ပြိုကွဲနေတဲ့၊ ဖရိုဖရဲဖြစ်နေတဲ့ မန်ယူကို ရောက်လာတဲ့ ဒတ်ချ်မန်နေဂျာဖြစ်သူ လူးဝစ် ဗန်ဟားလ်
တစ်ယောက် ရောက်စကနဲ့မတူဘဲ တည်တည်တံ့တ့ံ၊ ခံ့ခံ့ညားညားဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။
ဖာဂူဆန်အလွန် ခေတ်သစ် မန်ယူကို ဒေးဗစ်မိုယက်စ်နဲ့ ပြန်လည် တည်ဆောက်ကြည့်ပေမယ့်
မန်ယူဟာ အရှုံး တွေသာ ကျန်ရစ်ခဲ့လို့ နောက်ဆုံးတော့ မိုယက်စ်နဲ့ လမ်းခွဲ၊ နယ်သာလန်အသင်း
ကို ပေါက်ပေါက်မြောက်မြောက်ဖြစ်အောင် စွမ်းဆောင်ခဲ့တဲ့ ဗန်ဟားလ်နဲ့ အစားထိုးလိုက် ရတဲ့
မန်ယူဟာအခုတော့လည်း ဖာဂူဆန်အလွန် ခေတ်သစ်မန်ယူ ဘဝသစ်တစ်ခု ပေါ်ပေါက်ဖို့ လမ်းစ
ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။
နယ်သာလန်အသင်းကို အတိုင်းအတာတစ်ခုအထိ အောင်မြင်အောင်စွမ်းဆောင် နိုင်ခဲ့တဲ့
ဗန်ဟားလ်ဟာ အသင်းပျက်၊ စိတ်ဓာတ် ပျက် မန်ယူကို ရောက်ရောက်ချင်းမှာတော့ တည်
ဆောက်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ဘယ် အချိန်အထိလဲ ဆိုရင်တော့ ဩဂုတ်၊ စက် တင်ဘာနဲ့
အောက်တိုဘာလတွေအထိလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ အဲဒီကာလတွေဟာ ဗန်ဟားလ်ကို
ဝေဖန်ခဲ့ကြတဲ့ကာလတွေပဲဖြစ်ပါတယ်။
ဒေးဗစ်မိုယက်စ်တောင် အဲဒီ သုံးလအတွင်းမှာ ဗန်ဟားလ်ထက်ပိုပြီး စွမ်းဆောင်နိုင်ခဲ့တယ်လို့
ရလဒ်အထောက် အထားတွေနဲ့ ဝေဖန်ခဲ့ကြပါတယ်။ ဗန်ဟားလ် ကလည်းနှုတ်ဆိတ်စွာနဲ့ပဲ ဖြတ်
သန်းနေခဲ့ပါတယ်။ သူ့ကိုကြည့်လိုက်ရင် မှတ်စု စာအုပ်ကြီးနဲ့ မှတ်သားရင်း တည် တည်ငြိမ်ငြိမ်
ရှိနေခဲ့ပါတယ်။ ဩဂုတ်၊ စက်တင်ဘာ၊ အောက် တိုဘာ သုံးလအတွင်းမှာ မန်ယူဟာ ကိုးပွဲ
ကစားခဲ့ပြီး ရမှတ်က ၁၃ မှတ် သာ ရရှိထားခဲ့တာပါ။ ငွေအလုံးအရင်းနဲ့ သုံးစွဲ ထားသည့်တိုင်
အသင်းက တိုးတက်မလာခဲ့လို့ ပါ။ လက်စတာလို တန်းတက်အသင်းကို သုံးဂိုးပြတ်နဲ့ဦးဆောင်ပြီး
