စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသော ၂၀၁၄ ဆူဇူကီးဖလားပြိုင်ပွဲ၏ အုပ်စု (ခ)တွင်
ပါ၀င်ယှဉ်ပြိုင် လျက်ရှိသော မြန်မာလက်ရွေးစင်အသင်းသည် အုပ်စုပွဲစဉ် နှစ်ပွဲအပြီးတွင်
ရမှတ် တစ်မှတ်သာ ရရှိထားသည်။
နိုဝင်ဘာလ ၂၆ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော အုပ်စု ဒုတိယပွဲစဉ်တွင် အိမ်ရှင်စင်ကာပူအသင်း
ကို ၄ ဂိုး၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး အုပ်စု ပထမပွဲစဉ်တွင်လည်း မလေးရှား အသင်းကို ဂိုးမရှိ
သရေကျခဲ့သော မြန်မာအသင်းသည် အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် လာမည့် နိုဝင်ဘာ
၂၉ ရက်နေ့တွင် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
အုပ်စု(ခ)တွင် ထိုင်းအသင်းက နှစ်ပွဲကစား နှစ်ပွဲနိုင် ရမှတ် ခြောက်မှတ်ဖြင့် အုပ်စုကို
ဦးဆောင်နေပြီး ဒုတိယနေရာတွင် စင်ကာပူအသင်းက ရမှတ် သုံးမှတ်ဖြင့် ရပ်တည်နေသည်။
မြန်မာအသင်းသည် တစ်မှတ်သာ ရရှိထားပြီး နောက်တစ်ဆင့်တက်ရန် အခွင့်အရေး
နည်းပါးနေသည်။















