ဂျပန်ဖလား ကရာတေးဒိုပြိုင်ပွဲ ပ ဉ္စမအကြိမ်မြောက် ကျင်းပ

ဂျပန်ဖလား ကရာတေးဒိုပြိုင်ပွဲ ပ ဉ္စမအကြိမ်မြောက် ကျင်းပ

မြန်မာနိုင်ငံ ကရာတေးဒိုအဖွဲ့ချုပ်နှင့် ဂျပန် သံရုံးတို့ ပူးပေါင်းကျင်းပသည့် ပ ဉ္စမအကြိမ် မြောက်
ဂျပန်ဖလား ကရာတေးဒိုပြိုင်ပွဲကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၀၊ ၂၁ ရက်နေ့များက အောင်ဆန်းကွင်း
မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံကရာတေးဒို
အဖွဲ့ချုပ်မှ ဂျပန်ဪမြန်မာ ချစ်ကြည်ရေးကို ရည်ရွယ်၍ ၂၀၀၈ ခုနှစ်မှစတင်၍ ကျင်းပ ပြုလုပ်
ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် (၅)ကြိမ် မြောက် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

ပြိုင်ပွဲတွင် စီနီယာတန်း၊ ဂျူနီယာတန်း ပြိုင်ပွဲများပါ၀င်ခဲ့ပြီး စုစုပေါင်းပြိုင်ပွဲဝင် ၂၁၂ ဦး ပါ၀င်ယှဉ်ပြိုင်
ခဲ့ကြသည်။ (ခတ) နှင့် (ကုမိတဲ့) အမျိုးအစားအောက်ရှိ ပြိုင်ပွဲ အမျိုးအစား ၁၇ မျိုးကို ထည့်သွင်း
ကျင်းပ ခဲ့ပြီး စီနီယာတန်းပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၇ ခု၊ ငွေတံဆိပ် ၁၇ ခုနှင့် ကြေးတံဆိပ် ၃၄ ခု
တို့ကို ပေးအပ်ချီးမြှင့်ခဲ့သည်။ ဂျူနီယာ တန်းပြိုင်ပွဲအတွက် ရွှေတံဆိပ် ရှစ်ခု၊ ငွေ တံဆိပ် ရှစ်ခု၊
ကြေးတံဆိပ် ၁၆ ခု ပေးအပ် ချီးမြှင့်ခဲ့သည်။

"ဒီပြိုင်ပွဲကို နှစ်စဉ်ကျင်းပလာတာ (၅) ကြိမ်မြောက်ရှိပါပြီ။ ဒီပြိုင်ပွဲက ဂျပန်-မြန်မာ ချစ်ကြည်ရေး
ကို ရည်ရွယ်သလို ဒီပြိုင်ပွဲ ကနေ မျိုးဆက်သစ် ကစားသမားတွေ ပေါ်ထွက်လာစေဖို့လည်း ရည်
ရွယ်ပါ တယ်။ ပြိုင်ပွဲမှာ စီနီယာတန်းနဲ့ ဂျူနီယာတန်း ကို ထည့်သွင်းကျင်းပထားပါတယ်။ စီနီယာ
တွေဆီက ပြိုင်ပွဲအတွေ့အကြံုကောင်းတွေ ရရှိအောင် ဂျူနီယာပြိုင်ပွဲကို ထည့်သွင်း ကျင်းပတာပါ။
ဒီပြိုင်ပွဲကို နှစ်စဉ်ကျင်းပ နိုင်ဖို့ ကြိုးစားသွားမှာပါ"ဟု မြန်မာနိုင်ငံ ကရာတေးဒိုအဖွဲ့ချုပ်မှ တွဲဖက်
အတွင်း ရေးမှူး ဦးထိန်ဝင်းမြင့်က မြန်မာတိုင်း(မ်)ကို ပြောသည်။



ဖတ်ရှုမှုအများဆုံး