ဒီဇင်ဘာ ၁၀ ရက်တွင် ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲစဉ် ကစားရမည်ဖြစ်သောကြောင့်
ဂျူဗင်တပ်သည် ဒီဇင်ဘာ ၆ ရက်၌ ကစားခဲ့ သော ဖီအိုရင်တီးနားနှင့် ပွဲစဉ်တွင် ကစား
သမားအချို့ကို အပြောင်းအလဲပြုလုပ်ကာ အနားပေးခြင်းများ ပြုလုပ်ခဲ့သည်။
၀ါရင့်တိုက်စစ်မှူး တေဗက်ဇ်ကို'ခေါက်'ပြီး ပြင်သစ် တိုက်စစ်မှူးလေး ကင်စလေကိုမန်းကို
စပိန်တိုက်စစ်မှူး လော်ရန်တေးနှင့် တွဲဖက်ပွဲထုတ်ခဲ့ရာ ဂျူဗင်တပ်တိုက်စစ်၏ စွမ်းဆောင်
ရည်ပိုင်း အနည်းငယ် ကျဆင်းသွားသည်။ အထူးသဖြင့် ၀ါရင့်တိုက်စစ်မှူး တေဗက်ဇ် မပါ
၀င်ဘဲ အခြားတိုက်စစ်မှူးများဖြင့် 'အထိုင်'ချလိုက်လျှင် ဂျူဗင်တပ်တိုက်စစ်အနည်းငယ် ပုံ
ပျက်သွားပြီး ကွင်းလယ်သည် တိုက်စစ် 'ကွက်လပ်'ကို ဖြည့်ပေးရခြင်းနှင့် ဂိုးရရှိဖို့အတွက် 'ညှစ်'လာရခြင်းတို့ကြောင့်ဖိအားပိုများသွားတာကို တွေ့ရသည်။ ဘယ်တောင်ပံကစား
သမား အီဗရာကို ဘယ်ခြမ်း တိုက်စစ်တွင် ကစားစေပြီး အဓိကကွင်းလယ် လူ ပေါ့ဂ်ဘာ
နှင့် တွဲပေးထားသည်။
ဖီအိုရင် တီးနားနှင့်ပွဲတွင် ဂျူဗင်တပ်သည် ထူးထူး ခြားခြား ပြင်သစ်သား သုံးယောက်ကို
ပွဲထွက် ကစားသမားများအဖြစ် ထည့်သွင်းခဲ့သည်။ ဂျူဗင်တပ်သည် နိုဝင်ဘာလအတွင်း
ကစားခဲ့သော အချို့ပွဲစဉ်များမှ စတင်ကာလေးယောက် ခံစစ်ပုံစံကို ပြောင်းလဲကစားလာ
သည်။
သို့ရာတွင် လေးယောက်ခံစစ်ပုံစံ ကစားသောအခါ ဂျူဗင်တပ်သည် ကစားပုံ အနည်းငယ်
နှေးကွေးလေးလံကာ တောင်ပံကစားသမားများသည် တိုက်စစ်တွင် လိုက်ပါ ကစားမှု
လျော့နည်းကာ ခံစစ်ဘက်သို့ ပိုမို 'ဇောင်းပေး'သွားသည်။ အောက်တိုဘာလ ၃၀ ရက်
တွင် ဂျူဗင်တပ် သည် ဂျီနိုအာကွင်း၌ ၁ဪဝ ဖြင့်အရေးနိမ့်ပြီးနောက် ပြန်လည်အား
ထည့်လိုက်သည်။ စီးရီးအေနှင့် ချန်ပီယံလိဂ်ခြောက်ပွဲဆက်တိုက် နိုင်ခဲ့ရာတွင် လေးပွဲ
တိတိ ပေးဂိုးမရှိဘဲ ခူနညျေ့နနအ ဖြစ်ခဲ့သည်။ ထိုခြောက်ပွဲအတွင်း ဂျူဗင်တပ်သည်
စုစုပေါင်း ၁၉ ဂိုးသွင်းယူခဲ့ရာ တစ်ပွဲပျမ်းမျှသွင်းဂိုး သုံးဂိုးအထက် ရှိခဲ့သည်။
သို့ရာတွင် တေဗက်ဇ်ဪလော်ရန်တေးတိုက်စစ် တွဲကို ပွဲထွက်ကစားသမားများအဖြစ်
အသုံး မပြုသော ပွဲစဉ်များတွင် ဂျူဗင်တပ်တိုက်စစ် အားလျော့ကျသွားပြီး ဖီအိုရင်တီးနားနှင့်
ပွဲစဉ်တွင် ဘောလုံးပိုင်ဆိုင်မှုနှင့် ကစားကွက်အသာစီးရပါ ကျဆင်းသွားသည်။
