၀ုဖ်ဘတ်အိမ်ကွင်းမှာ မွန်ချင်က ဘာလုပ်လိုက်နိုင်မှာမို့လို့လဲ - ဘွန်ဒက်စ်လီဂါပွဲစဉ်(၁၃)

၀ုဖ်ဘတ်အိမ်ကွင်းမှာ မွန်ချင်က ဘာလုပ်လိုက်နိုင်မှာမို့လို့လဲ - ဘွန်ဒက်စ်လီဂါပွဲစဉ်(၁၃)

 

ဖရိုင်းဘတ် - စတုဂတ်
စနေ၊ နံနက် ၂းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
စတုဂတ် ၂-၀ ဖရိုင်းဘတ်

ဧည့်သည့်စတုဂတ်ဟာ နောက်ဆုံးကစား ခဲ့တဲ့ ခြောက်ပွဲစလုံး နိုင်ပွဲမရှိဘဲ နောက်ဆုံး နှစ်ပွဲမှာ
လည်း ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဘာပဲ ပြောပြော ဖရိုင်းဘတ်က ၁၂ ပွဲကစား၊ ၁၂ မှတ် ရလေတော့
သူတို့က တစ်ပွဲတစ်မှတ်နှုန်း သွားနေတယ်။ ဖရိုင်းဘတ် သရေခံကစားမယ် လို့ ထင်နေမိတယ်။

လေဗာကူဆင် - ကိုလုံး
စနေ၊ ည ၉းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
ကိုလုံး ၀-၂ လေဗာကူဆင်

ကိုလုံးက လေဗာကူဆင်ကွင်းမှာ ၁-၄ နဲ့ နိုင်ခဲ့တာကိုတော့ လေးစားဖို့လိုမယ်။ ၀ါဒါ ဘရီမင်
ကိုအနိုင်၊ ဟော့ဖန်ဟိမ်းကို အနိုင် ကစားထားတဲ့ ကိုလုံးနဲ့ လက်တွဲမယ်။

ရှော်လ်ကေး - မိန့်ဇ်
စနေ၊ ည ၉းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
ရှော်လ်ကေး ၀-၀ မိန့်ဇ်
ဒီရာသီမှာ အဆင့်(၇) ရောက်နေတဲ့ ရှော်လ်ကေးဟာ အိမ်ကွင်းရှုံးပွဲ လုံးဝမရှိသေး ဘူး။
အဆင့်(၉)က မိန့်ဇ်ဟာ အဝေးကွင်း ခြောက်ပွဲမှာ လေးပွဲသရေကျထားတယ်။ ဂယ်လ်ဆင်ကာချန်
မှာ ရှော်လ်ကေးနဲ့အတူ လက်ရုံးဆန့်တန်းမယ်။

အော့စ်ဘတ် - ဟမ်းဘတ်
စနေ၊ ည ၉းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
အော့စ်ဘတ် ၃-၁ ဟမ်းဘတ်
အိမ်ရှင်အော့စ်ဘတ်ဟာ အဆင့်(၆)မှာ ရပ်တည်နေပြီး အိမ်ကွင်းမှာ တစ်ပွဲပဲရှုံးထား ပါတယ်။
ဟမ်းဘတ်အနေအထားကတော့ တန်းဆင်းဇုန်နဲ့ နီးကပ်နေပြီး အဝေးကွင်း လေးပွဲ ရှုံးထားတာကို
တွေ့ရပါတယ်။ ဟမ်းဘတ် ပေါက်ကွဲနိုင်တဲ့အတွက် ဒီပွဲစဉ်ကို သရေလို့ပဲ သတ်မှတ်ပါတယ်။

ဟာသာဘာလင် - ဘိုင်ယန်မြူးနစ်
စနေ၊ ည ၉းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
ဟာသာဘာလင် ၁-၃ ဘိုုင်ယန်

ဘိုင်ယန်ကို အခုအချိန်အထိ ဘယ်သူမှ ရပ်တန့်လို့မရနိုင်သေးပါဘူး။ ဟာသာဘာလင် က
အိမ်ကွင်းမှာ ဟန်နိုဗာကိုရှုံး၊ ဟမ်းဘတ်ကို အနိုင်ကစားထားတယ်။ ခြေမှန်နေတဲ့ ဘိုင်ယန်
မြူးနစ်နဲ့ပဲ လက်တွဲရမယ်။

၀ါဒါဘရီမင် - ပက်ဒါဘွန်း
စနေ၊ ည ၉းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
ပက်ဒါဘွန်း ၂-၁ ၀ါဒါဘရီမင်

၀ါဒါဘရီမင်က တန်းဆင်းဇုန်ထဲ ရောက် နေတယ်။ ဒါဟာ အသင်းကြီးတစ်သင်းအနေနဲ့
မဖြစ်သင့်တဲ့အနေအထားပါပဲ။ ပက်ဒါဘွန်း ကိုပြန်ကြည့်တော့ နောက်ဆုံး အဝေးကွင်း နှစ်ပွဲ
ဆက်တိုက် ဂိုးမသွင်းနိုင်ဘဲ ရှုံးတာမို့ အဲဒီည အိမ်ထမင်း၊ အိမ်ဟင်းပဲ စားတာ ကောင်းမယ်
ထင်တယ်။

ဟော့ဖန်ဟိမ်း - ဟန်နိုဗာ
တနင်္ဂနွေ၊ နံနက် ၀၀းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
ဟော့ဖန်ဟိမ်း ၃-၁ ဟန်နိုဗာ

ဟော့ဖန်ဟိမ်းက အိမ်ကွင်းမှာ တစ်ပွဲပဲ ရှုံးထားတယ်။ ဟန်နိုဗာက အဝေးကွင်းခြေစွမ်း အကောင်း
ကြီးတော့ မဟုတ်ပါဘူး။ ဟေ့... အဲဒီည...ဟော့ဖန်ဟိမ်းလို့ အကျယ်ကြီး အော်လိုက်မယ်။

၀ုဖ်ဘတ် - မွန်ချင်ဂလက်ဘတ်
တနင်္ဂနွေ၊ ည ၉းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
၀ုဖ်ဘတ် ၃-၁ ဂလက်ဘတ်

၀ုဖ်ဘတ်ကွင်းမှာ မွန်ချင်လှန်လို့မရနိုင်ခဲ့ ဘူး။ မိန့်ဇ်ကို ၃-၀၊ ဟိုက်ဒင်ဟိန်းကို ၄-၁၊ ရုရှားထိပ်သီး
ကရာနိုဒါကို ၅-၁၊ ဟမ်းဘတ်ကို ၂-၀ နဲ့ နိုင်ထားတဲ့ ၀ုဖ်ဘတ်ကို အဲဒီည လက်ခုပ်တီးမပေးရင်
အရူးဖြစ်သွားလိမ့်မပါ့။

ဖရန့်ဖတ် - ဒေါ့မွန်
တနင်္ဂနွေ၊ ည ၁၁းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
ဒေါ့မွန် ၄-၀ ဖရန့်ဖတ်

ဂါလာတာ စာရေးကို ၄-၁၊ မွန်ချင်ကို ၁-၀၊ ပက်ဒါဘွန်းကို ၂-၂သရေကစားထားတဲ့ ဒေါ့မွန်ကို
ဖရန့်ဖတ်ဘယ်လိုဟန့်တားမှာလဲ။ ချန်ပီယံလိဂ်ကစားဖို့ ရှိနေပေမယ့်လည်း အဲဒီည ညစာကို
အပြင်မှာထွက်စားမယ်။



ဖတ်ရှုမှုအများဆုံး