ပရီမီယာလိဂ်မှာ တန်းတက်လာတဲ့ ကျူပီ အာရ်၊ ဘန်လေနဲ့ လက်စတာ အသင်းလေး တွေဟာ
အမှတ်ပေးဇယားရဲ့အောက်ဆုံး မှာ ရပ်တည်နေလို့ တန်းတင်ကျန်ဖို့ ရုန်းကန် နေရတာသဘာဝပါ။
အဲဒီလိုအချိန်မှာပဲ မနှစ်က ပရီမီယာလိဂ်ဖလားကိုရလုလု အခြေအနေရှိခဲ့တဲ့ လီဗာပူးကလပ်က
လည်း စိတ်ပျက်ဖွယ်ရာနေ့ရက်တွေကို ဖြတ်သန်း နေရတာကတော့ နှုတ်ဆက်ထွက်ခွာသွား သူ
တိုက်စစ်မှူးဆွာရက်ဇ်ကိုသာ တမ်းတမ်း တတ ဖြစ်လို့လာနေခဲ့ရပြီဖြစ်ပါတယ်။ အဲဒီ အတွက်
တာဝန်အရှိဆုံးသူဖြစ်တဲ့ မန်နေဂျာ ဘရန်ဒန်ရော်ဂျာရဲ့ လီဗာပူးထိုင်ခုံကြီးက လည်း အပူချိန်တွေ
တရိပ်ရိပ်တက်လို့လာနေခဲ့ပြီဖြစ်ပါတယ်။ ပရီမီယာလိဂ်ပွဲစဉ် ၁၂ ပွဲ ကစားပြီး သွားပါပြီ။
ထိပ်ဆုံးကဦးဆောင်နေသူက မနှစ်က တတိယနေရာသာရခဲ့တဲ့ ချယ်လ် ဆီးအသင်းပဲဖြစ်ပါတယ်။
အခုထိ ချယ်လ် ဆီးဟာ ရှုံးပွဲမရှိ ပရီမီယာလိဂ်ဖြတ်သန်းနေတာပါ။ အဲဒီလိုအခြေအနေမှာ ဒီရာသီ
မှာ ပရီမီယာလိဂ် ချန်ပီယံဖလားရရေးဆိုတဲ့ရည်မှန်းချက်ရှိထားတဲ့ လီဗာပူးအသင်းကတော့ ၁၂ ပွဲ
ကစားအပြီးမှာ ခြောက်ပွဲရှုံးနိမ့်နေပြီဖြစ်ပါတယ်။ ချယ်လ်ဆီးနဲ့ဆိုရင်ရမှတ်(၁၈)မှတ်တောင် ကွာဟ
နေပြီဖြစ်လို့ သူတို့ရဲ့ မဟာရည်မှန်းချက်ကတော့ ရေးရေးတောင် မမြင်ရတော့တဲ့ အခြေ အနေကို
ရောက်သွားခဲ့ပြီဖြစ်ပါ တယ်။
အဲဒီတော့လည်းသူတို့လည်း သူတို့ရဲ့ဒုတိယ ရည်မှန်းချက်ဖြစ်တဲ့ ချန်ပီ ယံလိဂ် ၀င်ခွင့်ရရေးဆီကို
ပြောင်းလဲသွားကြပြီ ဖြစ်ပါ တယ်။ ချန်ပီယံလိဂ်ဝင်ခွင့်နေရာ အတွက် နောက်ဆုံးနေရာဖြစ်တဲ့
အဆင့်(၄)ကို လောလောဆယ်ရောက် နေတဲ့အသင်းက မန်ချက်စတာယူနိုက်တက်အသင်းပဲဖြစ်
ပါတယ်။ မန်ယူနဲ့ လီဗာပူး အမှတ်ကွာဟမှုက ငါးမှတ်ပဲကွာဟလို့ လီဗာပူးဟာ ချန်ပီယံလိဂ်နောက်
ဆုံး ၀င်ခွင့်နေရာကို ရည်မှန်းလိုက်တာဖြစ်ပါ တယ်။
အခုလောလောဆယ်မှာတော့ လီဗာပူးဟာ အဆင့်(၁၂)နေရာမှာ ရပ်တည် နေရပြီ ဖြစ်ပါတယ်။
