မန်စီးတီး - ပဲလေ့စ် စနေ၊ ည ရး၁၅
ဒုတိယနေရာက မန်စီးတီးအသင်း အိမ်ကွင်း ဖြစ်လို့ အခွင့်ကောင်းလို့ ယူဆနိုင်ပါတယ်။ ဒါပေမဲ့
အသင်းမှာ အားထားရတဲ့ တိုက်စစ်မှူး တွေ ဒဏ်ရာရနေတာက အဓိကပြဿနာပဲ ဖြစ်ပါတယ်။ ခရစ္စ
တယ်ပဲလေ့စ်ကိုလည်း လျှော့တွက်လို့မရပါဘူး။ ခံစစ်သက်သက် ကစားလာမယ့် အသင်းမဟုတ်
သလို တန်ပြန် တိုက်စစ်က မြန်တဲ့အတွက်မန်စီးတီး သတိထား ရမယ့်ပွဲလည်းဖြစ်ပါတယ်။အဂူရို၊
ဒီဇစ်ကို၊ ဂျိုဗီတစ်တို့မပါတဲ့ မန်စီးတီး နှစ်ဂိုးထက်ပိုပြီး ဂိုးမသွင်းနိုင်လို့ ပဲလေ့စ်ကိုပဲကြိုက်ပါတယ်။
စပါး - ဘန်လေ စနေ၊ ည ၉း၃၀
စပါးကအိမ်ကွင်းမှာ နိုင်ပွဲပျောက်နေတာ အတော်ကြာသွားပါပြီ။ ဒါကြောင့် ဒီပွဲမှာ နိုင်ပွဲရနိုင်ဖို့ကစား
အား တင်လာမယ့်ပွဲဖြစ်လာ ပါလိမ့်မယ်။ စပါးနဲ့ယှဉ်ရင်ဘန်လေက အတော်လေးကွာပေမယ့်
အသင်းလိုက်ကစား အားရှိတာကို သတိပြုသင့်ပါတယ်။ ခံစစ် ကစားအားလည်း ကောင်းတဲ့
အသင်းဖြစ်လို့ စပါးအနိုင်ဟာ မပြတ်သားနိုင်ပါဘူး။ ဘန်လေကို ကြိုက်ပါတယ်။
ကျူပီအာရ် - ၀က်စ်ဘရွန်း စနေ၊ ည ၉း၃၀
ကျူပီအာရ်က အိမ်ကွင်းမှာ အမှတ်ပြည့်ရနိုင်အောင် ကစားနေပါတယ်။ ကစားသမားတွေကလည်း
အိမ်ကွင်းရောက်ရင် ကစားပုံပိုကောင်းတာတွေ့ရပါတယ်။ ၀က်စ်ဘရွန်း ကတော့ အဝေးကွင်းဆိုရင်
သင့်ရုံသာကစား နိုင်ပြီး ခံစစ်ကို အားပြုကစားတတ်တာ တွေ့ရ ပါတယ်။ အသင်းချင်း သိပ်မကွာပေ
မယ့် ကျူပီအာရ် ကစားအားကို ပိုကြိုက်ပါတယ်။
ဟားလ်စီးတီး - ဆွမ်ဆီး စနေ၊ ည ၉း၃၀
ဟားလ်စီးတီးကတော့ အခြေအနေ တော်တော်ဆိုးသွားပြီး တန်းဆင်းဇုန်ထဲကို ရောက်သွားပါတယ်။
ကွင်းလယ်မှာ အားထား ရတဲ့ ဟတ်ဒယ်စတုန်း ပွဲပယ်လို့ အားလျော့ သွားပါတယ်။ ဆွမ်ဆီးနှစ်ပွဲ
ဆက်ရှုံးသွားလို့ ဒီပွဲကို အနိုင်ရဖို့ ပြင်ဆင်ထားနိုင်ပါတယ်။ တိုက်စစ်ရော၊ ကစားဟန်ပါ ဆွမ်ဆီး
သာတဲ့ အတွက် အနိုင်ရသွားနိုင်ပါတယ်။
ဗီလာ - မန်ယူ စနေ၊ ည ၉း၃၀
မန်ယူကတော့ ခြောက်ပွဲဆက်တိုက်ကို အနိုင်ရထားလို့ အကောင်းဆုံးရစ်သမ်တစ်ခုကို ပိုင်ဆိုင်နေ
ပါတယ်။ဗီလာက ခြေစွမ်းပြန်ကောင်းနေရာက ပြီးခဲ့တဲ့အပတ် ကတော့ ၀က်စ်ဘရွန်းကိုရှုံးသွားခဲ့ပါ
တယ်။ ပွဲကျပ်ကာလအစမို့ ဗန်ဟားလ် ကျော်ဖြတ် နိုင်အောင် ပြင်ဆင်ထားနိုင်ပါတယ်။ မန်ယူ
