မြန်မာပြည်တွင်း ပတ်လည် ဂေါက်သီး ရိုက်ပြိုင်ပွဲ ပွဲစဉ်များပြီးဆုံး

မြန်မာပြည်တွင်း ပတ်လည် ဂေါက်သီး ရိုက်ပြိုင်ပွဲ ပွဲစဉ်များပြီးဆုံး

မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲများ၏ နောက်ဆုံးပွဲစဉ်ကို ပြီးခဲ့သည့် နိုဝင်
ဘာလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ နေပြည်တော် ဇေယျာသီရိဂေါက်ကွင်း၌ ကျင်းပခဲ့
သည်။

ပြိုင်ပွဲတွင် ပရော်ဖက်ရှင်နယ်အဆင့်နှင့် အပျော်တမ်းအဆင့်ဟူ၍ ပွဲစဉ်များ ကျင်းပခဲ့သည်။
ပရော်ဖက်ရှင်နယ်အဆင့် တွင် မျိုးဝင်းအောင်က လေးရက်ပေါင်းရိုက် ချက် ၂၈၅ ချက်ဖြင့်
ပထမ၊ အပျော်တမ်း အဆင့် အမျိုးသားပြိုင်ပွဲတွင် သိန်းနိုင်စိုးက လေးရက်ပေါင်းရိုက်ချက်
၂၈၉ ချက်ဖြင့် ပထမ၊ အပျော်တမ်းအဆင့် အမျိုးသမီး ပြိုင်ပွဲတွင် ယဉ်မေမျိုးက သုံးရက်
ပေါင်း ရိုက်ချက် ၂၂၅ ချက်ဖြင့် ပထမရရှိခဲ့သည်။

၂၀၁၄ ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲများကို ယခုနှစ် မတ်လမှ နိုဝင်
ဘာလအထိ ပွဲစဉ်ပေါင်း ခြောက်ပွဲကျင်းပခဲ့ပြီး ရွိုင်ရယ် မြန်မာ ဂေါက်ကလပ်(နေပြည်
တော်)၊ ရန်ကုန် ဂေါက်ကလပ်(ရန်ကုန်)၊ ရွှေမန်းတောင် ဂေါက်ကလပ်(မန္တလေး)၊ ပြင်ဦး
လွင် ဂေါက်ကလပ်(ပြင်ဦးလွင်)၊ ပုဂံဂေါက်ကလပ်(ပုဂံ)နှင့် ဇေယျာသီရိ ဂေါက်ကလပ်
(နေပြည်တော်)တို့တွင် ယှဉ်ပြိုင်စေခဲ့သည်။ ပရော်ဖက်ရှင်နယ်အဆင့် ပွဲစဉ်အားလုံး ပေါင်း
တွင် ဇော်ဇော်လတ်က အနိုင်ရရှိခဲ့ပြီး ဆုကြေးငွေ စုစုပေါင်း ၉၃ သိန်း ဆွတ်ခူးခဲ့ သည်။

အပျော်တမ်းအဆင့် အမျိုးသား ပြိုင်ပွဲတွင် အကောင်းဆုံး ကစားသမားအဖြစ် မောင်မောင်ဦး
ကို ရွေးချယ်ခဲ့ပြီး အမျိုးသမီးအဆင့်တွင် ယဉ်မေမျိုးကို ရွေးချယ်ခဲ့သည်။



ဖတ်ရှုမှုအများဆုံး