အေစီတို့ နိုင်ပွဲ ပြန်ရှာတွေ့သွားနိုင်တယ်

အေစီတို့ နိုင်ပွဲ ပြန်ရှာတွေ့သွားနိုင်တယ်

ကက်ဂလီယာရီ -ဖီအိုရင်တီးနား
နာပိုလီကို ၃-၃ သရေကစားသွားတဲ့ ကက်ဂလီယာရီခြေစွမ်းကို လျှော့တွက်လို့မရပေမယ့်
နောက်တန်းရော၊ ခြေစွမ်းပါ တည်ငြိမ်မှု မရှိသေးဘူး။ ဖီအိုရင်တီးနားကတော့ ဗီရိုနာကွင်းမှာ
ကစားသွားတဲ့ခြေစွမ်းအရ တိုက်စစ်ကောင်းလာတယ်။ ဖီအိုရင်တီးနားကို ပိုကြိုက်တယ်။

ဆီစီနာ -ဂျီနိုအာ
တောက်လျှောက်စိုက်ဆင်းနေတဲ့ ဆီစီနာဟာ ဂိုးသွင်းအားပါ ကျဆင်းလာတယ်။ ဂျီနိုအာကတော့
၀ါရင့်ကစားသမားတွေများလို့ အချိတ်အဆက်မိလာတာနဲ့အမျှ စွမ်းဆောင် ရည်ပိုင်း ကောင်းလာ
တယ်။ တိုက်စစ်ရော၊ ခံစစ်ပါ စွယ်စုံတိုးတက်လာတယ်။ အခုပွဲမှာလည်း ဂျီနိုအာကို ရွေးချယ်သင့်
တယ်။

ချီယေဗို -လာဇီယို
ဆီစီနာကိုနိုင်ပြီး ယူဒီးနိစ်ကွင်းမှာ သရေကစားခဲ့တဲ့ ချီယေဗိုခြေစွမ်းကပြန်တက်လာ တယ်။
လာဇီယိုကတော့ နှစ်ပွဲဆက်တိုက် ရှုံးခဲ့ရာမှာ ငါးဂိုးသွင်းခံလိုက်ရလို့ နောက်တန်း စိတ်မချရဘူး။
လာဇီယို အနိမ့်ဆုံး သရေကစားနိုင်မယ်လို့ ယူဆမိတယ်။

အမ်ပိုလီ -အတ္တလန္တာ
ပြီးခဲ့တဲ့ နှစ်ပွဲဆက်တိုက်မှာ လာဇီယိုကို ၂-၁၊ ပါးမားကို ၂-၀ နဲ့နိုင်ခဲ့တဲ့ အမ်ပိုလီဟာ ရစ်သမ်
မိလာတယ်။ အီတလီတိုက်စစ်မှူးတွေဖြစ်တဲ့ တာဗာနို၊ မက်ခရိုနီတို့ အလုပ်ဖြစ်ပြီး ဂိုးပြန်မြူး
လာတယ်။ အတ္တလန္တာခြေစွမ်းကတော့ အကျဘက်မှာပဲ ရှိနေသေးတယ်။ အိမ်ရှင် အားသာ
ချက်ရှိပြီး တိုက်စစ်ရော၊ ခြေစွမ်းပါတက်လာတဲ့ အမ်ပိုလီနိုင်ခြေများတယ်။

အေစီမီလန် -ယူဒီးနိစ်
ပွဲကျပ်တွေဆက်နေတဲ့ အေစီမီလန်ဟာ နိုင်ပွဲဆက်တိုက်ပျောက်သွားလို့ အခုပွဲမှာ အိမ်ရှင်
အားသာချက်နဲ့ 'ညှစ်'မယ်လို့ ယူဆရတယ်။ အေစီမီလန်တိုက်စစ်နဲ့ ဂိုးသွင်းအားကတော့
'မကျ'သေးဘူး။ ယူဒီးနိစ်က လေးပွဲဆက်တိုက် နိုင်ပွဲပျောက်သွားပြီး ကိုးဂိုးသွင်းခံလိုက်ရလို့
ပေးဂိုးများနေတယ်။ အေစီမီလန်ဘက်က အားပေးလိုက်ပါ။

ပါလာမို -ပါးမား
ခြေပြန်တက်လာတဲ့ ပါလာမိုဟာ စုဖွဲ့ပုံကျစ်လျစ်ပြီး တိုက်စစ်ရော၊ ခံစစ်ပါကောင်း လာတယ်။
ပါးမားကတော့ တောက်လျှောက်စိုက်ဆင်းနေပြီး ကစားသမားတွေကြားမှာ ယုံကြည်မှုပါ
ကျဆင်းနေတယ်။ ပါးမားကို ခေတ္တမေ့ထားပြီး ပါလာမိုကို ရွေးချယ်သင့်တယ်။

ရိုးမား -အင်တာမီလန်
ပြီးခဲ့တဲ့ နှစ်ပွဲဆက်တိုက်မှာ တိုရီနိုကို ၃-၀၊ အတ္တလန္တာကို ၂-၁နဲ့ နိုင်ခဲ့တဲ့ ရိုးမားဟာ နောက်ပိုင်း
ပွဲတွေမှာ ပြန် 'ညှစ်'လာတယ်။ အင်တာမီလန်ကတော့ နည်းပြသစ်မန်ချီနီ လက်ထက်မှာ အေစီ
မီလန်ကို ၁-၁ သရေကျခဲ့လို့ ကစားသမားတွေ ယုံကြည်မှုမြင့်တက် လာကြပေမယ့် နည်းစနစ်ပိုင်း
အားနည်းနေတယ်လို့ နည်းပြကိုယ်တိုင် ၀န်ခံထားတယ်။ ရိုးမားကိုပဲ အားပေးသင့်ပေမယ့် မထင်
မှတ်ဘဲ သရေကျမှာကိုတော့ စိုးရိမ်မိတယ်။

ဆမ်ဒိုးရီးယား -နာပိုလီ
နာပိုလီဟာ အာရုံစိုက်ပြီး တကယ်တမ်းညှစ်မယ်ဆိုရင် ကြောက်ဖို့ကောင်းပေမယ့် အသင်းငယ်
တွေကို ရင်ဆိုင်တဲ့အခါ ခြေစွမ်းအတင်အချလုပ်တတ်တယ်။ ဆမ်ဒိုးရီးယားဟာ နည်းပြမီဟိုင်းလို
ဗစ်လက်ထက်မှာ မာကျောတဲ့အသင်းဖြစ်လာပေမယ့် လတ်တလောမှာ နိုင်ပွဲကျဲပြီး သရေပွဲတွေ
များလာတယ်။ အခုပွဲက သရေကျနိုင်ပေမယ့် တိုက်စစ်ပိုကောင်းတဲ့ နာပိုလီကို ရွေးချယ်သင့်တယ်။

ဆက်စူလို -ဗီရိုနာ
တစ်ဦးချင်းကောင်းသူတွေ အတော်များများ ပါ၀င်နေတဲ့ ဆက်စူလိုဟာ အချိတ်အဆက်မိ ပြီး
စွမ်းဆောင်ရည်ကောင်းလာတယ်။ သုံးပွဲဆက်တိုက်ပေးဂိုးမရှိဘဲ ခံစစ်ပါ ကျစ်လျစ်လာ တယ်။
ဗီရိုနာကတော့ တောက်လျှောက်နိုင်ပွဲပျောက်သွားရာမှာ ဂိုးသွင်းအားရှိပေမယ့် ခံစစ်လျော့ရဲသွား
တယ်။ ဆက်စူလိုကို ပိုကြိုက်တယ်။



ဖတ်ရှုမှုအများဆုံး