တစ်ဖက်တွင် ဆမ်ဒိုးရီးယားသည် အောက် တိုဘာလ ၀န်းကျင်က ခြေစွမ်းမျိုးမရှိတော့ဘဲ အနည်းငယ် ပြန်လည်ကျဆင်းလာသည်ကို တွေ့ရသည်။ နိုဝင်ဘာလဆန်းပိုင်းမှစတင်၍
အေစီမီလန်နှင့် ၂-၂၊ ဆီစီနာနှင့် ၁-၁၊ နာပိုလီနှင့် ၁-၁ ဆက်တိုက် သရေ
ကျခဲ့သည်။
နည်းပြ မီဟိုင်းလိုဗစ်လက်ထက်တွင် ဆမ်ဒိုးရီးယား သည် မာကျောတောင့်တင်းသော
အလယ်အလတ်အသင်း ဖြစ်လာသည်။ ရုပ်ပိုင်းကြံ့ခိုင် မှုကို အားပြုကစားပြီး ကစားအား၊
'ညှစ်အား' ကောင်းသည်။ ဂတ်ဘီယာဒီနီတို့ကို အများဆုံး အသုံးပြုကာ သုံးယောက်တိုက်
စစ်ပုံစံ သုံးစွဲ လာရာ တိုက်စစ်ပိုင်း ကောင်းလာသော်လည်း ခံစစ်ကြောင်း ကျစ်လျစ်မှုလျော့
ကျသွားသည်။
အောက်တိုဘာအတွင်းက ဆမ်ဒိုးရီးယားခံစစ် ကြောင်းသည် ထိုးဖောက်ရန် ခက်ခဲခဲ့ပြီး
နိုဝင် ဘာလတွင် တိုက်စစ်ပိုမို'ဖွင့်'လာသည်။ လက်ရှိအချိန်တွင် ဆမ်ဒိုးရီးယားသည်
ဆက်စူလိုနှင့်အတူ ခုနစ်ပွဲ သရေကျကာ သရေပွဲအများဆုံးအသင်းဖြစ်သည်။
သို့ရာ တွင် ရှုံးပွဲတစ်ပွဲသာရှိပြီးပေးဂိုး ၁၀ ဂိုးသာ ရှိသောကြောင့် ဂျူဗင်တပ်ပြီးလျှင် ပေးဂိုး
အနည်းဆုံးအသင်း ဖြစ်သည်။ ဆမ်ဒိုးရီးယားနောက်တန်းနှင့် ပေးဂိုးအနေအထားမှာ
အောက်တိုဘာလ ၃၀ ရက်တွင် အင်တာမီလန် ကို ၁ဪဝ ဖြင့် အရေးနိမ့်ပြီးနောက်
ယိမ်းယိုင် သွားသည်။ ထိုပွဲစဉ် မတိုင်မီက စီးရီးအေ ရှစ်ပွဲတွင် ပေးဂိုး လေးဂိုးသာ ရှိခဲ့
သောကြောင့် ပြိုင်ဘက်တိုင်းက ဆမ်ဒိုးရီးယား နောက်တန်း ကို အလေးထားခဲ့ရသည်။
အင်တာမီလန်ကို အရေးနိမ့်သည့် ပွဲစဉ်မှ စတင်ကာ ဆမ်ဒိုးရီး ယားသည် ငါးပွဲဆက်တိုက်
ပွဲတိုင်းဂိုးသွင်းခံ ရပြီး စုစုပေါင်း ခြောက်ဂိုးပေးခဲ့ရသည်။ သို့ရာတွင် ထိုငါးပွဲအတွင်း ဖီအို
ရင်တီးနား ကို ၃ဪ၁ ဖြင့် နိုင်ခဲ့ခြင်းအပါအဝင် စုစုပေါင်း ရှစ်ဂိုး ပြန်လည်သွင်းယူနိုင်
ခဲ့ရာ ဂိုးသွင်းအားတွင် သိသိသာသာ တိုးတက်လာသည်။ ခြံုကြည့်လျှင် ဂျူဗင်တပ်သည်
ချန်ပီယံလိဂ် ပွဲစဉ်အပြီး ဆမ်ဒိုးရီးယားကို ရင်ဆိုင်ရမည် ဖြစ်သောကြောင့် ဖိအားအနည်း
ငယ် ရှိသည်။
တစ်ဖက်တွင် ဆမ်ဒိုးရီးယားသည် ခံစစ် ကျစ်လျစ်မှု ကျဆင်းလာသော်လည်း ဂိုးသွင်း အား
မြင့်တက်လာသည်။ သို့ကလိုကြောင့် ဂျူဗင်တပ် နိုင်ခြေအနည်းငယ်သာရှိပြီး ဂိုးများ သောပွဲ
ဖြစ်လာနိုင်သည်။














