အင်ဒိုနီးရှားဖိတ်ခေါ် မာရာဟာလင်ဖလား ပြိုင်ပွဲ မြန်မာယူ-၂၀ အသင်း ယှဉ်ပြိုင်မည်

အင်ဒိုနီးရှားဖိတ်ခေါ် မာရာဟာလင်ဖလား ပြိုင်ပွဲ မြန်မာယူ-၂၀ အသင်း ယှဉ်ပြိုင်မည်

လာမည့် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလတွင် အင်ဒိုနီးရှားနိုင်ငံ၊ မီဒန်မြို့၌ ကျင်းပပြုလုပ်မည့်
မာရာဟာလင် ဖလားဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ တွင် မြန်မာ ယူ-၂၀ အသင်း ၀င်ရောက်
ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

အဆိုပါ မာရာဟာလင်ဖလားပြိုင်ပွဲတွင် အင်ဒိုနီးရှား စူပါလိဂ်ထိပ်တန်းကလပ်အသင်းများ
နှင့်၊ ဩစတြေးလျလိဂ်မှ Perth Glory FC အသင်းနှင့် မြန်မာ ယူ-၂၀ အသင်းတို့ ၀င်
ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး လက်ရှိတွင် အင်ဒိုနီးရှား စူပါလိဂ်မှ မည်သည့်အသင်းများ
၀င်ရောက်ယှဉ်ပြိုင်မည်ကို မထုတ်ပြန်သေးကြောင်း သိရသည်။

ပြိုင်ပွဲတွင် စုစုပေါင်း အသင်းရှစ်သင်း ပါ၀င်မည်ဖြစ်ပြီး လေးသင်းတစ်အုပ်စုဖြင့် အုပ်စုနှစ်
စုခွဲကာ ကျင်းပမည် ဖြစ်သည်။ အုပ်စု အဆင့်ပြိုင်ပွဲကို လာမည့် ဇန်နဝါရီလ ၄ ရက်နေ့တွင်
စတင်ကျင်းပမည်ဖြစ်ပြီး ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဇန်နဝါရီလ ၁၀ ရက်နေ့တွင်လည်း
ကောင်း၊ ဗိုလ်လုပွဲနှင့် တတိယ လုပွဲကို ဇန်နဝါရီလ ၁၂ ရက်နေ့ ကျင်းပမည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်းသည် လာမည့် ၂၀၁၅ ခုနှစ် ယူ-၂၀ ကမ္ဘာ့ဖလား
ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင် လျက်ရှိသော အသင်းတစ်သင်းဖြစ်သည်။
ယူ-၂၀ ကမ္ဘာ့ဖလားမတိုင်မီ အကြိုပြင်ဆင်မှု အနေဖြင့် အဆိုပါ မာရာဟာလင်ဖလားပြိုင်ပွဲ
ကို ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ အင်ဒိုနီးရှားမာရာဟာလင်ဖလား ဖိတ်ခေါ် ဘောလုံး
ပြိုင်ပွဲကို ၁၉၉၅ ခုနှစ်က နောက်ဆုံး ကျင်းပခဲ့ခြင်းဖြစ်သည်။



ဖတ်ရှုမှုအများဆုံး