ဂေါက်ရိုက်တံအသစ် မိတ်ဆက်ပွဲကျင်းပ

ဂေါက်ရိုက်တံအသစ် မိတ်ဆက်ပွဲကျင်းပ

အမေရိကန်နိုင်ငံထုတ် Titleist အမှတ်တံဆိပ် ဂေါက်ရိုက်တံအသစ် 915 Series များ မိတ်ဆက်
ပွဲအခမ်းအနားကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ ရက်နေ့က မြန်မာဂေါက်သီးရိုက် လေ့ကျင့်ရေးကွင်းတွင်
ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် Titleist အမှတ်တံဆိပ်များကို မြန်မာနိုင်ငံတွင် တစ်ဦးတည်း ကိုယ်စား
လှယ်အဖြစ် တင်သွင်းဖြန့်ချိခွင့်ရရှိထားသော HAN Golf Master မှ အမှုဆောင် ဒါရိုက်တာ
ဒေါ်မြတ်မြတ်မိုး၊ ဂေါက်သီးအားကစားပစ္စည်းပညာရှင် ဦးဝင်းဇော်နှင့် မြန်မာနိုင်ငံ ဂေါက်သီး
အားကစားအဖွဲ့ချုပ် အမှုဆောင် ဦးကိုကိုလေးတို့က 915 Series ဂေါက်ရိုက်တံများနှင့် ပတ်
သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ယခုထုတ်လုပ်လိုက်သည့် 915 Series များ သည် ဂေါက်ရိုက်တံနှင့် ဂေါက်သီးထိတွေ့ သည့်
အသံမှစ၍ ကောင်းမွန်မှုရှိပြီး ဘောလုံး 'စ' ထွက်နှုန်းမြန်စေသည့်အပြင် အကွာအဝေး ကိုလည်း ပိုမိုရောက်စေသည်။ ဘောလုံးလည်နှုန်းမများအောင် ပြုလုပ်ထားသည့်အတွက် ယခင်ရခဲ့သည့်
အကွာအဝေးထက် သုံးကိုက် မှ ၁၅ ကိုက်ထိ ပိုမိုရရှိစေသည်။

915 Series များကို ပြီးခဲ့သည့် ဇွန်လမှစ၍ ပီဂျီအေ ပွဲစဉ်များတွင် ကစားသမား ၂၅ ဦးကို စမ်းသပ်
ရိုက်စေခဲ့ပြီး ယခု နိုဝင်ဘာလတွင် တစ်ကမ္ဘာလုံးသို့ စတင်ဖြန့်ချိခဲ့ခြင်း ဖြစ် သည်။ ယင်းဂေါက်ရိုက်
တံများ၏ ကောင်းမွန် မှုများကို ကမ္ဘာကျော်ဂေါက်သီးအားကစားသမားများဖြစ်သည့် အဒမ်စကော့
(တ်)၊ ဂျင်မီ ဝေါလ်ကာ၊ ဘေလ်ဟက်စ်၊ ဇက်ဂျွန်ဆင် စသူတို့က ထောက်ခံမှု ပေးခဲ့သည်။

မြန်မာနိုင်ငံတွင် 915 Series ဂေါက်ရိုက် တံများကို နိုဝင်ဘာလကုန်မှစ၍ HAN Golf Master
ဂေါက်သီးရိုက်အားကစား အရောင်းဆိုင်များတွင် လက်လီ၊ လက္ကား စတင်ဝယ်ယူရရှိနိုင်ပြီဖြစ်ပြီး
လာမည့် ဒီဇင်ဘာ ၆ ရက်နေ့တွင်လည်း မြန်မာဂေါက်သီးရိုက်လေ့ကျင့်ရေးကွင်းတွင် နံနက် ၉
နာရီမှစ၍ လာရောက်စမ်းသပ်ရိုက်ကာ ၀ယ်ယူနိုင်မည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး