မန်စီးတီးနဲ့ ချယ်လ်ဆီးတို့ရဲ့ စိန်ခေါ်ပွဲ စတင်ပြီ

မန်စီးတီးနဲ့ ချယ်လ်ဆီးတို့ရဲ့ စိန်ခေါ်ပွဲ စတင်ပြီ

ပရီမီယာလိဂ်မှာ လက်ရှိချန်ပီယံ မန်စီးတီး အသင်း ထိပ်ဆုံးနံပါတ်(၁)နေရာကို မရ နိုင်
အောင် အဓိကပြိုင်ဘက်အသင်း တစ်သင်းဖြစ်တဲ့ ချယ်လ်ဆီးက နေရာယူ လွှမ်မိုးထား
တာ ပွဲစဉ်(၁၅) ကစားပြီးသွား တဲ့အထိပဲဖြစ်ပါတယ်။ ချယ်လ်ဆီးရဲ့ ရှုံးပွဲမရှိ ကစားထား
ခြင်းဆိုတဲ့ ဂုဏ်ပုဒ် အောက်မှာ မော်ရင်ညိုဟာ လက်မ ထောင်ရင်း ပရီမီယာလိဂ်ကိုဖြတ်
သန်း နေခဲ့တာဖြစ်ပါတယ်။

လက်ရှိချန်ပီယံ မန်စီးတီးအသင်းကတော့ နိုင်လိုက်၊ သရေကျလိုက်၊ ရှုံးလိုက်နဲ့ပဲ အဆင့်
(၄)၊ အဆင့်(၃)၊ အဆင့်(၆)၊ အဆင့်(၅)ဆိုတဲ့ နေရာတွေမှာပဲ တစ်ဝဲလည်လည်ဖြစ်လို့
နေတာကြောင့် ဒီရာသီပရီမီယာလိဂ် ချန်ပီယံက ချယ်လ်ဆီးပဲ ပြိုင်ဘက်မရှိ ရယူသွားဦး
မယ်လို့ ယူဆနေခဲ့ကြပါတယ်။ ဒါပေမဲ့ လိဂ်ပြိုင်ပွဲဆိုတာကခရီးရှည် ကြီးတစ်ခုကို ဖြတ်
သန်းရတာဖြစ်လို့ အခုလို ရာသီဝက်မကျိုးခင်ကာလမှာ ချန်ပီယံဖြစ်ခြင်း မဖြစ်ခြင်းဆို
တာက ပြောဖို့ စောတဲ့အနေအထားမို့ ဘာမဆိုအပြောင်းအလဲက ဖြစ်သွားနိုင်တာချည်း
ပဲဖြစ်ပါတယ်။

ဒါပေမဲ့ ချယ်လ်ဆီးရဲ့ ရှုံးပွဲ မရှိ ကစားထားခြင်း ရလဒ်ကောင်းတွေက ဆွဲဆောင်ထားလို
့ ချယ်လ်ဆီး ပြိုင်ဘက်မရှိ အောင်ပွဲခံမယ်လို့ ယူဆခဲ့ကြတာကလည်း အပြစ်မဆိုသာ
အနေအထားပဲ ဖြစ်ပါ တယ်။ အခုတော့ ပွဲစဉ်(၁၅)ကစားအပြီးမှာ တော့ ချယ်လ်ဆီးရဲ့
ရှုံးပွဲမရှိစံချိန်ကျိုးပျက် သွားသလို ပရီမီယာလိဂ် စိန်ခေါ်ပွဲက လည်းအခုမှ စတင်လိုက်ပြီဖြစ်

တာကြောင့် ပရီမီယာလိဂ်ရဲ့ ဇာတ်ရှိန်က ပွဲစဉ်(၁၅) အပြီး မြင့်တက်လာခဲ့ပြီဖြစ်ပါတယ်။
ချယ်လ်ဆီးရဲ့ ရှုံးပွဲမရှိစံချိန် ပွဲစဉ်(၁၅)မှာကျိုးပျက်သွားတာထက် အဓိကပြိုင်ဘက်လက်ရှိ
ချန်ပီယံမန်စီးတီးက ချယ်လ်ဆီးနဲ့ အမှတ်ကွာဟမှု သုံးမှတ်သာရှိသွားခဲ့တာ က အခုလို
စိန်ခေါ်ပွဲဖြစ်လာစေခဲ့တာပဲ ဖြစ်ပါတယ်။ ရာသီအစ ဩဂုတ်လကတည်းက စတင်ပြီး
ချယ်လ်ဆီးဟာ ပရီမီယာလိဂ်ကို ဦးဆောင် လာခဲ့တာ ဖြစ်ပါတယ်။

