မန်ယူပဲ အနိုင်ရသွားဦးမှာလား - ပရီမီယာလိဂ်ပွဲစဉ်(၁၆)

မန်ယူပဲ အနိုင်ရသွားဦးမှာလား - ပရီမီယာလိဂ်ပွဲစဉ်(၁၆)

ဘန်လေ - ဆောက်သမ်တန် စနေ၊ ည ၉း၃၀
ခြေစွမ်းမှန်နေတဲ့ ဘန်လေအသင်း နောက်ဆုံးကစားတဲ့ ကျူပီအာရ်ပွဲမှာ ရှုံးနိမ့် ထားပါ
တယ်။ ဆောက်သမ်တန်က မန်စီးတီး၊ အာဆင်နယ်၊ မန်ယူတို့ကို ဆက်တိုက်ကစား ထား
ရလို့ ပွဲပန်းနေတယ်လို့ ယူဆပါတယ်။ ဘန်လေနောက်တန်းကောင်းလို့ ဒီပွဲဟာ သရေကျ
သွားနိုင်တဲ့ပွဲဖြစ်ပါတယ်။

ပဲလေ့စ် - စတုတ် စနေ၊ ည ၉း၃၀
ပဲလေ့စ်ကလည်း အိမ်ကွင်းဆိုရင် တိုက် စစ်ဦးစားပေးကစားသလို စတုတ်ကလည်း
တိုက်စစ်ဦးစားပေးကစားနေတဲ့အသင်း ဖြစ် နေပါတယ်။ စတုတ်က အာဆင်နယ်ကို
နိုင် ထားပေမယ့် ပဲလေ့စ်ကို လျှော့တွက်လို့မရ ပါဘူး။ ပဲလေ့စ်သရေနဲ့ အနိုင်ပါ။

ဆန်းဒါးလန်း - ၀က်စ်ဟမ်း စနေ၊ ည ၉း၃၀
၀က်စ်ဟမ်းက အဆင့်(၃)နေရာကိုတောင် ရောက်လာနေပါတယ်။ ဆန်းဒါးလန်းကလည်း
ပွဲကျပ်တွေ ဆက်တိုက်ကစားခဲ့ရတာတွေ ကျော်လွန်လာပါပြီ။ ၀က်စ်ဟမ်း ခြေစွမ်း ကောင်း
နေတာမှန်ပေမယ့် ဒီပွဲမှာတော့ ခြေချော်သွားနိုင်ပါတယ်။ ဆန်းဒါးလန်းကို ကြိုက်ပါတယ်။

၀က်စ်ဘရွန်း - ဗီလာ စနေ၊ ည ၉း၃၀
၀က်စ်ဘရွန်းအနေနဲ့ အိမ်ကွင်းဖြစ်လို့ အားသာချက်ရှိပေမယ့် ဗီလာရဲ့ ခြေစွမ်းက တက်
လာနေတာကို သတိပြုသင့်ပါတယ်။ ခံစစ်ရော၊ တိုက်စစ်ပါ ဗီလာပြန်ကောင်း လာနေပါ
တယ်။ ဗီလာထိန်းကစားရင်းနဲ့ အနိုင်ဂိုးတွေ သွင်းသွားနိုင်ပါတယ်။

ချယ်လ်ဆီး - ဟားလ်စီးတီး စနေ၊ ည ၉း၃၀
ချယ်လ်ဆီးကတော့ နယူးကာဆယ် အနိုင် ယူလိုက်တဲ့ဒဏ်ခံလိုက်ရလို့ မန်စီးတီးရဲ့ ဖိအား
ပေးတာကို ခံလိုက်ရပြီ ဖြစ်ပါတယ်။ အခု အိမ်ကွင်းမှာ ဖိဖိစီးစီးကစားပါလိမ့်မယ်။ ချယ်လ်
ဆီးကိုအားပေးရမယ့်ပွဲဖြစ်ပါတယ်။