မှ နောက်ဆုံးမှာ ၅ဪ၃ နဲ့ ရှုံးနိမ့်သွားတော့လည်း ဗန်ဟားလ်ဟာ တည်တည်ငြိမ်ငြိမ်ပဲ ရှိနေခဲ့ပါ
တယ်။
၁၀ ပွဲကစားအပြီးမှာ ၁၃ မှတ်သာရတော့လည်း ဝေဖန်သူတွေကို အဆိုးလို့လည်း မဆိုနိုင်ပါဘူး။
ဒါပေမဲ့ မန်စီးတီးကိုရှုံးနိမ့်ပြီးတဲ့နောက်ပိုင်း ကစပြီး ပြောင်းလဲထူးခြားသွားတာကတော့ အံ့ဩဖွယ်
ရာလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ ဆက်တိုက်နိုင်ပွဲရသွားလိုက်တာ ခြောက်ပွဲ ဆက်တိုက်ပဲ ဖြစ်ပါတယ်။
ဒီလိုရလဒ်ကောင်း ထွက်ခဲ့လို့လည်း အခုတော့ မန်ယူဟာ ချယ်လ်ဆီး၊ မန်စီးတီးတို့နောက် တတိယ
နေရာကို ရောက်လာရင်း ဖိအားတွေပေးလာ နေခဲ့ပုံက ဗန်ဟားလ်အရည်အသွေးကို အသိ အမှတ်
ပြုလာစေခဲ့ပါတယ်။ မန်စီးတီးကိုရှုံးပြီးတော့ နောက်ပွဲက ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားရတာပါ၊ အဲဒီမှာ
၁-၀ နဲ့ နိုင်ပြီးတော့ အာဆင်နယ်နဲ့ ဆက်ကစားရတော့ အဝေးကွင်း မှာ ၂-၁ နဲ့ နိုင်လိုက်ခြင်းက
အခြေအနေတွေ အားလုံးကို ပြောင်းလဲပစ်လိုက်တာပဲ ဖြစ်ပါ တယ်။
ပဲလေ့စ်ပွဲကစပြီး အာဆင်နယ်၊ ဟားလ် စီးတီး၊ စတုတ်၊ ဆောက်သမ်တန်၊ လီဗာပူး တို့ကို ဆက်
တိုက်အနိုင်ရလိုက်တာ ဖြစ်ပါ တယ်။ အစောပိုင်းက ၁၀ ပွဲမှာ ၁၃ မှတ်သာ ရထားတဲ့ မန်ယူဟာ
အခုတော့ ခြောက်ပွဲမှာ ၁၈ မှတ်အပြည့်ရယူနိုင်တဲ့ အသင်းဖြစ်လာ ခဲ့ပြီဖြစ်ပါတယ်။ အဆင့်(၅)၊
(၆) ၀န်းကျင်မှာ ကျင်လည်နေခဲ့ ရတဲ့ မန်ယူဟာ အခု တော့ အဆင့် (၃)နေရာကို ရယူထားတဲ့ ဆောက်သမ်တန်နေရာကိုအစားထိုးဝင်နေရာယူလာနိုင်ခဲ့ပြီဖြစ်ပါတယ်။
ထိပ်ဆုံးက ချယ်လ်ဆီးနဲ့ ရှစ်မှတ် အကွာ၊ ဒုတိယ နေရာက မန်စီးတီးနဲ့ ငါးမှတ် အကွာမှာ ရှိလာ
ခဲ့တာက စိန်ခေါ်ခြင်းတွေကို မက်မောတဲ့ ဗန်ဟားလ်အတွက်တော့ နောက် ထပ်စိန်ခေါ်မှု ဖြစ်လာ
တော့မှာပဲ ဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်ပွဲကစပြီး နိုင်ပွဲရပြီး အာဆင်နယ်ပွဲ အနိုင်ရလိုက်တော့
