မုတ္တမ မီနီမာရသွန်ပြိုင်ပွဲ ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည်

မုတ္တမ မီနီမာရသွန်ပြိုင်ပွဲ ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည်

မုတ္တမဟိုးလ်ဒင်းလီမိတက်နှင့် ရန်ကုန်တိုင်း ဒေသကြီး အားကစားဝန်ကြီးဌာနတို့ ပူးပေါင်း
ကျင်းပမည့် ပထမအကြိမ် မုတ္တမမီနီမာရသွန် ပြိုင်ပွဲကို လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့၊
နံနက် ၆ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံ လေလုံအားကစားကွင်းတွင် ကျင်းပပြုလုပ်သွား
မည်ဖြစ်သည်။

ပြိုင်ပွဲတွင်အမျိုးသား မီနီမာရသွန် (၁၀ ကီလိုမီတာ)၊အမျိုးသမီးမီနီမာရသွန် (၁၀ ကီလိုမီတာ)
ပြိုင်ပွဲများ ပါ၀င်မည်ဖြစ်ပြီး အပျော်တမ်းပြိုင်ပွဲ သုံးကီလိုမီတာ မာရသွန် ပြိုင်ပွဲလည်းပါ၀င်
မည်ဖြစ်သည်။ ပြိုင်ပွဲဝင်ကြေးအဖြစ် တစ်ဦးလျှင် ကျပ် ၅,၀၀၀ သတ်မှတ်ထားပြီး ရရှိလာ
သော ပြိုင်ပွဲဝင်ကြေးအားလုံးကို ရန်ကုန်တိုင်း ဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်
ရေး အသင်းသို့ လှူဒါန်းသွားမည်ဖြစ်သည်။ ပြိုင်ပွဲကို အောင်မြင်မှုအရှိန် လျော့နည်း လာသော မြန်မာ့ပြေးခုန်ပစ်အားကစားနည်း အောင်မြင်မှုများ ပြန်လည်ရရှိစေရန် အဓိက
ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း မုတ္တမမီနီ မာရသွန်ပြိုင်ပွဲကျင်းပရေး ကော်မတီ အတွင်း
ရေးမှူးဦးသန်းဝင်းက ပြောသည်။

"မြန်မာ့ ပြေးခုန်ပစ်အားကစားနည်းဟာ အရင်ကဆိုရင် နိုင်ငံတကာပြိုင်ပွဲတွေမှာ ရွှေတံ
ဆိပ်တွေ အများကြီး ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အခုတော့ ရွှေတံဆိပ်ရတယ်ဆိုတာနည်းပါး
လာပါတယ်။ ဒီပြိုင်ပွဲကနေ မြန်မာ့ပြေးခုန်ပစ် အားကစားနည်းအတွက် ရွှေ တံဆိပ်တွေ
ဆွတ်ခူးနိုင်မယ့် မျိုးဆက်သစ်ကစားသမားတွေ အမြောက်အမြား ပေါ်ထွက် လာစေဖို့
ရည်ရွယ်ပါတယ်။ ဒီပြိုင်ပွဲကိုနှစ်စဉ် ကျင်းပနိုင်အောင် ကြိုးစားသွားမှာပါ။ ဒီပြိုင်ပွဲကနေ အတွေ့အကြံုတွေရယူပြီး နောက်နှစ်တွေမှာ နိုင်ငံတကာမာရသွန် ပြိုင်ပွဲကြီး ကျင်းပနိုင်
အောင် ကြိုးစားသွား မှာပါ"ဟု ပြောသည်။

၁၀ ကီလိုမီတာ မီနီမာရသွန်ပြိုင်ပွဲတွင် ပထမဆု ကျပ် ၁၀ သိန်း၊ ဒုတိယဆု ကျပ်ခုနစ်သိန်း၊
တတိယဆု ကျပ် ငါးသိန်း၊ စတုတ္ထဆု ကျပ် သုံးသိန်း၊ ပဥ္စမဆု ကျပ် နှစ်သိန်း ပေးအပ်ချီးမြှင့်
သွားမည်ဖြစ်ပြီး ပန်းဝင်လာသည့် အဆင့်(၆)မှ (၁၀)အထိ ကို ငွေကျပ် တစ်သိန်းစီနှင့်
အဆင့်(၁၁) မှ (၂၀) အထိကို ငွေကျပ် ငါးသောင်းစီ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။