လက်စတာ - မန်စီးတီး စနေ၊ ည ၉း၃၀
လက်စတာကတော့ တန်းဆင်းရဖို့များတဲ့ အသင်းဖြစ်ပါတယ်။ မန်စီးတီးကလည်း
ချယ်လ်ဆီးကို ဖိအားပေးလာနေပေမယ့် အဓိကတိုက်စစ်မှူး အဂူရိုနာသွားတာက ဂိုးသွင်း
အား ကျသွားနိုင်ဖွယ်ရှိနေပါတယ်။ ဒါပေမဲ့ အသင်းရဲ့ ကစားပုံက အတော့်ကို ကွာ ခြား
တဲ့အတွက် မန်စီးတီးအနိုင်ရမှာ သေချာ ပါတယ်။

အာဆင်နယ် - နယူးကာဆယ် တနင်္ဂနွေ၊ နံနက် ၀၀းဝဝ
အာဆင်နယ်အတွက် အရေးကြီးတဲ့ပွဲ ဖြစ်ပါတယ်။ နယူးကာဆယ်ကလည်း ချယ်လ် ဆီး
ကို အနိုင်ကစားထားလို့ စိတ်ဓာတ်တက် လာနေလို့ အခုပွဲမှာ နယူးကာဆယ်ခံစစ် ကစား
မယ် မထင်ပါဘူး။ တိုက်စစ်ဖွင့်ကစား လာနိုင်လို့ အာဆင်နယ်ကစားရလွယ်ကူနိုင် ပါတယ်။
အာဆင်နယ်အနိုင်ရမှာ သေချာတဲ့ပွဲဖြစ်ပါတယ်။

မန်ယူ - လီဗာပူး တနင်္ဂနွေ၊ ည ၈းဝဝ
လီဗာပူးက ကြားရက်မှာ ချန်ပီယံလိဂ် ပွဲကစားထားရလို့ ပွဲပန်းနေပါတယ်။ မန်ယူကတော့
ပရီမီယာလိဂ်ကို အာရုံစိုက် ကစား နေတဲ့အသင်းဖြစ်လို့ အသင်းက ယုံကြည်မှု ပြည့်ဝလာ
နေပြီဖြစ်ပါတယ်။ မန်ယူနောက် တန်းကစားပုံလည်း တိုးတက်လာလို့ တိုက်စစ် သင့်ရုံသာ
ရှိတဲ့ လီဗာပူး ဂိုးသွင်းဖို့ ခက်ခဲပါ လိမ့်မယ်။မန်ယူအနိုင်ရမယ့်ပွဲ ဖြစ်ပါတယ်။

ဆွမ်ဆီး - စပါး တနင်္ဂနွေ၊ ည ၁၀း၃၀
စပါးကတော့ အိမ်ကွင်းမှာ ပဲလေ့စ်ကို တောင် အနိုင်မကစားနိုင်ပါဘူး။ ဆွမ်ဆီးက အိမ်
ကွင်းဆိုရင် ကစားအားကောင်းတဲ့အသင်း ဖြစ်ပါတယ်။ စပါးကို ဆွမ်ဆီး ကောင်းကောင်း
ဒုက္ခပေးပါလိမ့်မယ်။ ဆွမ်ဆီးကို ကြိုက်ပါ တယ်။

အဲဗာတန် - ကျူပီအာရ် အင်္ဂါ၊ နံနက် ၂း၃၀
ဒီနှစ် အဲဗာတန်ဟာ အရင်နှစ်တွေကလို ကောင်းတဲ့ အဲဗာတန်မဟုတ်တာကို သတိပြု
သင့်ပါတယ်။ ကျူပီအာရ်ကို လျှော့တွက် လို့မရပါဘူး။ ခံစစ်ကိုသာ ကောင်းကောင်း ပြင်နိုင်
ရင် အဲဗာတန်ကစားရခက်ပါလိမ့် မယ်။ သရေကျသွားနိုင်တဲ့ပွဲမို့ ကျူပီအာရ်ကို ရွေးသင့်ပါ
တယ်။



ဖတ်ရှုမှုအများဆုံး