ဆန်းဒါးလန်း - ချယ်လ်ဆီး
ဆန်းဒါးလန်းက နိုင်ပွဲပျောက်နေပေမယ့် နောက်ဆုံးသုံးပွဲ ရှုံးပွဲမရှိကစားထားလို့ ချယ်လ်ဆီး
ခက်ခက်ခဲခဲကစားရနိုင်ပါတယ်။ ချယ်လ်ဆီးဟာ အဝေးကွင်းမှာ ဂိုးသွင်းမခံရတဲ့ပွဲ တစ်ပွဲမှမရှိလို့
အခုလည်း ဂိုးသွင်းခံရနိုင်ပါတယ်။ ချယ်လ်ဆီးနိုင်မယ်ဆိုရင် ဂိုးမပြတ်နိုင်လို့ ဆန်းဒါးလန်းကိုရွေး
သင့်ပါတယ်။
ဆောက်သမ်တန် - မန်စီးတီး
ဆောက်သမ်တန်ဟာ အိမ်ကွင်းမှာ ရှုံးပွဲမရှိသေးတဲ့အသင်းပဲ ဖြစ်ပါတယ်။ အိမ်ကွင်းမှာ ဂိုးသွင်း
အားကောင်းသလို ခံစစ်ကလည်း ထူးထူးခြားခြားကောင်းတဲ့အသင်းဖြစ်ပါတယ်။ မန်စီးတီးရဲ့
ရစ်သမ်ကလည်း အဝေးကွင်းဆိုရင်အားနည်းပါတယ်။ ဒါကြောင့်ဒီပွဲက ဂိုးနည်း မယ့်ပွဲဖြစ်လာ
ပါလိမ့်မယ်။
၀က်စ်ဘရွန်း - အာဆင်နယ်
၀က်စ်ဘရွန်းခြေက ပုံမှန်မရှိပါဘူး။ တိုက်စစ်ကဂိုးသွင်းအားရှိပေမယ့် ခံစစ်က လျော့ရဲတဲ့ အသင်း
ဖြစ်ပါတယ်။ အာဆင်နယ်ကလည်း နှစ်ပွဲဆက်တိုက်ရှုံးထားပြီး ချန်ပီယံလိဂ်လည်း ကစားထားပါ
တယ်။ နှစ်သင်းစလုံး တိုက်စစ်အားသန်လို့ ဂိုးတွေအပြန်အလှန်သွင်းပြီး အာဆင်နယ် အနိုင်ရ
သွားနိုင်ပါတယ်။
စပါး - အဲဗာတန်
ဒီနှစ်သင်းက ခြေသိပ်ကွာတဲ့အသင်းတွေ မဟုတ်ပါဘူး။ အဲဗာတန်က အဆင့်(၉)၊ စပါးက အဆင့်
(၁၀)ရမှတ်တူရပ်တည်နေပါတယ်။ နှစ်သင်းစလုံး ခံစစ်တွေက အားနည်းနေကြပါတယ်။ နှစ်သင်း
စလုံး တိုက်စစ်အားသန်ကြလို့ အပြန်အလှန်ဂိုးသွင်းနိုင်တဲ့ပွဲ ဖြစ်ပါတယ်။စပါးက အိမ်ကွင်းမို့ အား
သားချက်တစ်ခုရှိထားတာကြောင့် အခုပွဲမှာ စပါးမရှုံးနိုင်ပါဘူး။
မန်ယူ - ဟားလ်စီးတီး
မန်ယူကတော့ အာဆင်နယ်ကိုနိုင်လိုက်လို့ အဆင့်(၄)နေရာကို ရောက်သွားပါတယ်။ နောက်ဆုံး
ကစားထားတဲ့ ခုနစ်ပွဲမှာ တစ်ပွဲသာ မန်ယူရှုံးထားပါတယ်။ ဟားလ်စီးတီးက အဝေး ကွင်းမှာ
တစ်ပွဲသာနိုင်ထားပေမယ့် ဂိုးပြတ်ရှုံးတဲ့ပွဲတစ်ပွဲမှ ရှိမထားတာကို တွေ့ရပါတယ်။ မန်ယူ အနည်း
ဆုံးနှစ်ဂိုးပြတ်နဲ့ အနိုင်ရသွားနိုင်ပါတယ်။
လီဗာပူး - စတုတ်
လီဗာပူးကတော့ တော်တော့်ကို အခြေအနေဆိုးနေပါတယ်။ ပရီမီယာလိဂ်မှာ သုံးပွဲဆက်တိုက်
ရှုံးထားပါတယ်။ စတုတ်က တိုက်စစ်ကောင်းတဲ့အတွက် လီဗာပူးကို ဂိုးသွင်းနိုင်ပါ တယ်။ လီဗာ
ပူးနိုင်မယ်ဆိုရင် ဂိုးမပြတ်နိုင်လို့ စတုတ်ကို ရွေးသင့်ပါတယ်။
၀က်စ်ဟမ်း - နယူးကာဆယ်
ခြေစွမ်းကောင်းနေတဲ့ ၀က်စ်ဟမ်းအသင်း သုံးပွဲဆက်တိုက် နိုင်ပွဲပျောက်သွားပါတယ်။ နယူး
ကာဆယ်ကတော့ ပရီမီယာလိဂ်မှာ ငါးပွဲဆက်တိုက်အနိုင်ရလို့ အဆင့်(၅)နေရာကို ရောက်
နေပါတယ်။ သရေနဲ့အဆုံးသတ်သွားနိုင်ပါတယ်။
ဆွမ်ဆီး - ခရစ္စတယ်ပဲလေ့စ်
ဆွမ်းဆီးက အာဆင်နယ်ကိုအနိုင်ရပြီး မန်စီးတီးကိုရှုံးခဲ့ပါတယ်။ ပဲလေ့စ်အနေနဲ့ ခံစစ်ကို
ဦးစားပေးတဲ့အသင်းမဟုတ်လို့ ဒီပွဲမှာ ဆွမ်ဆီးခက်ခက်ခဲခဲကစားရနိုင်ပါတယ်။ နိုင်မယ်ဆိုရင်
လည်း ဂိုးမပြတ်နိုင်လို့ ပဲလေ့စ်ကိုရွေးရမှာပါ။
ဘန်လေ - ဗီလာ
ဘန်လေ နှစ်ပွဲဆက်တိုက် အနိုင်ရထားလို့ ခြေတက်လာနေပါတယ်။ ဗီလာခက်ခက်ခဲခဲ ကစား
ရမယ့်ပွဲဖြစ်လာနိုင်ပါတယ်။ ဒီပွဲက အသင်းမရွေးဘဲ ဂိုးအနည်းကိုရွေးတာ အသင့်တော် ဆုံး ဖြစ်
ပါတယ်။
ကျူပီအာရ် - လက်စတာ
ကျူပီအာရ်က အိမ်ကွင်းဆိုရင် ကစားအားတင်ကစားလေ့ရှိပါတယ်။ လက်စတာက ခုနစ်ပွဲဆက်
တိုက် နိုင်ပွဲပျောက်သွားတဲ့ အသင်းဖြစ်ပါတယ်။ အခုပွဲမှာ နှစ်သင်းစလုံး ဖွင့်ကစား လာနိုင်ပြီး
နောက်ဆုံးမှာ ကျူပီအာရ် အနိုင်ရသွားပါလိမ့်မယ်။