အဆင့်(၄)နေရာကို ရနိုင်ပါဦးမလား။ လီဗာပူးရဲ့လက်ရှိရှုံးနိမ့် မှု ခြောက်ပွဲဆိုတာ တန်းတက်
အသင်းဘန်လေ၊ လက်စတာတို့နဲ့အတူတူဖြစ်နေပါ တယ်။ ဆန်းဒါးလန်း၊ ဟားလ်စီးတီးတို့
တောင် လီဗာပူးလောက်ရှုံးနိမ့်ထားတာမရှိ သေးတာက လီဗာပူးရဲ့လက်ရှိစွမ်းဆောင်မှု အရည်
အသွေးကို တိုင်းတာပြလို့ နေပါ တယ်။ ပရီမီယာလိဂ်ရာသီဝက် ကုန်ဆုံး ဖို့က ခြောက်ပွဲသာပဲ
ရှိတော့လို့ မနှစ်က ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ပြီး ဆွာရက်ဇ်ဪ စတားရစ်ချ်တိုက်စစ်အတွဲက ၅၉
ဂိုးသွင်းခဲ့တဲ့ လီဗာပူးဟာ အဆင့်မြင့်ပန်းတိုင်ကို ရောက် ဖို့တော့ မလွယ်တော့ တဲ့ ရာသီဖြစ်
လာတော့ မှာ ဖြစ်သလို မန်နေဂျာအပြောင်းအလဲကိုတောင် မြင်တွေ့လာဖွယ်ရှိနေပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာပေါင်သန်း ၁၀၀ လောက် သုံးခဲ့တဲ့ လီဗာပူး နဲ့ အသင်းမှာ
အဓိကကျတဲ့ကစားသမားတွေ ထိန်းမရဖြစ်ခဲ့တဲ့ ဆောက်သမ်တန်တို့ဟာ ဒီရာသီမှာ စောင့်ကြည့်
စရာဖြစ်ခဲ့ပါတယ်။ လီဗာပူးကို အကောင်းဘက်က မြင်ခဲ့ကြပြီး ဆောက်သမ်တန်ကို အဆိုး ဘက်
ကနေ ကြည့်နေခဲ့ကြတာပါ၊ လီဗာပူးဝယ်ခဲ့တဲ့ ကစားသမားတွေ ပြန်ကြည့်ရင် ဘလော့တယ်လီ၊
ရစ်ကီ လမ်းဘတ်၊ အဒမ်လာလာနာ၊ မာကိုဗစ်၊ အမ်မရီကင်မ်၊ အဲလ်ဘာတို၊ လိုဗ်ရန်ဆိုတဲ့ ကစား
သမားတွေကို တွေ့ရမှာပဲဖြစ်ပါတယ်။ ဒီခုနစ်ယောက်မှာ တစ်ယောက်မှ အခုအချိန်အထိ အသုံး
၀င်အားထားရသူ ပေါ်ထွက်လာခြင်းမရှိတာက လီဗာပူး အခုလို လက်စတာ၊ ဘန်လေတို့နဲ့အတူ
ခြောက်ပွဲ ရှုံးရခြင်းပဲ ဖြစ်ပါတယ်။
တကယ်လို့ ဆွာရက်ဇ် ရောင်းရငွေနဲ့ဒီကစားသမား အများအပြား ကို မဝယ်ဘူးဆိုရင် ဝေဖန်မှုဟာ
ဖြစ်ချင်မှ ဖြစ်လာမှာပါ။ အခု တော့ ဆွာရက်ဇ်ငွေနဲ့အသင်းအတွက် လိုအပ်မယ့်နေရာ အတွက်
ဖြည့်တင်းဖို့ သေသေချာချာ သုံးသပ်ခဲ့မယ်ဆိုရင် အခုလိုစွမ်းရည်မဲ့ ကစားသမားတွေ ရှိလာမှာ
မဟုတ် ပါဘူး။ အခုဆိုရင် ပရီမီယာလိဂ်မှာ နောက်ဆုံး ကစားထားတဲ့ လေးပွဲဆက်တိုက်နိုင်ပွဲ