ဩဂုတ်လထဲမှာ ပရီမီယာလိဂ် သုံးပွဲကစားခဲ့ရပြီး ချယ်လ်ဆီး ဟာ ရမှတ်ကိုးမှတ်နဲ့ ဦး
ဆောင်နေခဲ့တာ ဖြစ်ပါတယ်။ ချယ်လ်ဆီးက ပွဲတိုင်းအနိုင်ရ ချိန်မှာ လက်ရှိချန်ပီယံ မန်
စီးတီးက ဩဂုတ် လထဲမှာ တစ်ပွဲရှုံးပြီး ရမှတ်ခြောက်မှတ်နဲ့ အမှတ်ပေးဇယားမှာ အဆင့်
(၄)နေရာ မှာပဲ ရှိနေခဲ့ပါတယ်။ အဲဒီချိန်ကစပြီး ချယ်လ်ဆီးအပေါ် စိတ်ဝင်စားသူတွေများ
လာခဲ့ပါတယ်။

ဩဂုတ်လထဲမှာ ချယ်လ်ဆီးနဲ့ မန်စီးတီးကွာခြားမှုက သုံး မှတ် ဖြစ်ပါတယ်။ စက်တင်ဘာ
လထဲ ရောက်တော့ ချယ်လ်ဆီးဟာ ရမှတ် ၁၆ မှတ် ရသွားပါပြီ။ ရမှတ်အပြည့် ၁၈ မှတ်မှာ
ရမှတ် ၁၆ မှတ်ရအောင် ယူနိုင်ခဲ့ခြင်းကတော့ ချယ်လ်ဆီးရဲ့ စွမ်းဆောင်ရည်ကောင်းပဲ ဖြစ်
ပါတယ်။

အဲဒီအချိန်မှာ လက်ရှိ ချန်ပီယံက ရမှတ် ၁၁ မှတ်သာ ရသွား တော့ မော်ရင်ညိုရဲ့အသင်း
ပရီမီယာ လိဂ်မှာ ဦးဆောင်သွားမှာလို့ ယူဆခဲ့ကြပါ တယ်။ အခု ဒီဇင်ဘာလထဲမှာ နှစ်ပွဲ
ကစားပြီးတဲ့အခါမှာတော့ ချယ်လ်ဆီးရဲ့ စွမ်းဆောင် ရည်ကျသွားပြီး မန်စီးတီးစွမ်းဆောင်
ရည် က တိုးတက်လာခဲ့လို့ အစောပိုင်းမှာ ရမှတ် ခြောက်မှတ်ဖြတ်ခဲ့တဲ့ ချယ်လ်ဆီးဟာ
အခု တော့ ရမှတ်သုံးမှတ်ပြန်ပေးလိုက်ရလို့ ချယ်လ်ဆီးနဲ့ မန်စီးတီးဟာ အခုဆိုရင် သုံး
မှတ်သာ ကွာဟသွားခဲ့ပြီ ဖြစ်ပါတယ်။ ချယ်လ်ဆီးဟာ နယူးကာဆယ်ကို ရှုံးသွား ခဲ့ရုံ
လောက်နဲ့ ဝေဖန်စရာမဟုတ်ပေမယ့် မန်စီးတီးဖိအားပေးခြင်းကို ကြံုသွားစေတာက
မော်ရင်ညိုအတွက်တော့ သတိထားစရာ ဖြစ်လာခဲ့ရပြီ ဖြစ်ပါတယ်။