အားတက် သွားတဲ့ မန်ယူကိုကြည့်လိုက်ရင်တော့ ထူးခြား မှုတွေကို တွေ့ရမှာပဲဖြစ်ပါတယ်။
အစောပိုင်း က ၃-၅-၂ ကစားကွက်နဲ့ပဲ ပရီမီယာလိဂ်ကို ဖြတ်သန်းတဲ့ ဗန်ဟားလ်ဟာ ပဲလေ့စ်ပွဲ
ကစပြီး ကစားကွက်ပြောင်းလဲလိုက်ပါတယ်။ ၄ဪ၂ဪ၂ဪ၂ ကစားကွက်ကို ပြောင်းလဲ
လိုက်တာပါ၊ ဒီအပြောင်းအလဲအောက်မှာ ထူးခြားနေတာ က ယခင်က တောင်ပံကစားသမား
အဖြစ်သာ ကစားနေတဲ့ ဗလင်စီယာကိုနောက်တန်း ညာအစွန်ကို ကစားခိုင်းလိုက်ပြီး ဘယ်တောင်
ပံ မှာ လုခ်ရှောကိုကစားစေရာကနေ ယခင်က တောင်ပံသမားဖြစ်တဲ့ အက်ရှ်လေယန်းနဲ့ပြောင်းလဲ
လိုက်ခြင်းက ထူးခြားမှုပဲဖြစ်ပါတယ်။
နောက်တစ်ချက်က ဒဏ်ရာရနေတဲ့ကွင်းလယ်ကစားသမား မိုက်ကယ်ကားရစ်စတင်ကစားတဲ့ပွဲ
လည်းဖြစ်ခဲ့ပါတယ်။ အဲဒီပွဲမှာ မန်ယူဟာ ၁ဪဝ နဲ့အနိုင်ရလိုက်ပါတယ်။ အားလုံးက အလေး
မမူခဲ့ပါဘူး။ နောက်ပွဲဖြစ်တဲ့ အာဆင်နယ်ပွဲမှာလည်း ဗန်ဟားလ်ဟာ ဗလင်စီယာနဲ့ လုခ်ရှောကို
နောက်တန်း ဘယ် ညာအစွန်တွေမှာ ကစားဖို့ပွဲထုတ်ခဲ့ပေမယ့် လုခ်ရှောဟာအာဆင်နယ်ပွဲမှာ
၁၆ မိနစ်သာ ကစားလိုက်ရပြီး ဒဏ်ရာရသွားလို့ အက်ရှ် လေယန်းနဲ့ အစားထိုးလိုက်တာက မန်
ယူအလုံးစုံပြောင်းလဲဖို့ ဖြစ်သွားခဲ့တာပဲ ဖြစ်ပါတယ်။ အက်ရှ်လေယန်းဝင်လာပြီးမှာ မန်ယူနောက်
တန်း ဘယ်ညာအစွန်တွေက တိုက်စစ်လိုက်ထောက်ကစားပေးလိုက်တဲ့အားက အာဆင်နယ်
နောက်တန်းကို လှုပ်ခတ်သွားစေခဲ့ပါ တယ်။
ပြီးတော့ ဗလင်စီယာနဲ့ အက်ရှ်လေ ယန်းတို့ရဲ့ တိုက်စစ်လိုက်ထောက်တဲ့ ဟန်ချက် က အတွဲညီ
နေခဲ့ပါတယ်။ ခံစစ်အကူက မိုက်ကယ်ကားရစ်ကလည်း မန်ယူခံစစ်ပိုင်း ရောက်သွားတဲ့အခါမှာ
အထောက်အပံ့ဖြစ်သွားခဲ့တာ အခုလို ဆက်တိုက်အောင်မြင်မှု ရလာရတာပဲဖြစ်ပါတယ်။ အာ
ဆင်နယ်ပွဲပြီး တဲ့နောက်ပိုင်းကစတင်ပြီး ဗန်ဟားလ်ဟာ မန်ယူနောက်တန်း ဘယ်ညာအစွန်တွေ
ကို ဗလင်စီယာ၊ အက်ရှ်လေယန်းတို့နဲ့ပဲ ဆက်တိုက် ပွဲထုတ်ကစားလာခဲ့တာဖြစ်ပါတယ်။ နောက်
