ဗလင်စီယာ - ဘာစီလိုနာ
တနင်္လာ၊ နံနက် ၂း၃၀ ပွဲကျပ်တွေ ဆက်နေတဲ့ ဘာစီလိုနာ အတွက် ဆီဗီလာကိုတော့ အိမ်ကွင်း
မှာ အကောင်းဆုံး ကျော်ဖြတ်ပြနိုင်ခဲ့တယ်။ အခု သူတို့အတွက် နောက်ထပ်ပြိုင်ဘက်ကောင်း
တစ်သင်းကို ရင်ဆိုင်ရဖို့ ရှိနေပြန်တယ်။ ကစားရမှာက အဝေးကွင်းမှာဆိုတော့ ဘာစီလိုနာ
အတွက် ခက်ခဲမယ့်ပွဲလို့ ပြောနိုင်တယ်။
ဗလင်စီယာကလည်း ဒီရာသီခြေစွမ်းက အရင်လို မဟုတ်တော့ဘူး။ အပြောင်းအလဲတွေနဲ့အတူ
သိသာတဲ့ တိုးတက်မှုကို ပြနေ တယ်။ အထူးသဖြင့် တိုက်စစ်ပိုင်းက တိုးတက် မှု ရှိနေပြီး အိမ်
ကွင်းဆိုရင် ဂိုးတွေပိုသွင်းပြ နေတဲ့အချက်ကလည်း ဘာစီလိုနာခံစစ်ကို ခြိမ်းခြောက်နေတဲ့ အချက်
တစ်ခုလို ဖြစ်နေ တယ်။ အိမ်ကွင်းကစားခဲ့တဲ့ ပွဲတွေထဲမှာ နောက်ဆုံးကစားခဲ့တဲ့ ဘီလ်ဘာအိုနဲ့ပွဲ
မှာ ဂိုးမရခဲ့တာကလွဲလို့ ကျန်တဲ့အိမ်ကွင်းပွဲတိုင်း မှာ တစ်ပွဲကို သုံးဂိုးစီ သွင်းထားနိုင်တာကို ကြည့်
ရင် ဗလင်စီယာရဲ့ အိမ်ကွင်းတိုက်စစ်အားက လျှော့တွက်လို့ မရဘူးလို့ ပြောနိုင် နေတယ်။
ဒီရာသီ ဗလင်စီယာ တိုက်စစ်မှာ အယ်လ်ကာဆာလို တိုက်စစ်မှူးမျိုး ပေါ်ထွက် လာပြီး စပိန်
အသင်းအတွက်ပါ ရွေးခံရတဲ့ အထိ ခြေစွမ်းပြနေနိုင်တယ်။ ဘာစီလိုနာကတော့ ခုချိန်မှာ ရီးယဲလ်
မက်ဒရစ်လို တည်ငြိမ်တဲ့ခြေစွမ်းမျိုး မရသေး ဘူးလို့ ပြောနိုင်တယ်။ အထူးသဖြင့် အဝေး ကွင်းမှာ
ဆိုရင် ခြေစွမ်းပိုင်းက ပုံမှန်မရတတ် ဘူး။ အခုနောက်ပိုင်း မက်ဆီကလည်း အသင်း ရဲ့ ဦးဆောင်
သူအဖြစ် ကစားပေးနေရတဲ့ပုံမျိုး ပေါ်နေတယ်။ ကွင်းလယ်မှာ အင်နီယေစတာ ဒဏ်ရာ မကြာခဏ
ရနေပြီး ပုံမှန်ခြေမရတဲ့ အပြင် ဇာဗီကလည်း အသက်အရွယ်အရ အရင်လို မဟုတ်တော့ဘူး။
နောက်ပြီး အင်းနရစ် ရဲ့ ကွင်းလယ် လူထုတ်ပုံအပြောင်းအလဲ တွေ မကြာခဏ လုပ်နေတာက
လည်း ဘာစီ လိုနာရဲ့ကွင်းလယ် တည်ငြိမ်မှုနည်းရခြင်း တွေထဲမှာ အကြောင်းတစ်ခုဖြစ်နေပါ
တယ်။ ဒီရာသီမှာ အင်းနရစ်ဟာ ဘာစီလိုနာကို စပြီးကိုင်တွယ်စအချိန်တွေမှာ အသင်းကစားပုံကို
အပြောင်းအလဲလုပ်ဖို့ ကြိုးစားနေသလိုတွေ့ခဲ့ရပေမယ့် သေချာပြောင်းလဲပြင်ဆင် နိုင်တာမျိုး ခုချိန်
