အလက်တီကို - ဗီလာရီးယဲလ် တနင်္လာ၊ နံနက် ၀၀း၃၀ အလက်တီကိုနည်းပြ ဆီမြွန်နီက
ပြော တယ်။ သူ့ရဲ့အသင်းသစ်ဟာ တဖြည်းဖြည်း နဲ့ ပုံစံကောင်းရလာနေပြီလို့ ဆိုတယ်။
သူ ပြောသလိုပဲ အလက်တီကိုဟာ ခုနောက်ပိုင်း ပွဲတွေမှာ ကစားပုံဟန်ချက်ညီလာနေတာ
တွေ့ရပြီး အနိုင်ကို ထိန်းကစားတဲ့အခါမှာ လည်း ပြီးခဲ့တဲ့ရာသီက ချန်ပီယံဖြစ်ခဲ့တဲ့ အသင်း
လို တည်ငြိမ်လာနေတာလည်း တွေ့နေရတယ်။
ဒါကြောင့်လည်း ဆီမြွန်နီ က သူ့အသင်းဟာ ချန်ပီယံဆုကို ထိန်းနိုင်ဖို့ အတွက် အဆင်
သင့်ဖြစ်နေပြီလို့တောင် ပြောနေပါပြီ။ အခုဒီပွဲကတော့ အလက်တီကိုမှာ ချန်ပီယံခြေမျိုး
တကယ်ရှိ၊ မရှိ အဖြေထုတ် ပေးမယ့် ပွဲမျိုးဖြစ်လာနိုင်တယ်။ ဘာလို့လဲ ဆိုတော့ ဗီလာရီး
ယဲလ်ကစားပုံကလည်း ဒီရာသီမှာ တည်ငြိမ်တဲ့ ခြေစွမ်းမျိုးမှာ ရှိနေ လို့ပါပဲ။ အထူးသဖြင့်
အဝေးကွင်းပွဲတွေမှာ ဗီလာရီးယဲလ်ဟာ ထိန်းကစားတတ်တဲ့ အသင်းဖြစ်လို့ အလက်တီ
ကိုအတွက် အိမ်ကွင်းမှာ ဆိုပေမယ့် ဗီလာရီးယဲလ်ကို အလွယ်တကူ ကျော်ဖြတ်နိုင်ဖို့ဆို
တာ သိပ် မလွယ်လှဘူးနဲ့ တူပါတယ်။
ဗီလာရီးယဲလ်ဟာ ဒီရာသီအဝေးကွင်းပွဲမှာ လာလီဂါမှာ တစ်ပွဲ၊ ယူရိုပါလိဂ်မှာ တစ်ပွဲပဲ
အရေးနိမ့်ထားတယ်။ အဝေးကွင်း မှာ ခံစစ်ကို သတိထားကစားလေ့ရှိပြီး တန်ပြန်တိုက်
စစ်ကစားပုံ ကောင်းမွန်မှု ရှိတယ်၊ ဒါပေမဲ့ ဗီလာရီးယဲလ်တိုက်စစ်မှာ ဂိုးရဖို့အတွက် အူချီနဲ့
ဒေါ့ဆန်းတို့စ်တို့ကိုပဲ အဓိကအားကိုးနေရလို့ ဒီနှစ်ယောက်ကို သာ ပြိုင်ဘက်ခံစစ်က ထိန်း
ချုပ်သွားနိုင်ခဲ့ရင် ဗီလာရီးယဲလ် ဂိုးရဖို့ ခက်သွားတတ်တာကိုတော့ တွေ့နေရသေးတယ်။
အလက်တီကိုကတော့ တိုက်စစ်၊ ခံစစ်ကစားပုံမှာ ဗီလာရီးယဲလ်ထက် ပိုတည်ငြိမ် မှုရှိ
တယ်။
အထူးသဖြင့် အခုနောက်ပိုင်းပွဲ တွေမှာ အလက်တီကိုဟာ တည်ကန်ဘော တွေကို
အကောင်းဆုံးပိုပြီး အသုံးချလာနိုင် တာတွေ့နေရတယ်။ အခုနောက်ပိုင်း အလက် တီကို
တိုက်စစ်ကိုကြည့်ရင် ဂရစ်ဇ်မန်း ပုံမှန်ခြေစွမ်းနီးပါး ပြန်ဖြစ်လာနေသလို မန်ဇူကစ်က
လည်း အသင်းနဲ့ အံဝင်လာနေ ပြီး ဂိုးတွေ ပုံမှန်သွင်းနိုင်လာတာတွေ့ရ တယ်။
အထူးသဖြင့် မယ်လ်မိုနဲ့ ချန်ပီယံလိဂ် ပွဲမှာ ဟက်ထရစ်သွင်းနိုင်ခဲ့ပြီးနောက် မန်ဇူကစ်
ကစားပုံက ယုံကြည်မှု ပိုရလာ သလိုပါပဲ။ နောက်ပြီး ဆီမြွန်နီကွင်းလယ်မှာ ပွဲထုတ်နေတဲ့
လူငယ်ကွင်းလယ်သမားလေး ဆာအူးလ်ကလည်း အသင်းနဲ့ အံဝင်လာနေ တဲ့အပြင်
လူငယ်ပီပီ ကစားအားနဲ့ လုပ်အား နှုန်းကောင်းမွန်လို့ အလက်တီကိုကွင်းလယ် ကစားပုံ