တန်းသမားတွေဖြစ်တဲ့ ဒီနှစ်ယောက် ရဲ့ တိုက်စစ်လိုက်ထောက် ဖြတ်တင်ဘောအားပြုကစားဟန်
က ရွန်နေ၊ ဗန်ပါစီတို့ အပြင် မာတာ၊ ဖယ်လိုင်နီတို့ကိုပါ အထောက် အပံ့ဖြစ်လာစေခဲ့ပါတယ်။
ဒီနှစ်ယောက်ရဲ့ ဖြတ်တင်ဘောတွေမှာ အက်ရှ်လေယန်းက အမြင့်ဖြတ်တင်ဘောတွေကို ပိုပြီး
အသုံးပြုစေပြီး ဗလင်စီယာကျတော့ အနိမ့်ဖြတ်တင် ဘောတွေကို အားပြုခိုင်းထားတာကို တွေ့ရ
မှာ ဖြစ်ပါတယ်။ အနီးစပ်ဆုံး ထင်သာမြင်သာမှုအနေနဲ့က တော့ ပြီးခဲ့တဲ့အပတ်ကကစားသွားတဲ့
မန်ယူဪ လီဗာပူးပွဲ ကစားပုံပဲဖြစ်ပါတယ်။ မန်ယူ စတင်သွင်းယူခဲ့တဲ့ နှစ်ဂိုးကိုကြည့်လိုက်ရင်
ဗလင်စီယာ၊ အက်ရှ်လေယန်းတို့ရဲ့ တိုက်စစ် လိုက်ထောက် ပံ့ပိုးအားကြောင့် ဆိုတာကိုတွေ့ရမှာ
ပဲ ဖြစ်ပါတယ်။ ရွန်နေသွင်းတဲ့ပထမဂိုးကို ကြည့်လိုက်ရင် ဗလင်စီယာရဲ့ ဖြတ်ပို့တဲ့ အနိမ့်ဘောက
နေ သွင်းသွားတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ဗလင်စီယာတက်လာချိန်မှာ ရွန်နေဟာ ကွင်းလယ်မှာပဲ ရှိနေပါသေးတယ်။ ဗန်ပါစီ နဲ့ မာတာတို့က
လီဗာပူး နောက်တန်းသမားတွေကို ဆွဲခေါ်သွားချိန် မှာ လီဗာပူး ပင်နယ်တီဧရိယာအစပ်မှာ နေရာ
လွတ်ကြီးတစ်ခုပေါ်လာလို့ နောက်ချန်အနေနဲ့ လိုက်ပါလာတဲ့ ရွန်နေက ၀င်ဖြည့် လိုက်တာကို
ဗလင်စီယာက တိတိကျကျ ထိုးပေးလိုက်ပြီး သွင်းသွားခဲ့တာဖြစ်ပါတယ်။ ဒီဂိုးဟာ ဗန်ဟားလ်ရဲ့ ဖော်မြူလာထဲကိုတန်းဝင်သွားတဲ့ဂိုးလို့ပဲ မြင်နေမိပါတယ်။ဒုတိယဂိုးကို ကြည့်လိုက်
ရင်လည်း အက်ရှ်လေယန်း တိုက်စစ်လိုက်ထောက် ကစားလာ ပြီးတော့ ဖြတ်တင်ဘောပို့တဲ့အခါ
မှာ ဗလင် စီယာလိုမဟုတ်ဘဲ အမြင့်ဖြတ်တင်ဘော ပို့လိုက်တာကို တွေ့ရမှာပဲဖြစ်ပါတယ်။
မာတာ သွင်းတာ လူကျွံတယ်လို့ စောဒကတက်နိုင် ပေမယ့် ကြားထဲမှာ တစ်ယောက်က ခေါင်း
တိုက် လိုက်တာကိုတော့ သတိပြုရမှာဖြစ်ပါတယ်။ဒီနှစ်ဂိုးက နောက်တန်းဘယ်ညာအစွန်တွေရဲ့
