ကွင်းမှာ ဂိုးသွင်းအား မကျသေးဘူး။ ချီယေဗိုကတော့ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်မှာ စီဆီနာ
ကို ၂-၁ နဲ့နိုင်လိုက်လို့ ခြေစွမ်းပြန်တက်လာမယ့် အလားအလာရှိပေမယ့် ယူဒီးနိစ်ရဲ့ အိမ်ကွင်း
တိုက်စစ်အားကို ခုခံနိုင်မယ် မထင်ဘူး။ ယူဒီးနိစ်ကို ပိုကြိုက်တယ်။
ဗီရိုနာ - ဖီအိုရင်တီးနား (တနင်္ဂနွေ၊ ည ၈း၃၀)
တောက်လျှောက်ပွဲကျပ်တွေ ရင်ဆိုင်နေရတဲ့ ဗီရိုနာဟာ နိုင်ပွဲတွေနဲ့ ဝေးသွားပေမယ့် ဂိုးသွင်းအား
ကောင်းတဲ့အချက်ကို ထည့်စဉ်းစားရမယ်။ ဖီအိုရင်တီးနားကလည်း ပြီးခဲ့တဲ့ နှစ်ပွဲ ဆက်တိုက်မှာ
ဆမ်ဒိုးရီးယားကို ၃-၁၊ နာပိုလီကို ၁-၀ နဲ့ ရှုံးထားတယ်။ ဒါကြောင့် အခုပွဲက သရေနဲ့အဆုံးသတ်ဖို့
အလားအလာများတယ်။
ဂျီနိုအာ - ပါလာမို (အင်္ဂါ၊ နံနက် ၂း၁၅)
ဆက်တိုက် ခြေတက်လာတဲ့ ဂျီနိုအာဟာ ပြီးခဲ့တဲ့ လေးပွဲအတွင်း သုံးပွဲနိုင်ခဲ့ရာမှာ ဂျူဗင်တပ်ကို
၁-၀၊ ယူဒီးနိစ်ကို ၄-၂ နဲ့ နိုင်ခဲ့လို့ ပုံမှန်ခြေစွမ်းကို ထိန်းထားနိုင်ဖို့လိုတယ်။ ပါလာမို ခြေစွမ်းက
လည်း လတ်တလော အတက်ဘက်မှာရှိပြီး အေစီမီလန်ကွင်းမှာတောင် နှစ်ဂိုးပြတ် နိုင်ထား
တယ်။ ဒါကြောင့် ပါလာမိုကို လျှော့မတွက်ရဲပေမယ့် အခုပွဲမှာတော့ အိမ်ရှင်ဖြစ်ပြီး ၀ါရင့်ကစား
သမားတွေ ခြေစွမ်းပြနေတဲ့ ဂျီနိုအာကို ပိုကြိုက်တယ်။