ထိမတွေ့ရသေးဘူး။ တစ်ပွဲတစ်မျိုး လူထုတ်ပုံအပြောင်းအလဲတွေလုပ် ပြီး စမ်းသပ်ကစားရင်းနဲ့ပဲ
အချိန်ကုန်နေပုံ ပေါက်နေတယ်။ ဆွာရက်ဇ် ပြန်ကစားနိုင်ချိန်မှာ ဆွာရက်ဇ် ကို ပွဲထုတ်ပြီး နေမာ၊
မက်ဆီ၊ ဆွာရက်ဇ် တောင်အမေရိက တိုက်စစ်အတွဲကို ပွဲထုတ်နိုင် ဖို့ ကြိုးစားကြည့်ခဲ့ပေမယ့်
လည်း နောက်ပိုင်း မှာတော့ ဆွာရက်ဇ်ကို အရန်ခုံပြန်ထိုင်ခိုင်း ပြီး ရာသီအစပုံစံမျိုးနဲ့ပဲ တိုက်စစ်
ပိုင်းကို ပြန်ပွဲထုတ်နေခဲ့တယ်။ အင်းနရစ်ရဲ့ အနေ အထားဟာ တိုက်စစ်မှာ မက်ဆီကလွဲလို့ ပုံမှန်
နေရာပေးတဲ့ ကစားသမားမျိုး ရှာမတွေ့သေး တဲ့ ပုံပါပဲ။
ဒါကြောင့်လည်း ဘာစီလိုနာတိုက်စစ်ရဲ့ဂိုးသွင်းနှုန်းဟာ တစ်ပွဲနဲ့တစ်ပွဲ အတက်အကျရှိနေတတ်ပြီး
ရီးယဲလ်တိုက်စစ် လို ပုံမှန်ဂိုးသွင်းအား မရနိုင်သေးဘူးဖြစ်နေ တယ်။ ဗလင်စီယာကတော့ ဒီရာသီ
မှာ ကွင်းလယ် နဲ့ တိုက်စစ်ကစားပုံ တိုးတက်လာမှုက သိသာ တယ်။ အထူးသဖြင့် ခံစစ်ကနေ
တိုက်စစ်ကို ကူးပြောင်းတဲ့အခါမှာ လျင်မြန်ပြီး ထိရောက်မှု ရှိအောင် ကစားနိုင်စွမ်းရှိတယ်။
နောက်ပြီး ပြိုင်ဘက် အလစ်အငိုက်အချိန်မျိုးမှာ ဂိုးရ အောင် တင်ကစားတတ်တဲ့ ဗလင်စီယာရဲ့
ကစားပုံအောက်မှာ ပြိုင်ဘက်အသင်းတွေ ဂိုးတွေပေးလိုက်ရလေ့ရှိတယ်။ အလက်တီကိုလို
ခံစစ်မာကျောမှုရှိတဲ့အသင်းမျိုးတောင် ဗလင်စီယာကွင်း မက်စ် တဲလားမှာ မထင်မှတ်ဘဲ စော
စောစီးစီး ဂိုးတွေ ပေးခဲ့ရတာကိုကြည့်ရင် ဘာစီလိုနာရဲ့ ခုနောက် ပိုင်း ခံစစ်မငြိမ်မှုနဲ့တော့ စိုးရိမ်
ရမယ့် အနေ အထားမျိုးလို့ ပြောရမယ်။ ဘာစီလိုနာခံစစ်ကို ကြည့်ရင်လည်း တိုက်စစ်ပိုင်းလိုပဲလို့
ပြောနိုင်တယ်။
လာလီဂါရာသီအစမှာ စံချိန်တင်နိုင်ခဲ့တဲ့ အထိ ၀င့်ကြွားပြခဲ့တဲ့ ဘာစီလိုနာ ခံစစ်ဟာ ရီးယဲလ်နဲ့ပွဲ
ကစပြီး ဂိုးတွေပြန်ပေးခဲ့ရတာ နောက်ပိုင်းမှာတော့ ဘာစီလိုနာ ခံစစ်နဲ့ ပတ်သက်ပြီး စိတ်ချရပါ
တယ်လို့ မပြောနိုင်တော့ဘူး။ လာလီဂါနောက်ဆုံးလေးပွဲမှာ သုံးပွဲ ဂိုးပေးခဲ့ရပြီး တန်ပြန်တိုက်