ပံ့ပိုးအားက အဓိကဆိုတာကို တွေ့ရတဲ့ဂိုးတွေပဲဖြစ်ပါတယ်။ ဒါဟာ ဗန်ဟားလ်ရဲ့ ဖော်မြူလာ၊ ဗန်
ဟားလ်စတိုင်လို့ ပြောရမှာပဲ ဖြစ်ပါတယ်။ သူဟာ အေဂျက်စ်မှာတုန်းကလည်း ဒီလို နောက်တန်း
ဘယ်ညာတောင်ပံတွေကို အားကိုးကစားခဲ့ပါတယ်။ ဘာစီလိုနာမှာလည်း ဒီပုံစံအတိုင်း ကစားခဲ့ပါ
တယ်။ အဲလ်ဗက်က နမူနာပြစရာပါ။ ဘိုင်ယန်မြူးနစ်ကိုရောက် တော့လည်း ဒီလိုပဲ ဘယ်ညာ
တောင်ပံကစား သမားတွေကို အားကိုးခဲ့ပါတယ်။ ဖိလစ်လမ်း၊ ဘက်တူစတာနဲ့ အလာဘာတို့က
နမူနာတွေပဲဖြစ်ပါတယ်။ အခုမန်ယူကိုလည်း အဲဒီပုံစံ အတိုင်း တည်ဆောက်ထားနေပါပြီ။
ဗလင် စီယာ၊ အက်ရှ်လေယန်းတို့နဲ့ တည်ဆောက် ထားတာပါ။ မန်ယူကို ကွင်းလယ်က ထိုးဖောက်
တဲ့ ကစားဟန်ထက် တောင်ပံအားတွေနဲ့ပဲ တည်ဆောက်ထားခဲ့ပါတယ်။ ဗလင်စီယာနဲ့ အက်ရှ်
လေယန်းဟာ ဗန်ဟားလ် လိုချင်တဲ့အတိုင်း ခြေစွမ်းပြနေတဲ့အတွက် နောက်တန်း အစွန်သမား
စစ်စစ်တွေဖြစ်တဲ့ ရာဖေးလ်နဲ့ လုခ်ရှောတို့ဟာ ဦးစားပေးနေရာရလာဖို့ ခက်ခဲသွားပြီ ဖြစ်ပါတယ်။
ဗလင်စီယာနဲ့ ယန်းတို့ ဒဏ်ရာရသွားချိန်တွေကိုပဲ စောင့်စား ရဖို့ရှိပါတော့တယ်။ ဗလင်စီယာနဲ့
ယန်းတို့ ဒဏ်ရာရသွားရင်လည်း မန်ယူတိုက်စစ်ဟာထိရောက်မှု အားနည်းသွားမှာလည်း သေချာ
နေပါတယ်။ ဒီနှစ်ယောက်ရဲ့ ပံ့ပိုး အားက အရမ်းကောင်းခဲ့တဲ့ အတွက်ကြောင့်လည်း အခု လို
ခြောက်ပွဲဆက်တိုက်အနိုင်ရတာပဲဖြစ်ပါတယ်။ ဒီနှစ်ယောက် ကို ထိန်းချုပ်နိုင်ခဲ့ရင်လည်း အခက်
အခဲရှိသွားဖွယ် ရှိနေပါတယ်။ အခုတော့ မန်ယူရဲ့ ရစ်သမ်က အကောင်း ဆုံးကို ရောက်လာနေလို့
လာမယ့်ပွဲစဉ်ဖြစ်တဲ့ ဗီလာနဲ့ပွဲမှာလည်း မန်ယူဟာ သုံးမှတ် ရလာဖို့ ရှိနေပါတယ်။ အစောပိုင်းပွဲစဉ်
တွေမှာ သူ့ရဲ့အရည်အသွေးအပေါ် ဝေဖန်စရာ ဖြစ် ခဲ့တဲ့ နယ်သာလန်နည်းပြ လူးဝစ္စဗန်ဟားလ်
တစ်ယောက် အခုအချိန်မှာတော့ မန်ယူကို တည်ဆောက်နိုင်လိုက်ပြီလို့ပဲ ယူဆနေမိပါရဲ့ ...။















