ရန်ကုန်ယူနိုက်တက် ဘောလုံးသင်တန်းကျောင်း ဒီဇင်ဘာလ ၈ တွင် ဖွင့်မည်

ရန်ကုန်ယူနိုက်တက် ဘောလုံးသင်တန်းကျောင်း ဒီဇင်ဘာလ ၈ တွင် ဖွင့်မည်

မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက် တက်အသင်းက ကြီးမှူးကျင်းပမည့် လူငယ်ဘောလုံး
သင်တန်းကျောင်းကို လာမည့် ဒီဇင်ဘာလ ၈ ရက်နေ့မှ စတင်၍ ရန်ကုန် ယူနိုက်တက် မြက်ခင်း
တုကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါသင်တန်းတွင် အသက် ၁၂ နှစ်မှ ၁၆ နှစ် အတွင်းလူငယ် ၁၀၀ ဦးကို နံနက် ရ နာရီမှ
၈ နာရီခွဲအထိ တစ်ပတ်လျှင် သုံးရက် နှုန်းဖြင့် အခြေခံဘောလုံး ပညာများကို အာရှဘောလုံးအဖွဲ့
ချုပ် လိုင်စင်ရနည်းပြ ခြောက်ဦးက သင်ကြားပေးသွားမည် ဖြစ် သည်။

သင်တန်းတက်ရောက်သူများကိုဘောလုံးကန်ဝတ်စုံများ ပြန်လည်ပေးအပ်သွားမည်ဖြစ်သလို
ရန်ကုန်ယူနိုက်တက်အသင်း၏ အိမ်ကွင်းပွဲစဉ်များကို အခမဲ့ ကြည့်ရှုခွင့် ရရှိမည်ဖြစ်သည်။
ဘောလုံးသင်တန်းကို အဆင့်(၃)ဆင့် သတ်မှတ်ထားပြီး အဆင့်(၁)ကို သင်တန်း ကြေး
သုံးသောင်း၊ အဆင့်(၂)ကို ငါးသောင်း၊ အဆင့်(၃)ကို တစ်သိန်းသတ်မှတ်ထား ကြောင်း
သိရသည်။

အဆင့်တစ်ခုအောင်မြင် မှ နောက်တစ်ဆင့်သို့ တက်ရောက်ခွင့်ရရှိ မည်ဖြစ်ပြီး သင်တန်းဆင်း
လက်မှတ်များ ပေးအပ်သွားမည် ဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ် ကလပ်များ အနက် ရတနာ
ပုံအသင်းပြီးလျှင် ရန်ကုန် ယူနိုက်တက်အသင်းသည် လူငယ်ဘောလုံး သင်တန်းကျောင်းဖွင့်
သော ဒုတိယမြောက် အသင်းဖြစ်လာသည်။

ရတနာပုံအသင်း သည် စူပါစတား လူငယ် ဘောလုံးသင်တန်း ကျောင်းကို စတင်ဖွင့်လှစ်ခဲ့သော
အသင်း ဖြစ်သည်။ ရန်ကုန်ယူနိုက်တက် အသင်းသည် လာမည့် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်
နေ့ မှစတင်၍ လူငယ်ဘောလုံးပွဲတော်ကိုလည်း ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါဘောလုံး
ပွဲတော်တွင် အသက် ရှစ်နှစ်မှ ၁၂ နှစ်အတွင်း ရှိ လှိုင်မြို့နယ်အတွင်း နေထိုင်ကြသော လူငယ်
ကစားသမား အယောက် ၁,၀၀၀ နှင့် နှစ်လခွဲကြာ ကျင်းပသွားမည်ဖြစ်ကြောင်း လည်း သိရှိရ
သည်။



ဖတ်ရှုမှုအများဆုံး