အနိုင်ရဦးမှာ သေချာပါတယ်။
၀က်စ်ဟမ်း - လက်စတာ စနေ၊ ည ၉း၃၀
၀က်စ်ဟမ်းကတော့ တော်တော်ထူးခြားတဲ့ အသင်းဖြစ်ပါတယ်။ အရင်နှစ်တွေက အဲဗာ တန်
ကောင်းသလို ကောင်းနေတဲ့အသင်း ဖြစ် ပါတယ်။ လက်စတာကတော့ ကစားအား တင်လို့
မရတဲ့အသင်း ဖြစ်နေပါတယ်။ အဝေး ကွင်းကစားပုံလည်း မကောင်းလို့ ၀က်စ်ဟမ်း ဂိုးပြတ်
အနိုင်ရသွားပါလိမ့်မယ်။
ဆောက်သမ်တန် - အဲဗာတန် စနေ၊ ည ၉း၃၀
အစောပိုင်း အမှတ်များစွာရယူထားတဲ့ ဆောက်သမ်တန်အသင်း ဗီလာပွဲကစပြီး နိုင်ပွဲပျောက်သွား
တာ ငါးပွဲဆက်တိုက်ပဲ ဖြစ်ပါတယ်။ အဲဗာတန်က အဝေးကွင်းဆိုရင် ကစားပုံကောင်းလှတဲ့အသင်း
မဟုတ်ပါဘူး။ အထူးသဖြင့် ခံစစ်က အရမ်းအားနည်းတဲ့ အသင်းဖြစ်ပါတယ်။ ဆောက်သမ်တန်
နိုင်ပွဲပြန်တွေ့မယ့်ပွဲဖြစ်ပါတယ်။
နယူးကာဆယ် - ဆန်းဒါးလန်း တနင်္ဂနွေ၊ နံနက် ၀၀းဝဝ
နယူးကာဆယ်ကတော့ ဆန်းဒါးလန်း အသင်းထက် ပိုကောင်းတဲ့အသင်းဖြစ်ပြီး အိမ်ကွင်းလည်း
ဖြစ်နေပါတယ်။ ဆန်းဒါးလန်း ကတော့ ဒီရာသီမှာသရေအများဆုံးကစားထားတဲ့ အသင်းတစ်သင်း
ဖြစ်ပါတယ်။ နှစ် သင်းစလုံး တိုက်စစ်ဖွင့်ကစားလာနိုင်လို့ ဒီပွဲဟာ အသင်းထက်ဂိုးအများကိုရွေးတာ
အသင့်တော်ဆုံးပါ။
လီဗာပူး - အာဆင်နယ် တနင်္ဂနွေ၊ ည ၁၀း၃၀
လီဗာပူးရဲ့ နောက်ထပ်ပွဲကျပ်တစ်ပွဲပဲ ဖြစ်ပါတယ်။ မန်ယူကို ဂိုးပြတ်ရှုံးပြီးလို့ အခုတစ်ခါ အာဆင်
နယ်နဲ့ဖြစ်လို့ လီဗာပူးရဲ့ အကျပ် အတည်းကာလပဲဖြစ်ပါတယ်။ အာဆင်နယ် ကလည်း အဝေးကွင်း
ဆိုရင် အားနည်းတဲ့ အသင်းဖြစ်ပါတယ်။ မန်ယူပွဲမှာလူစားဝင်တဲ့ ဘာလော့တယ်လီ ကစားပုံတော်
တော် ကောင်းခဲ့ပါတယ်။ အခုပွဲမှာ ဘာလော့တယ် လီ ဂိုးသွင်းနိုင်ပါလိမ့်မယ်။ လီဗာပူးကို ကြိုက်
ပါတယ်။
စတုတ် - ချယ်လ်ဆီး အင်္ဂါ၊ နံနက် ၂း၃၀
ချယ်လ်ဆီးအတွက် ခက်ခဲမယ့်ပွဲစဉ်တစ်ပွဲ ပဲ ဖြစ်ပါတယ်။ စတုတ်က ခြေစွမ်းပြန်တက် လာနေတဲ့
အသင်းဖြစ်ပါတယ်။ စတုတ်က အိမ်ကွင်းဆိုရင် အသင်းကြီးတွေကို ဒုက္ခ ပေးလေ့ရှိတာအစဉ်
အလာပဲဖြစ်ပါတယ်။ ချယ်လ်ဆီးနောက်တန်းက အဝေးကွင်းမှာ ဂိုးတွေပေးနေရတဲ့ အသင်းဖြစ်
တယ်ဆိုတာလည်း မေ့ထားလို့မရပါဘူး။ ချယ်လ်ဆီးခက်ခက်ခဲခဲကစားပြီးမှ ပွတ်ကာသီကာနဲ့ပဲ
နိုင်ကောင်းနိုင်သွားနိုင်ပါတယ်။














