မြန်မာအိုးပင်း နိုင်ငံတကာစစ်တုရင်ပြိုင်ပွဲ နိုဝင်ဘာ ၂၄ ရက်နေ့တွင် ကျင်းပမည်

မြန်မာအိုးပင်း နိုင်ငံတကာစစ်တုရင်ပြိုင်ပွဲ နိုဝင်ဘာ ၂၄ ရက်နေ့တွင် ကျင်းပမည်

မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပ မည့် ဒုတိယအကြိမ်မြောက် မြန်မာအိုးပင်း နိုင်ငံ
တကာစစ်တုရင်ပြိုင်ပွဲကို လာမည့် နိုဝင် ဘာလ ၂၄ ရက်နေ့မှ ၂၉ ရက်နေ့အထိ ရန်ကုန် မြို့၊ ဗိုလ်
ချုပ်အောင်ဆန်းလမ်းပေါ်ရှိ စင်ထရယ် ဟိုတယ်တွင် ကျင်းပသွားမည် ဖြစ်သည်။

ပြိုင်ပွဲတွင် နိုင်ငံတကာ ကစားသမား ၃၈ ဦးနှင့် ပြည်တွင်းကစားသမား ရ၀ ဦးခန့် ၀င်ရောက်ယှဉ်
ပြိုင်သွားကြမည်ဖြစ်ပြီး ဆုကြေး ငွေအဖြစ် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂,၄၀၀ ပေးအပ်ချီးမြှင့်
သွားမည်ဖြစ်သည်။

"ဒီပြိုင်ပွဲကို ဒုတိယအကြိမ်မြောက် ကျင်းပ ပြုလုပ်တာပါ။ ပထမအကြိမ်ကို ၂၀၁၁ ခုနှစ်က ကျင်းပ
ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၂ နဲ့ ၂၀၁၃ ခုနှစ် တွေမှာ ဆီးဂိမ်းပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေရ
တာကြောင့် မကျင်းပဖြစ်ခဲ့ပါဘူး။ ဒီနှစ်မှာတော့ ဒီပြိုင်ပွဲကို ပြန်လည်ကျင်းပ ဖြစ်တာပါ။ ဒီနှစ်ပြိုင်ပွဲ
ကို ပထမအကြိမ်မှာ လာရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ပြိုင်ပွဲဝင်တွေ ထက်အဆင့်မြင့်တဲ့ ကစားသမား
တွေ ပါ၀င် လာမှာပါ။ ဆုကြေးတွေကိုလည်း ပထမ အကြိမ်ကထက် တိုးမြှင့်ထားပါတယ်။ ပထမ
အကြိမ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ဖိလစ်ပိုင် လူမျိုး အိုလီဗာဗာဘိုစတာက သူ့သရဖူကို ကာကွယ်ဖို့
လာရောက်ယှဉ်ပြိုင်မှာပါ"ဟု မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမောင် မောင်လွင်က
မြန်မာတိုင်း(မ်)ကိုပြောသည်။

အင်္ဂလန်၊ ဥဇဘက်ကစ္စတန်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ရုရှား၊ အိန္ဒိယနိုင်ငံများက ဂရင်း မာစတာ
ကစားသမားများ လာရောက်ယှဉ်ပြိုင် ကြမည်ဖြစ်သည်။ ဦးမောင်မောင်လွင်က ပြိုင်ပွဲကျင်းပပုံနှင့်
ပတ်သက်၍ "ဒီပြိုင်ပွဲကို Swiss system နဲ့ ကျင်းပပြုလုပ်သွားမှာပါ။ ကိုးပွဲကစားရပါ မယ်။ တစ်ပွဲနိုင်
ရင် တစ်မှတ်ရမယ်။ သရေ ဆိုရင် အမှတ်ဝက်ရပါမယ်။ ရှုံးရင်တော့ သုည ပေါ့။ ပထမတစ်ပွဲပြီး
သွားရင် နိုင်တဲ့သူအချင်း ချင်း၊ ရှုံးတဲ့သူအချင်းချင်း၊ သရေကျတဲ့ သူ အချင်းချင်း ယှဉ်ပြိုင်စေမှာပါ။
ဒုတိယပွဲကျရင် နှစ်မှတ်ရတဲ့သူအချင်းချင်း၊ တစ်မှတ်ခွဲ ရတဲ့ သူအချင်းချင်း ယှဉ်ပြိုင်ရပါမယ်။ အဲဒီလို
စိစစ်လိုက်တဲ့အခါ တဖြည်းဖြည်းပြိုင်ပွဲက ပိရမစ်ပုံစံဖြစ်သွားပြီး နောက်ဆုံးကိုးပွဲအပြီး မှာ အမှတ်
အများဆုံးလူကို ပထမ၊ နောက်ပြီး ဒုတိယ၊ တတိယ အစဉ်လိုက် ဆုချီးမြှင့်သွား မှာဖြစ်ပါတယ်။
ပထမဆုအဖြစ် အမေရိကန် ဒေါ်လာ ၃,၀၀၀ ချီးမြှင့်သွားမှာပါ"ဟု ပြော သည်။

"ပြည်တွင်းကစားသမားတွေကိုအားပေး တဲ့အနေနဲ့ ပြည်တွင်းကစားသမားတွေထဲက အကောင်း
ဆုံးရလဒ်ရတဲ့သူ သုံးဦးကိုလည်း သီးခြားဆုချီးမြှင့်သွားမှာပါ"ဟု ပြောသည်။ အကောင်းဆုံး ပြည်
တွင်းကစားသမားဆု အတွက် ပထမဆုဒေါ်လာ ရ၀၀၊ ဒုတိယ ၅၀၀၊ တတိယ ၃၀၀၊ အမျိုးသမီး
အကောင်းဆုံးဆု နှင့် ဂျူနီယာပြိုင်ပွဲ ယူဪ၁၈၊ ယူဪ၁၄၊ ယူဪ၁၀ ဒေါ်လာ ၁၀၀ စီ
ချီးမြှင့်သွားမည်ဖြစ်သည်။

"ဒီပြိုင်ပွဲက အဖွဲ့ချုပ်အနေနဲ့ ပြည်တွင်း ကစားသမားတွေ နိုင်ငံတကာက ဂရင်း မာစတာတွေနဲ့
တွေ့ဆုံကစားခွင့်ရအောင် ရည်ရွယ်ပြီး ကျင်းပတဲ့ပြိုင်ပွဲတွေ ဖြစ်ပါတယ်။ နိုင်ငံတကာက ဂရင်း
မာစတာတွေကို လာရောက်ယှဉ်ပြိုင်စေဖို့အတွက် သူတို့ကို ဆုကြေးအပြင် ဂုဏ်ပြုချီးမြှင့်ငွေ
သတ်သတ်ပေးပြီး ဖိတ်ရပါတယ်။ ဒီဂုဏ်ပြုချီးမြှင့်ငွေကို Kasparov Chess Foundation Asia
-Pacific က ကူညီပံ့ပိုးပေးပါတယ်။ ဒီပြိုင်ပွဲကို နှစ်စဉ် ကျင်းပနိုင်အောင် ကြိုးစားသွားမှာပါ"ဟု
ဦးမောင်မောင်လွင်က ပြောသည်။



ဖတ်ရှုမှုအများဆုံး