ပျောက်ပြီး တစ်မှတ်သာရထားတာက ဘရန်ဒန်ရော်ဂျာရဲ့ထိုင်ခုံဟာ ပူလောင်သထက် ပူလောင်
လာနေခဲ့ပြီဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပဲလေ့စ်နဲ့ပွဲမှာ ဂိုးပြတ်ကြီးနဲ့ ရှုံးတာကတော့
အတော့်ကိုအကျည်းတန်စေခဲ့ပါတယ်။ နှစ်မိနစ်မှာ ဦးဆောင်ဂိုး စတင်သွင်းနိုင်သည့်တိုင်အောင်
ပဲလေ့စ်ရဲ့ ချေပဂိုးနဲ့ အနိုင်ဂိုးသွင်း တာတွေကို ခံလိုက်ရတာကတော့ လီဗာပူး ရဲ့စွမ်းဆောင်ရည်
အားနည်းခြင်းက အတော့်ကိုဆိုးရွားမှု ပဲဖြစ်ပါတယ်။ လီဗာပူးခံစစ်ကိုကြည့်လိုက် ရင် ထိပ်တန်း
အဆင့်မရှိဘူးဆိုတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။ ကစားဟန်ကို ကြည့်လိုက်ရင်လည်း အဝေးပို့
ကစားဟန် ကိုပဲ ဦးစားပေးထားပြီး တိုက်စစ်အတွက် နေရာလွတ်ပေါ်အောင် ဖန်တီးကစားခြင်း
ဆိုတာလည်းမရှိတော့ လီဗာပူးတိုက်စစ် အားနည်းသွားစေတာပဲ ဖြစ်ပါတယ်။
ဘရန်ဒန်ရော်ဂျာအနေနဲ့ လာမယ့်ပွဲစဉ် (၁၃) နဲ့ ပွဲစဉ်(၁၄)ကို ရလဒ်ကောင်းထွက် အောင်
ကြိုးစားနိုင်ဖို့ အရေးတကြီးလိုအပ် နေပြီဖြစ်ပါတယ်။ ပွဲစဉ်(၁၃)ကိုအိမ်ကွင်း မှာ စတုတ်နဲ့ကစား
ရမှာဖြစ်ပြီး ပွဲစဉ်(၁၄)ကို အဝေးကွင်းမှာ လက်စတာနဲ့ကစားရမှာ ဖြစ်ပါတယ်။
ပွဲစဉ်(၁၃)က စနေမှာ ကစား ရမှာဖြစ်ပြီး ပွဲစဉ်(၁၄)က အင်္ဂါမှာ ကစား ရမှာဖြစ်ပါတယ်။ ဒီနှစ်ပွဲရဲ့
ရှေ့မှာ ချန်ပီယံ လိဂ်ပွဲကို ဘူလ်ဂေးရီးယားမှာ ကစားထား ရလို့ ပွဲပန်းနေမယ့်ပုံမှာ ရှိနေပါတယ်။
ဘယ်လိုပဲဖြစ်နေနေ ဘရန်ဒန်ရော်ဂျာဟာ အထုတ်ခံရသူ မဖြစ်ဖို့အတွက်၊ စိတ်ပျက် စရာနေ့ရက်
တွေကို ကျော်လွန်နိုင်ဖို့ အတွက် စတုတ်နဲ့ လက်စတာနှစ်ပွဲကို အစွမ်းကုန်ကြိုးပမ်းဖို့ လိုအပ်နေပါပြီ။
ရလဒ်ကောင်းထွက်ခဲ့ရင်တော့ သူ့အနာဂတ်ဟာ ကောင်းနိုင်ပေမယ့် ရလဒ်ကောင်း မထွက်ခဲ့ဘူး
ဆိုရင် အန်းဖီးလ်ကို ကျောခိုင်း ရမယ်လို့ ယူဆနေမိပါရဲ့...။















