ဟော့ဖန်ဟိမ်း - ဖရန့်ဖတ်
စနေ၊ နံနက် ၂းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
ဟော့ဖန်ဟိမ်း ၀-၀ ဖရန့်ဖတ်
အချီးမှာပြောခဲ့သလို ရပ်တည်မှုအဆင့် ချင်း သိပ်မကွာတဲ့ အသင်းနှစ်သင်း တွေ့ဆုံ တာပါ။
ဟော့ဖန်ဟိမ်းက အဆင့်(၇)နဲ့ ဖရန့် ဖတ်က အဆင့်(၈)ဖြစ်ပါတယ်။ ဖရန့်ဖတ်က နောက်
ဆုံး သုံးပွဲဆက်တိုက် အနိုင်ရပြီး ဟော့ဖန်ဟိမ်းကို ကျော်ဖြတ်နိုင်ဖို့ ပြင်ဆင်လာ နိုင်ပါ
တယ်။ သရေကျသွားနိုင်တဲ့ပွဲဖြစ်လို့ ဖရန့်ဖတ်ကို ကြိုက်ပါတယ်။
ရှော်လ်ကေး - ကိုလုံး
စနေ၊ ည ၉းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
ကိုလုံး ၂-၁ ရှော်လ်ကေး
အဆင့်(၅) ရပ်တည်နေတဲ့ ရှော်လ်ကေး ဟာ နောက်ဆုံးငါးပွဲမှာ ကိုးမှတ်ရယူနိုင်ခဲ့
ပေမယ့် အဆင့်(၁၂)က ကိုလုံးကတော့ သုံးမှတ်သာ ရယူနိုင်ခဲ့လို့ ခြေစွမ်းချင်းက
အတော်ကွာခြားနေပါတယ်။ ဂယ်လ်ဆင်ကာ ချန်မှာ ရှော်လ်ကေးတို့ သုံးမှတ်ရယူမယ်
လို့ ထင်ပါတယ်။
အော့စ်ဘတ် - ဘိုင်ယန်မြူးနစ်
စနေ၊ ည ၉းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
အော့စ်ဘတ် ၁-၀ ဘိုင်ယန်
ဒီပွဲစဉ်ကလည်း ပွဲကြီးပွဲကောင်းတစ်ပွဲ ပါပဲ။ အော့စ်ဘတ်က အဆင့်(၃)မှာ ရပ်တည် နေ
သလို ဘိုင်ယန်ကတော့ ထိပ်ဆုံးကနေ ခုတ်မောင်းဆဲပါပဲ။ အော့စ်ဘတ်က နောက် ဆုံး
လေးပွဲဆက် အနိုင်ရထားတာကို တွေ့ရ တယ်။ ဒါကြောင့် လျှော့တွက်လို့တော့ မရဘူး။
ချန်ပီယံလိဂ်ကစားထားတဲ့ ဘိုင်ယန်မြူးနစ်ဟာ ပွဲပန်းမှုနဲ့ ကျိန်းသေတွေ့ကြံုရမှာပါပဲ။
ဘိုင်ယန် နောက်ဆုံးငါးပွဲမှာ တစ်ပွဲရှုံးခဲ့ပေမယ့် အဲဒါက ချန်ပီယံလိဂ်မှာ ရှုံးခဲ့တာပါ။
ဘိုင်ယန်နိုင်ခြေရှိ ပေမယ့် ဂိုးတော့မပြတ်လောက်ဘူးထင်တယ်။
ဟာသာဘာလင် - ဒေါ့မွန်
စနေ၊ ည ၉းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
ဟာသာဘာလင် ၀-၄ ဒေါ့မွန်
အကြိတ်အနယ်ရှိဦးမယ့် ပွဲစဉ်တစ်ခု အဖြစ် ရှုစားကြရဦးမှာဖြစ်ပါတယ်။ ဟာသာ ဘာလင်
က အဆင့်(၁၅)မှာ ရှိနေပြီး ဒေါ့မွန် ကတော့ အဆင့်(၁၄)မှာ ရောက်နေလို့ပါ။ အဲဒီည
အဝါရောင်ဒေါ့မွန်နဲ့အတူ ကျွန်တော် တို့ လက်တွေ လေထဲမှာ မြှောက်ထားမယ်။
၀ါဒါဘရီမင် - ဟန်နိုဗာ
စနေ၊ ည ၉းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
ဟန်နိုဗာ ၁-၂ ဟန်နိုဗာ