က ပိုလှုပ်လာနေတယ်။ ဒါကြောင့် ဗီလာရီးယဲလ်ရဲ့ ကွင်းလယ်ပိုင်းအနေနဲ့တော့ အလက်
တီကို ကို ကွင်းလယ်ပိုင်း ယှဉ််ကစားနိုင်ဖို့တော့ မလွယ်လှပါဘူး။ ဒီတော့ အခုပွဲမှာ အဓိက
ကျလာတာက ဗီလာရီးယဲလ်ရဲ့ ခံစစ်ကစားပုံပါပဲ။ ဗီလာ ရီးယဲလ်ခံစစ်ဟာ ဒီရာသီ လာလီ
ဂါ အဝေး ကွင်း ခုနစ်ပွဲမှာ ပေးဂိုးမရှိအောင် သုံးပွဲပဲ ကစားထားနိုင်ခဲ့ပြီး ကျန်တဲ့လေးပွဲမှာ
တော့ ဂိုးပေးထားရတယ်၊ ဒါပေမဲ့ ဂိုးပေးခဲ့ရတဲ့ လေးပွဲမှာ နှစ်ဂိုးပေးရတဲ့ပွဲက တစ်ပွဲပဲပါပြီး
ကျန်တဲ့ သုံးပွဲမှာတော့ တစ်ပွဲတစ်ဂိုးထက် ပိုမပေးရဘူး၊ ဒီအနေအထားဟာ အလက် တီကို
တိုက်စစ်အတွက် ဗီလာရီးယဲလ်ဘက် ကို ဂိုးတွေ အများကြီးသွင်းနိုင်ဖို့ ဖြစ်နိုင်ပါ့ မလားဆို
တာ ထည့်စဉ်းစားရတော့မယ့် အချက်တစ်ခုဖြစ်လာနေတယ်။ အလက်တီကို တိုက်စစ်ဟာ
အိမ်ကွင်းပွဲ တိုင်းကို ဂိုးရအောင်သွင်းနိုင်လို့ ဒီပွဲမှာ လည်း ဗီလာရီးယဲလ် ခံစစ်ကို ဖိအား
ပေးနိုင် မှာသေချာတယ်။
ဒါပေမဲ့ အခုနောက်ပိုင်း အလက်တီကို ကစားခဲ့တဲ့ လာလီဂါ နောက်ဆုံး လေးပွဲမှာ အလက်
တီကိုဟာ တစ်ပွဲနှစ်ဂိုး ထက်ပိုသွင်းနိုင်တဲ့ ပွဲတစ်ပွဲပဲပါနေတယ်။ နောက်ပြီး အလက်တီကို
ဟာ ခုနောက်ပိုင်း ပွဲတွေမှာ ဂိုးရဖို့အတွက် တည်ကန်ဘော တွေကို ပိုအားကိုးလာနေပြီး
အသင်းကစား ကွက်ကနေ ဂိုးရနှုန်းက လျော့လာတာ တွေ့နေရတယ်။
ဒီနှစ်သင်းရဲ့ ဗီဆန်းတေးကယ်လ်ဒါရွန် ကွင်းက အစဉ်အလာတွေကို ပြန်ကြည့်ရင်
အလက်တီကိုက အနိုင်ရတာများပြီး ၂၀၀၆ နောက်ပိုင်း ဗီလာရီးယဲလ်က နှစ်ကြိမ်သာ
နိုင်ထားဖူးတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရာသီက တော့ အလက်တီကို ၁-၀ နဲ့ပဲ အနိုင်ရခဲ့တာ
ကိုကြည့်ရင် ဒီပွဲမှာ အလက်တီကိုနိုင်ရင် တောင်ပြတ်သားပါ့မလား သေချာစဉ်းစား ပြီးမှ
ဆုံးဖြတ်ရမယ့်ပွဲမျိုးလို့ ထင်တယ်။ဗီဆန်းတေးမှာ ကစားတိုင်း အနိုင်အရှုံး အဖြေထွက်လေ့
ရှိလို့ ဒီပွဲလည်းအနိုင်အရှုံး အဖြေထွက်နိုင်ပေမယ့် ဂိုးပြတ်ဖို့ ခက်နိုင်လို့ ဗီလာရီးယဲလ်ကိုပဲ
ရွေးထားချင်တယ်။
အခြားပွဲစဉ်များ
စနေ၊ နံနက် ၂း၁၅ အယ်လ်မီရီယာ - ရီးယဲလ် *
စနေ၊ ည ၉း၃၀ ဂီတာဖေး - ဘာစီလိုနာ *
စနေ၊ ည ၁၁း၃၀ * ဗလင်စီယာ - ရာယို
တနင်္ဂနွေ၊ နံနက် ၁း၃၀ * ကော်ဒိုဘာ - လီဗန်တေး
တနင်္ဂနွေ၊ နံနက် ၃း၃၀ မာလာဂါ - ဆယ်လ်တာ *
တနင်္ဂနွေ၊ ညနေ ၅း၃၀ * အက်စ်ပန်ညို - ဂရန်နာဒါ
တနင်္ဂနွေ၊ ည ၁၀း၃၀ * ဆီဗီလာ - အိုင်ဘာ
တနင်္လာ၊ နံနက် ၂း၃၀ ဆိုစီဒက် - ဘီလ်ဘာအို
* အင်္ဂါ၊ နံနက် ၂း၁၅ * ဒီပို့တီဗို - အယ်လ်ချီ