နှစ်သင်းစလုံးရဲ့တိုက်စစ်နဲ့ခံစစ်တွေကိုကြည့်လိုက်ရင်တော့ ချယ်လ်ဆီးဟာ မန်စီးတီး
ထက်တော့ အားသာချက်တွေရှိနေတယ်ဆိုတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ ချယ်လ်ဆီး
တိုက်စစ်က ကွင်းလယ် ဖန်တီးအားနဲ့ မော်ရင်ညို တည်ဆောက် ထားတာပါ၊ ဟာဇတ်၊
ဖာဘရီဂတ်စ်၊အော်စကာဆိုတဲ့ ကွင်းလယ်အားက ချယ်လ်ဆီးတိုက်စစ်ရဲ့ အသက်ပဲ
ဖြစ်ပါ တယ်။ ဖာဘရီဂက်စ်ဟာ ကွင်းလယ်ခံစစ် အထိုင်မှာ ပိုများတယ် ထင်ရပေမယ့်
တကယ်တော့ကွင်းလယ်မှာ ဖန်တီးပံ့ပိုး ပေးသူအဖြစ်သာကစားနေပြီး ခံစစ်အကူ ကို
မာတစ်ကပဲ တာဝန်ယူထားတာဖြစ်ပါ တယ်။ တိုက်စစ်က ဒီယေဂိုကော်စတာအတွက်
အော်စကာ၊ ဟာဇတ်တို့တွဲလုံး တွေက အဓိကဖြစ်လို့ အဝေးကွင်းရောက်ရင် ဒီနှစ်ယောက်
သာ အသေကပ်ကစားတာ ခံလိုက်ရရင် တိုက်စစ် ပြဿနာရှိသွားစေ ခဲ့ပါတယ်။

အိမ်ကွင်းဆိုရင် တိုက်စစ်က အကောင်းဆုံးဖြစ်ပြီး အဝေးကွင်းဆိုရင် တိုက်စစ်က အိမ်
ကွင်းရဲ့ထက်ဝက်လောက် ပဲ ရှိသွားခဲ့ပါတယ်။ မန်စီးတီးတိုက်စစ်ကျတော့ တိုက်စစ်မှူး
အဂူရိုအပေါ်မှာ မူတည်တဲ့ရာသီဖြစ်နေပါတယ်။ ပရီမီယာလိဂ်မှာ ဂိုးအများဆုံးသွင်းထား
သူဟာအဂူရိုဖြစ်နေတာကို ကြည့်လိုက်ရင် မန်စီး တီးရဲ့ အဓိကတိုက်စစ်မှူးဟာ အဂူရို
ဆိုတာ ထင်ရှားနေပါတယ်။

ဒါပေမဲ့ အဂူရို နာသွားရင်တော့ ဒီဇီကို၊ ဂျိုဗီတစ်တို့ လုပ်အားဆိုတာက အတော့်ကိုနိမ့်နေ
တာ ကို တွေ့ရမှာပဲဖြစ်ပါတယ်။ ချယ်လ်ဆီးမှာ ဒီယေဂိုနာသွားတဲ့အခါမှာ ဒရော့ဘာနဲ့ ရီမီ
တို့ စပါးပွဲမှာ ပါ၀င်ကစားပြီး တစ်ဂိုးစီ သွင်းသွားတာမျိုး မန်စီးတီးတိုက်စစ်က ဂျိုဗီတစ်နဲ့
ဒီဇီကိုတို့ ခြေစွမ်းပြနိုင်ဖို့ လိုအပ်ပါတယ်။ ချယ်လ်ဆီးတောင်ပံမှာ ဟာဇတ်ဟာ တိုက်စစ်
အတွက်အားကိုး ရနိုင်သလို မန်စီးတီးကွင်းလယ်မှာ ယာယာတိုရေးကလည်း အားကိုးရ
တဲ့သူဖြစ်နေပါတယ်။

ချယ်လ်ဆီးတိုက်စစ် နဲ့ မန်စီးတီးတိုက်စစ်ယှဉ်လိုက်ရင်တော့ ချယ်လ်ဆီးတိုက်စစ်ဟာ
မန်စီးတီး တိုက်စစ်ထက် အနည်းငယ်သာနေတယ်လို့ ယူဆမိပါတယ်။ ခံစစ်ကို ကြည့်
လိုက်ရင်တော့ ချယ်လ် ဆီးခံစစ်က မန်စီးတီးခံစစ်ထက်များစွာသာတယ်လို့ ယူဆစရာပါ။
တယ်ရီ၊ ကာ ဟေးလ်၊ အိုင်ဗန်နိုဗစ်အတွဲဟာ ကွန်ပနီ၊ ဒီမစ်ချယ်လီ၊ ဇာဘလက်တာ၊
ကလစ်ချီ တို့ထက် သာတယ်လို့ ထင်ရပါတယ်။ ဒါပေမဲ့ အဝေးကွင်း ခံစစ်ကိုကြည့်
လိုက်ရင် ချယ်လ်ဆီးခံစစ်ဟာ လျော့ရဲရဲ ဖြစ်တာကို တွေ့ရမှာဖြစ်ပါတယ်။