၀ါဒါဘရီမင်က အဆင့်(၁၇)မှာ ရောက်နေ ပြီး တန်းဆင်းဇုန်ထဲကနေ ရုန်းထွက်ဖို့ အခွင့်
အရေးကောင်းတစ်ခုပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ဟန်နိုဗာဟာ အဆင့်(၉)မှာ ရောက်နေပေမယ့်လည်း နောက်ဆုံးငါးပွဲမှာ လေးပွဲဆက်တိုက်ရှုံးထားလို့ပါ။
၀ါဒါဘရီမင် သာ ပုံမှန်ခြေစွမ်းကို ထိန်းနိုင်ရင် အိမ်ကွင်း နိုင်ပွဲရမှာ မလွဲပါဘူး။
ဖရိုင်းဘတ် - ဟမ်းဘတ်
စနေ၊ ည ၉းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
ဟမ်းဘတ် ၁-၁ ဖရိုင်းဘတ်
အဆင့်(၁၃)မှာရှိတဲ့ ဟမ်းဘတ်ကတောင် ရစ်သမ်ပိုမှန်နေသေးတယ်။ နောက်ဆုံးငါးပွဲ မှာ
တစ်ပင်ကျော် နိုင်ပွဲသုံးပွဲရထားတယ်။ အဆင့်(၁၆)နေရာရောက်နေတဲ့ တန်းဆင်း ဇုန်ထဲ
ကနေ ရုန်းထွက်ဖို့ ဖရိုင်းဘတ်ပြင်ဆင် လိမ့်မယ်။ နောက်ဆုံးသုံးပွဲစလုံး နိုင်ပွဲပျောက် နေ
တဲ့ ဖရိုင်းဘတ် ကပ်နိုင်သွားရင်လည်း သိပ်ပြီးအံ့ဩမနေပါနဲ့။
မိန့်ဇ် - စတုဂတ်
တနင်္ဂနွေ၊ နံနက် ၀၀းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
စတုဂတ် ၁-၂ မိန့်ဇ်
စတုဂတ်က ဒီပွဲကို ဖောင်ဖျက်ကစားရ မှာပါ။ သူတို့ပေါ့ဆလို့တော့ မရတော့ဘူး။ မိန့်ဇ်
ကတော့ အဆင့်(၁၁)နဲ့ ဇယားအလယ်မှာ ဟန်ကျပန်ကျပါပဲ။ ဒါပေမဲ့ နောက်ဆုံး ငါးပွဲ
စလုံး နိုင်ပွဲကင်းမဲ့နေပြီး နှစ်မှတ်သာ ရယူထားနိုင်တယ်။ ဒါကြောင့် အဲဒီည အိမ်ထမင်း၊
အိမ်ဟင်းတွေကို မေ့လိုက်ကြ ရအောင်။
လေဗာကူဆင် - မွန်ချင်ဂလက်ဘတ်
တနင်္ဂနွေ၊ ည ၉းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
မွန်ချင် ၀-၁ လေဗာကူဆင်
ဒီပွဲစဉ်ကလည်း အကြိတ်အနယ်ရှိဦးမယ့် ပွဲစဉ်တစ်ရပ်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ လေဗာ
ကူဆင်က အဆင့်(၄)၊ မွန်ချင်က အဆင့်(၆) နေရာရောက်နေလို့ပါ အိမ်ရှင်က နောက်ဆုံး
ငါးပွဲမှာ ခုနစ်မှတ်ရယူထားနိုင်သလို မွန်ချင်က လည်း လေးမှတ် ရယူထားနိုင်တယ်။
လေဗာ ကူဆင် အသာစီးရသွားမယ်လို့ ထင်တယ်။
၀ုဖ်ဘတ် - ပက်ဒါဘွန်း
တနင်္ဂနွေ၊ ည ၁၁းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
ပက်ဒါဘွန်း ၀-၂ ၀ုဖ်ဘတ်
ခြေစွမ်းကွာသလို ရပ်တည်မှုအဆင့်ချင်း လည်းကွာပါတယ်။ ၀ုဖ်ဘတ်က အဆင့်(၂)၊
ပက်ဒါဘွန်းက အဆင့်(၁၀)မှာ ရှိနေတာပါ။ပက်ဒါဘွန်းကို မေ့ထားချင်တယ်။














