အဲကမ္ဘောဇရွှေအောင်လံ နိုင်ငံတကာ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပမည်

အဲကမ္ဘောဇရွှေအောင်လံ နိုင်ငံတကာ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပမည်

မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်၊ မြန်မာ မီဒီယာဂရု(ပ်)နှင့် Air KBZ တို့ ပူးပေါင်း စီစဉ်ကျင်းပ
မည့် Air KBZ ရွှေအောင်လံ နိုင်ငံတကာ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီးကို ၀င်ကြေးအခမဲ့ဖြင့်
လာမည့် ဒီဇင်ဘာ လ ရ ရက်နေ့တွင် ကရဝိက်ဥယျာဉ်၊ မျှော်စင်ကျွန်းတွင် ကျင်းပပြုလုပ်သွားမည်
ဖြစ်သည်။

ပြည်တွင်းပွဲစဉ်များအဖြစ် လွမ်ချိုင်း(မြဝတီ)နှင့် နိုင်ရဲလင်း(ဒို့ရိုးရာ)၊ ရှမ်းလေး(၀ါဆို) နှင့် စောမင်း
အောင် (ဒို့ရိုးရာ)၊ ရဲမာန်ဟိန်း (မုဒုံသား) နှင့် သားနဂါး(၀ါဆို)၊ သန်းဇော်ဌေး (ွှရွှ) နှင့် ကျော်ဇင်
လတ်(ရွှေသောင်ရင်း)တို့၏ လေးချီ စိန်ခေါ်ပွဲများအပြင် ရဲသွေးနီ(တောင်ကလေး)နှင့် ဒေါင်းဖြူလေး
(မြဝတီ)တို့၏ ငါးချီစိန်ခေါ်ပွဲများ ပါ၀င်သည်။ နိုင်ငံတကာ ငါးချီစိန်ခေါ်ပွဲများတွင် အဓိကတွဲဆိုင်း
အဖြစ် မြန်မာပြည် အလွတ် တန်း ချန်ပီယံထွန်းထွန်းမင်းနှင့် အမေရိကန် လက်ဝှေ့သမား
ဆိုင်းရပ်စ်တို့ ရင်ဆိုင် ထိုးသတ်သွားမည်ဖြစ်ပြီး ကျားပေါက်(မြန်မာ) နှင့်ရယ်ဒယ်(ထိုင်း)၊
ထက်အောင်ဦး(မြန်မာ) နှင့် ဆောင်းထရမ်(ထိုင်း)တို့ကလည်း အသီးသီး ရင်ဆိုင်ထိုးသတ်သွား
မည်ဖြစ်သည်။

"ဒီပွဲကို ၀င်ကြေးအခမဲ့နဲ့ပြုလုပ်သွားမှာဖြစ်သလို Sky Net ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပြသ
သွားမှာပါ။ ထွန်းထွန်း မင်းနဲ့ ဆိုင်းရပ်စ်တို့ရဲ့ပွဲစဉ်ကို ငါးချီအတွင်း အဖြေမပေါ်ရင် အမှတ်ပေးစနစ်နဲ့
ဆုံးဖြတ် သွားမှာပါ။ မြန်မာ့ရိုးရာလက်ဝှေ့မှာ ငါးချီ အတွင်း အရှုံးအနိုင်မပေါ်ရင် သရေအဖြစ်
ဆုံးဖြတ်ပါတယ်။ ဒီပွဲမှာတော့ အောင်လံဆု ပေးမှာဆိုတော့ အရှုံးအနိုင် ပေါ်စေချင်ပါတယ်။
ဒါကြောင့် အမှတ်ပေးစနစ်နဲ့ ဆုံးဖြတ်သွားမှာ ပါ။ လာထိုးကြမယ့် နိုင်ငံခြားသားကစား သမား
သုံးဦးစလုံးက နယ်စပ်မှာ မြန်မာ့လက်ဝှေ့ ကျော်တွေနဲ့အကြိမ်ကြိမ် ထိုးသတ်ထားကြတဲ့ သူတွေ
ဖြစ်ပါတယ်။ သူတို့တွေကမြန်မာ့ရိုးရာ လက်ဝှေ့အကြောင်းကို သိပြီးသားတွေပါ။ ဒါကြောင့် ပွဲ
ကောင်းတွေဖြစ်လာမှာပါ" ဟု ဆရာမာဂျေက ပြောသည်။



ဖတ်ရှုမှုအများဆုံး