စစ်ကို အထိရောက် ဆုံး ကစားနိုင်တဲ့ အသင်းတွေနဲ့ဆိုရင် သိပ် ထိန်းနိုင်စွမ်း မရှိသေးဘူးဆိုတာ
အဲဒီ ဂိုးပေး ခဲ့ရတဲ့ သုံးပွဲစလုံးမှာ တွေ့ခဲ့ရတယ်။ အဲဒီလို ခံစစ်မျိုးနဲ့ဆိုရင် ဗလင်စီယာရဲ့ အိမ်ကွင်း
တိုက်စစ်အားကို ပွဲချိန်ပြည့် ဂိုးမပေးရအောင် တောင့်ခံနိုင်ဖို့ဆိုတာ လွယ်ပါ့မလားဆိုတာ ထည့်
စဉ်းစားရတော့ မယ့် အချက်ဖြစ်လာနေပါပြီ။ ဒီတော့ ဘာစီလိုနာအတွက် အဓိကကျတာက ဒီပွဲမှာ
တိုက်စစ်ပိုင်းက ဂိုးရအောင် ကစားနိုင်ဖို့ပါပဲ။ ဒါပေမဲ့ ဘာစီလိုနာရဲ့ အဝေးကွင်းတိုက်စစ် အားကို
ပြန်ကြည့်ရင်လည်း ပုံမှန်မဟုတ်တဲ့ အချက်ကြောင့် ဒီပွဲမှာ ဘာစီလိုနာ ဂိုးရဖို့ လွယ်ပါ့မလားဆို
တာ စဉ်းစားဖို့ ဖြစ်လာ ပြန်တယ်။
ဗလင်စီယာရဲ့ အားသာမှုကတော့ အိမ်ရှင် အခွင့်အရေးအပြင် ဒီရာသီမှာ တခြားအာရုံ စိုက်စရာ
ပြိုင်ပွဲမျိုး မရှိသေးဘဲ လာလီဂါတစ်ခု တည်း အပေါ်မှာပဲ အပြည့်အဝ အာရုံစိုက် ထားနိုင်ခွင့် ရနေ
တဲ့အချက်ပါပဲ။ နောက်ပြီး နောက်ဆုံးကစားထားတဲ့ အိမ်ကွင်းပွဲမှာ လည်း ဘီလ်ဘာအိုနဲ့ ဂိုးမရှိ
သရေကျထားခဲ့လို့ အခုလို ဘာစီလိုနာလိုအသင်းမျိုးကို အိမ်ကွင်း မှာ လက်ခံကစားရတဲ့အခါမှာ
အားထုတ်မှု ပိုလာနိုင်တာကလည်း ရှိနေသေးတယ်။ ၂၀၀၈ ခုနှစ်နောက်ပိုင်း ဒီနှစ်သင်း မက်စ်
တဲလားမှာ တွေ့ခဲ့တဲ့ အစဉ်အလာတွေကိုကြည့်ရင်လည်း ဘာစီလိုနာနိုင်ရင်တောင် အနိုင်ပြတ်
သားမှုမရှိဘဲ သရေပွဲတွေက ပိုများ နေတာမျိုးတောင် တွေ့ရလို့ အခုလည်း ဘာစီ လိုနာကို သိပ်
ပြီးမျှော်လင့်မထားသင့်ဘူးနဲ့ တူတယ်။ ဗလင်စီယာနဲ့ ဂိုးအများပဲ ကောင်းမယ် ထင်ပါတယ်။
အခြားပွဲစဉ်များ
စနေ၊ နံနက် ၂း၁၅ * ဆိုစီဒက် - အယ်လ်ချီ
စနေ၊ ည ၉း၃၀ ဂီတာဖေး - ဘီလ်ဘာအို *
စနေ၊ ည ၁၁း၃၀ * အက်စ်ပန်ညို - လီဗန်တေး
တနင်္ဂနွေ၊ နံနက် ၁း၃၀ * မာလာဂါ - ရီးယဲလ်
တနင်္ဂနွေ၊ နံနက် ၃း၃၀ * ဆယ်လ်တာ - အိုင်ဘာ
တနင်္ဂနွေ၊ ညနေ ၅း၃၀ * အလက်တီကို - ဒီပို့တီဗို
တနင်္ဂနွေ၊ ည ၁၀း၃၀ * ဆီဗီလာ - ဂရန်နာဒါ
တနင်္လာ၊ နံနက် ၀၀း၃၀ * ကော်ဒိုဘာ - ဗီလာရီးယဲလ်
အင်္ဂါ၊ နံနက် ၂း၁၅ * အယ်လ်မီရီယာ - ရာယို