ချယ်လ်ဆီးဟာ အဝေးကွင်းမှာ နယူး ကာဆယ်တစ်သင်းကိုပဲ ရှုံးထားပေမယ့် ချယ်လ်ဆီး
ဟာ အဝေးကွင်းမှာ ဂိုးမပေး ရတာ တစ်ပွဲသာရှိတာက ချယ်လ်ဆီးခံစစ်အားနည်းတာကို
ပြနေပါတယ်။ချယ်လ်ဆီးဟာ အဝေးကွင်းရှစ်ပွဲကစားအပြီးမှာ လေးပွဲနိုင်၊ သုံးပွဲသရေ၊
တစ်ပွဲရှုံးထားပေမယ့် ခုနစ်ပွဲက ဂိုးတွေ ပေးထားခဲ့ရတာကို တွေ့ရမှာ ဖြစ်ပါ တယ်။
မန်စီးတီးကျတော့ အဝေးကွင်း မှာ ရှုံးပွဲတစ်ပွဲသာရှိထားပြီး သရေပွဲက နှစ်ပွဲသာရှိထား
ပါတယ်။ နိုင်ပွဲက ငါးပွဲ ရှိထားပါတယ်။ ချယ်လ်ဆီးကို အမီလိုက် လာခြင်းက မန်စီးတီးရဲ့
အဝေးကွင်း ရလဒ် ကောင်းခြင်းကြောင့်ပဲ ဖြစ်ပါ တယ်။

ချန်ပီယံဖြစ်နိုင်ခြေရှိတဲ့အသင်းတွေဟာ အဝေးကွင်းကစားပုံရလဒ်တွေက အိမ်ကွင်း
ထက်ပိုပြီး အဓိက ကျနေခဲ့ပါတယ်။ မန်စီးတီးမှာ အဝေး ကွင်း ခံစစ်ကောင်းရှိနေလို့
ချယ်လ်ဆီး ခံစစ်ထက် ပိုသာနေတာ တွေ့ရပါတယ်။ ချယ်လ်ဆီးက တိုက်စစ်မှာ မန်စီးတီး
ထက်သာနေပြီး အဝေးခံစစ်မှာတော့ မန်စီးတီးက ချယ်လ်ဆီးထက်သာနေပါတယ်။ ဒီနှစ်
သင်း ခြေစွမ်းတည်ငြိမ်ဖို့ က ကွင်းလယ်အားဟာ အဓိကဖြစ်လာ မယ်လို့ ယူဆသလို
မန်နေဂျာနှစ်ဦး ဖြစ်တဲ့ မော်ရင်ညို၊ ပယ်လီဂရီနီတို့ရဲ့ စွမ်းဆောင်ရည်တို့က အဓိကကျ
လာမှာ ဖြစ်ပါတယ်။

အောင်မြင်ထားမှုအပိုင်း မှာတော့ မော်ရင်ညိုက အသာစီးရှိထား ပေမယ့် ပယ်လီဂရီနီကို
လည်း လျှော့ တွက်လို့တော့ မရပါဘူး။ ချယ်လ်ဆီးမှာ အားသာနေတာတစ်ခုကတော့ အဓိ
ကပြိုင်ဘက်တွေဖြစ်တဲ့ မန်စီးတီး၊ လီဗာပူး၊ မန်ယူ၊ အဲဗာတန်တို့ကို အဝေး ကွင်းတွေမှာ
ကစားထားခြင်းပဲ ဖြစ်ပါ တယ်။ လက်ကျန်ပွဲစဉ်အနေအထားကို ကြည့်လိုက်ရင် ချယ်လ်ဆီး
ဟာ မန်စီးတီး ထက်ပိုပြီးပွဲစဉ်ချောင်နေပါတယ်။ ဒီအခြေ အနေက ချယ်လ်ဆီးချန်ပီယံဖြစ်
ဖို့ အနေအထားဖြစ်ပါတယ်။ အဲဒီအတွက် လောလောဆယ် သုံးမှတ်ကွာခြားမှုအောက်မှာ
မန်စီးတီးဟာ ချယ်လ်ဆီးကိုအမီလိုက် စိန်ခေါ်ဖို့သာပဲ ရှိတယ်လို့ ယူဆနေမိပါရဲ့ ...။



ဖတ်ရှုမှုအများဆုံး