ဂျူဗင်တပ် - တိုရီနို တနင်္ဂနွေ၊ ည ၁၁း၃၀
ဒေသခံပြိုင်ဘက်နှစ်သင်း ထိပ်တိုက်တွေ့ဆုံမည့်ပွဲ ဖြစ်သောကြောင့် နှစ်သင်းစလုံး အားထည့်
ကစားရမည့် အနေအထားတွင် ရှိသော်လည်း ခြေစွမ်းအားဖြင့် ဂျူဗင်တပ်နှင့် တိုရီနိုတို့အကြား
'ကွာဟ'မှုကြီးမားနေသည်။ ဂျူဗင်တပ်သည် ပြီးခဲ့သော အောက်တို ဘာ ၂၉ ရက်တွင် ဂျီနိုအာကို
၁-၀ ဖြင့် အရေးနိမ့်ပြီးနောက် စီးရီးအေပွဲစဉ်များကို ပြန်လည် အာရုံစိုက်ကာ အားထည့်လာသည်
ကို တွေ့ရ သည်။
ဂျီနိုအာကို အရေးနိမ့်ပြီးနောက် သုံးပွဲဆက်တိုက်တွင် အမ်ပိုလီကို ၂-၀၊ ပါးမားကို ရ-၀၊ လာဇီယိုကို
၃-၀ တို့ဖြင့် အိမ်ကွင်း၊ အဝေးကွင်း မရွေးဘဲ အသီးသီးနိုင်ခဲ့သည်။ထိုသုံးပွဲတွင် ၁၂ ဂိုးသွင်းပြီး
ပေးဂိုးလုံးဝမရှိခဲ့ သောကြောင့် တိုက်စစ်ရော၊ ခံစစ်ပါ စွယ်စုံကောင်းလာသည်ဟု ဆိုရမည်။
အိမ်ကွင်းတွင် ခုနစ်ဂိုးသွင်းယူပြီး အဝေးကွင်းနှစ်ပွဲ၌ ငါးဂိုး သွင်းယူခဲ့သော ဂျူဗင်တပ်တိုက်စစ်နှင့်
'ညှစ်'အားမှာ စီးရီးအေတွင် အကောင်းဆုံး အနေအထားသို့ ရောက်လာသည်။
အလားတူ ၁၂ ဂိုးသွင်းယူနိုင်ခဲ့ရာတွင် တစ်ဂိုးမျှ ပြန် မပေးရ ခြင်းကြောင့် ခံစစ်ဘက်တွင် အာရုံ
စူးစိုက်မှု လျော့မသွားဘဲ အားထည့်ကစားသော အနေ အထားတွင် ရှိနေသည်။ ဂျူဗင်တပ်နည်းပြ
အယ်လီဂရီသည် သုံးယောက် ခံစစ်ပုံစံကို အသုံးပြုခဲ့ရာတွင် ကွင်းလယ်၌ ကစားသမား အပြောင်း
အလဲများ ရှိခဲ့သော်လည်း ကစားကွက် တည်ငြိမ်မှုရှိ သည်။
ကွင်းလယ်တွင် လူငယ်များဖြစ်ကြသော ပြင်သစ်ကစားသမား ပေါ့ဂ်ဘာ၊ အာဂျင် တီးနားကစား
သမား ပီရီရာတို့ကို ထည့်သွင်း သုံးစွဲရာ 'ပါ၀ါ'ပိုင်းတွင် ကောင်းမွန်လာသည်။
အထူးသဖြင့် ဘယ်တောင်ပံ ခံစစ်သမား အီဗရာ မပါ၀င်နိုင်ခြင်းကြောင့် ကွင်းလယ် ကစားသမား
များသည် ယခင်ထက်ပို၍ ခံစစ်ကြောင်းကို အာရုံစိုက် လာကြသည်။
ဂျူဗင်တပ်ကွင်းလယ်သည် နောက်ခံလူ များနှင့် နားလည်မှု၊ ချိတ်ဆက်မှုများကောင်းမွန် သည်။