၁၀ ကီလိုမီတာ မီနီမာရသွန် အပြေး လမ်းကြောင်းမှာ သုဝဏ္ဏအားကစားရုံ(၁)မှ
တာလွှတ်၍ ဝေဇယန္တာလမ်းမကြီးအတိုင်း ဂန္ဓမာလမ်းမှ ပြန်ကွေ့၍ သုဝဏ္ဏအားကစား
ရုံသို့ ပြန်လည်ပန်းဝင်ရမည်ဖြစ်သည်။ ပြိုင်ပွဲ ကို အပြည်ပြည်ဆိုင်ရာ မီနီမာရသွန်ပြိုင်ပွဲ
စည်းမျဉ်းစည်းကမ်းများအတိုင်း အပြည်ပြည် ဆိုင်ရာ ဒိုင်လူကြီးများက တာဝန်ယူ ဆောင်
ရွက်သွားမည်ဖြစ်သည်။ "ဆုအမျိုးအစား စုစုပေါင်း ၄၀ မျိုး ချီးမြှင့်သွားမှာပါ။ ပြိုင်ပွဲဝင်တွေ
ကို အမှတ် တရ လက်ဆောင်တွေလည်း ပေးအပ်သွား မှာပါ။ ဒီပြိုင်ပွဲကရတဲ့ ပြိုင်ပွဲဝင်ကြေး
အားလုံးကို မိခင်နှင့်ကလေး စောင့်ရှောက် ရေးကို လှူဒါန်းသွားမှာဖြစ်တာကြောင့် ပါ၀င်
ယှဉ်ပြိုင်သူတိုင်း အလှူဒါနပေး လှူသလိုဖြစ်လာစေမှာပါ"ဟု ဦးသန်းဝင်းက ပြောသည်။

"မာရသွန်ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင် သူအားလုံးသည် ရန်ကုန်တိုင်းအတွင်း နေထိုင်
သူဖြစ်ရပါမယ်။ နောက်ပြီး နိုင်ငံ ကိုယ်စားပြု ပြေးခုန်ပစ်လက်ရွေးစင်ဟောင်း များနဲ့
လက်ရှိလက်ရွေးစင်အဖြစ် ရှိနေသူများကို ၀င်ရောက်ယှဉ်ပြိုင်ခွင့်ပြုမှာ မဟုတ်ပါဘူး"ဟု
ပြိုင်ပွဲစည်းမျဉ်းနှင့်ပတ်သက်၍ ဦးသန်းဝင်းကပြောသည်။

"ကျွန်တော်တို့ မုတ္တမဟိုးလ်ဒင်းလီမိတက် အနေနဲ့ မာရသွန်ပြိုင်ပွဲကို ပထမဆုံးအကြိမ်
ကျင်းပတာပါ။ မာရသွန်အားကစားနည်းက အခြေခံလူတန်းစားအားလုံး ၀င်ရောက်
ယှဉ်ပြိုင်နိုင်လို့ပါ။ ဒီနှစ်မှာ အချိန် အခက် အခဲရှိတာကြောင့် မာရသွန်ပြိုင်ပွဲကြီးကို
မကျင်းပနိုင်ခဲ့ပါဘူး။ နောက်နှစ်တွေမှာ တော့ နိုင်ငံတကာ မာရသွန်ပြိုင်ပွဲကြီးကို ကျင်းပနိုင်
အောင်ကြိုးစားသွားမှာပါ"ဟု မုတ္တမဟိုးလ်ဒင်းလီမိတက် ဒါရိုက်တာအဖွဲ့ ၀င် ဦးကျော်
ကျော်စိုးက ပြောသည်။



ဖတ်ရှုမှုအများဆုံး