ထွန်းထွန်းမင်းနှင့် ဆိုင်းရပ်စ်တို့၏မကျေပွဲကို မတ်လ ၂၉ ရက်နေ့တွင် ကျင်းပနိုင်ရန်စီစဉ်နေ

ထွန်းထွန်းမင်းနှင့် ဆိုင်းရပ်စ်တို့၏မကျေပွဲကို မတ်လ ၂၉ ရက်နေ့တွင် ကျင်းပနိုင်ရန်စီစဉ်နေ

မြန်မာပြည် အလွတ်တန်းချန်ပီယံ ထွန်း ထွန်းမင်း(မုဒုံသား)နှင့် အမေရိကန်လက်ဝှေ့သမား
ဆိုင်းရပ်စ် ၀ါရှင်တန်တို့၏ မကျေပွဲကို လာမည့် ၂၀၁၅ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့တွင် ရန်
ကုန်မြို့၌ ကျင်းပနိုင်ရန် စီစဉ်လျက်ရှိကြောင်း ၀ါရင့်လက်ဝှေ့ပွဲ စီစဉ်သူ ဇော်ပစ်တိုင်းထောင်
က ဦးစိုင်း ဇော်ဇော်က မြန်မာတိုင်း(မ်)ကို ပြော သည်။

ဦးစိုင်းဇော်ဇော်က "ထွန်းထွန်းမင်းရဲ့ဆန္ဒအရပါ။ သူက မထင်မှတ်ဘဲ ရှုံးပွဲကြံုခဲ့ ရတဲ့
အတွက် ပြန်စိန်ခေါ်ပြီး ထိုးသတ်ချင် တယ်လို့ ပြောပါတယ်။ ဆိုင်းရပ်စ်နဲ့ သူ့ နည်းပြက
လည်း လက်ခံတာကြောင့် ဒီ မကျေပွဲကို ကျင်းပနိုင်ဖို့ စီစဉ်တာပါ။ ကျွန်တော်တို့ ဇော်ပစ်
တိုင်းထောင်အနေနဲ့ မဟုတ်ရင်တောင် အခြားစီစဉ်သူတွေနဲ့ ပူးပေါင်းစီစဉ်ဖြစ်မှာပါ"ဟု
ပြောသည်။

"အမှန်ကတော့ ဒီနှစ်အတွင်း ပြန်စီစဉ် မလို့ပါပဲ။ ထွန်းထွန်းမင်းက ဒီကြားထဲမှာ ပွဲတွေ
တောက်လျှောက်ရှိနေတာကြောင့် ပါ။ မွန်ပြည်နယ်က ဘုရားပွဲတွေအတွက် လည်း စာချုပ်
ချုပ်ထားပြီး ဖြစ်နေသလို ဆိုင်းရပ်စ်ကလည်း ထိုင်းနိုင်ငံမှာ ပွဲစဉ်တွေရှိတာကြောင့် နှစ်
ယောက်စလုံးအဆင်သင့် ဖြစ်မယ့် မတ်လမှာ ပြန်စီစဉ်ဖြစ်တာပါ။ ထွန်းထွန်းမင်းက သေသေချာချာအချိန်ယူ လေ့ကျင့်ပြီး ပြန်ထိုးမယ်လို့ ပြောပါတယ်"ဟု
ဦးစိုင်းဇော်ဇော်က ပြောသည်။

စောငမန်းကို အလဲထိုးဖြင့် အနိုင်ယူပြီး မြန်မာပြည် အလွတ်တန်းချန်ပီယံဖြစ်လာ သော
အသက် ၂၃ နှစ် အရွယ် ထွန်းထွန်း မင်း(မုဒုံသား)သည် လက်ဝှေ့သမား သက်တမ်းတစ်
လျှောက် ပွဲပေါင်း ၄၇ ပွဲတွင် ၃၇ ပွဲနိုင်၊ ၁၀ ပွဲသရေ၊ ရှုံးပွဲမရှိဖြင့် ရပ်တည် နေခဲ့သူဖြစ်ပြီး
ဒီဇင်ဘာလ ရ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ဆိုင်းရပ်စ်နှင့် Air KBZ အောင်လံပွဲစဉ်
တွင် ပထမဆုံးရှုံးပွဲ တွေ့ကြံုခဲ့ရခြင်းဖြစ်သည်။

ထွန်းထွန်းမင်းသည် ဆိုင်းရပ်စ်၏ နောက်ပြန်လှည့်ကန်ချက်ကြောင့် တတိယ အချီတွင်
အရှုံးပေးခဲ့ရခြင်းဖြစ်သည်။ ထွန်းထွန်းမင်းက အဆိုပါရှုံးပွဲနှင့် ပတ်သတ်ပြီး သူ၏ ဖေ့စ်
ဘွတ်ခ်စာမျက်နှာ တွင် ပရိသတ်များကို တောင်းပန်စကားဆို ခဲ့သည်။

"ကျွန်တော်ချစ်တဲ့ ပရိသတ်ကြီးကို တောင်းပန်ချင်ပါတယ်။ ကျွန်တော် သက်သာသွားပါပြီ။
နောက်တစ်ပွဲ စိန်ခေါ် ပြီး အကောင်းဆုံး ထိုးသတ်သွားမှာပါ။ ကျွန်တော့်ကို အားပေးတဲ့
ပရိသတ်ကြီးကို ကျေးဇူးတင်ပါတယ်"ဟု ပြောသည်။

ထွန်းထွန်းမင်းကို ပထမဆုံး ရှုံးပွဲတွေ့ကြံုစေခဲ့သူ အသက် ၃၃ နှစ်အရွယ် အမေရိကန်
လက်ဝှေ့သမား ဆိုင်းရပ်စ် သည် ကမ္ဘာ့မွေထိုင်းချန်ပီယံဟောင်းတစ်ဦး ဖြစ်ပြီး မြန်မာပြည်
ချန်ပီယံ စောငမန်းကို အစီးသရေဖြင့် ထိုးသတ်နိုင်ခဲ့သူဖြစ်သည်။ ဆိုင်းရပ်စ်သည် လက်
ဝှေ့သမားသက်တမ်းတစ်လျှောက် ပွဲပေါင်း ၈၈ ပွဲ တွင် နိုင်ပွဲနှင့် ရှုံးပွဲများသာ တွေ့ကြံုခဲ့ပြီး
သရေပွဲတစ်ပွဲသာ ရှိခဲ့သည်။

အဆိုပါ သရေ ပွဲသည် မြန်မာပြည်ချန်ပီယံဟောင်းစောငမန်းနှင့် ရင်ဆိုင်ထိုးသတ်စဉ်က
ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။



ဖတ်ရှုမှုအများဆုံး