ကွင်းလယ် ခံစစ်ကစားရာတွင် ထောင့်စေ့ပြီး ခံစစ်ကြောင်းကို အကာအကွယ်ပေးရာ တွင် ထိ
ရောက်မှုရှိသည်။
အထူးသဖြင့် နောက်ပိုင်းပွဲစဉ််များ၌ ကွင်းလယ်ခံစစ်သမား များနှင့် နောက်ခံလူများ နားလည်မှု
ယူပြီး အတက်အဆင်းကစားရာတွင် ဂျူဗင်တပ် သည် နည်းစနစ်ပိုင်းရော၊ တစ်ဦးချင်းပိုင်းပါ ပြိုင်
ဘက်အတော်များများထက် သာလွန်နေ သည်။ တစ်ဖက်တွင် ဂျူဗင်တပ်တိုက်စစ်မှူး များ၏ ဂိုး
သွင်းအား ပြန်လည်တိုးတက်လာ သည်ကို တွေ့ရသည်။ တစ်ဖက်တွင် တိုရီနိုသည် ခြေစွမ်း
အားဖြင့် ဆက်တိုက်ကျဆင်းနေသည်။
တိုရီနိုသည် ယခုရာသီတွင် ယူရိုပါလိဂ်နှင့် စီးရီးအေပြိုင်ပွဲ နှစ်ခု တစ်ပြိုင်နက်တည်း 'ဖွင့်'ကစား
ရာ၌ ဥရောပအတွေ့အကြံု၊ အရန်အင်အား အစရှိ သော အပိုင်းများတွင် အကန့်အသတ်များ ရှိ
နေသောကြောင့် ပြိုင်ပွဲတစ်ခုဘက်ကို အာရုံ စိုက်ကာ 'တင်'လိုက်လျှင် အခြားတစ်ဖက်က လျော့
ကျသွားသည်။
လတ်တလောတွင် တိုရီနိုသည် ဒဏ်ရာနှင့် ပွဲပမ်းသောကြောင့် ဒဏ်ချက်များကို ခံစားနေ ရပြီး
အသင်းလိုက် စွမ်းဆောင်ရည်ပိုင်း ထိခိုက်ကျဆင်းလာသည်။ ယူရိုပါလိဂ်ရော စီးရီးအေပါ သုံးပွဲ
ဆက်တိုက် ရှုံးနိမ့်ခဲ့ရာတွင် ခြောက်ဂိုးသွင်းခံရပြီး တစ်ဂိုးသာ ပြန်လည် သွင်းယူနိုင်ခဲ့သည်။
ထိုသုံးပွဲအနက် နှစ်ပွဲ တိတိ ဂိုးမသွင်းနိုင်သောကြောင့် တိုက်စစ်အားနှင့် စွမ်းဆောင်ရည်ပိုင်းများ
တွင် အကျ ဘက်သို့ ရောက်နေကြောင်း ပေါ်လွင်သည်။ ဆိုရပါလျှင် ဒေသခံပြိုင်ဘက်နှစ်သင်း
တွေ့ဆုံသော ပွဲစဉ်ဖြစ်သော်လည်း လတ် တလော ခြေစွမ်းနှင့် အလားအလာများအရ ဂျူဗင်တပ်
သည် 'ကြွေ'တက်နေပြီး တိုရီနိုသည် 'ရစ်သမ်'ပျက်နေသည်။
သို့ကလိုကြောင့် ယခု ပွဲအဖြေသည်ဂျူဗင်တပ်လက်ထဲတွင် ရှိနေ သည်။ သို့ရာတွင် ဂျူဗင်တပ်
သည် ခပ်ပါးပါး အနိုင်လောက်သာ ကစားမည်ဟု ယူဆမိပြီး ဂိုးနည်းသောပွဲ ဖြစ်လာနိုင်သည်။














