ရိုးမား-အေစီမီလန် တနင်္ဂနွေ၊ နံနက် ၂း၁၅
ပြီးခဲ့သော ပွဲစဉ်(၁၅)တွင် ဂျူဗင်တပ် သည် ဆမ်ဒိုးရီးယားနှင့် အိမ်ကွင်း၌ ၁ဪ၁ သရေကျခဲ့သည်။
တစ်ဖက်တွင် ရိုးမားက ဂျီနိုအာကွင်း၌ ၁-၀ ဖြင့် နိုင်လိုက်သော ကြောင့် ၎င်းတို့နှစ်သင်းကြား
အမှတ်ကွာဟ မှု ကျဉ်းမြောင်းသွားပြီး တစ်မှတ်သာ ကွာခြားတော့သည်။
ထိုအနေအထားကို ဆောင်းရာသီ အားလပ်ရက် (တငညအနမဘမနေု) မတိုင်မီအထိ ဆက်ထိန်း
ထားနိုင်ရန် ရိုးမား တို့ အားထည့်ကစားသွားဖွယ်ရှိသည်။ အိမ်ကွင်း၌ မန်စီးတီးကို ၂-၀ ဖြင့် အရေး
နိမ့်ခဲ့သောကြောင့် ချန်ပီယံလိဂ် ပြိုင်ပွဲမှ ထွက်လိုက်ရသော ရိုးမားသည် စီးရီးအေပြိုင်ပွဲတွင် အာရုံစူး
စိုက်မှု ပိုမို တိုးမြှင့် လာနိုင်သည်။
လတ်တလောတွင် ရိုးမား သည် ဂိုးသွင်းအား မကျဆင်းသော်လည်း တိုက်စစ်မှူးများ၏ ဂိုးသွင်းနှုန်း
မှာ သိသိသာသာ ကျဆင်းသွားသည်။ တိုက်စစ်မှူး အဒမ်လာဂျစ်ကလွဲပြီး ကျန်တိုက်စစ်မှူးများ မှာ
ယာယီအားဖြင့် ဂိုးမိုးခေါင်နေကြသည်။ အီတလီတိုက်စစ်မှူးများ ဖြစ်ကြသော တော့တီ၊ ဖလိုရန်ဇီနှင့်
ဒက်စထရိုတို့အားလုံး ဂိုးပေါက်ပျောက်သွားသည်။
အားထားရ သည့် တိုက်စစ်မှူး ဂျာဗင်ဟိုလည်း ဂိုးသွင်းနှုန်း ကျဆင်းသွားသည်။ အာဂျင်တီးနား
တိုက်စစ်မှူးလေး အိုင်တာဘီသည် ယခု ရာသီတွင် ရိုးမားသို့ ပြောင်းရွှေ့လာပြီး နောက် ခြေစွမ်း
မပြနိုင်သေးဘဲ စီးရီးအေတွင် တစ်ဂိုးသာ သွင်းယူနိုင်သေးသည်။ သို့ရာတွင် ရိုးမားကွင်းလယ်
သည် 'ရစ်သမ်'မိပြီး အသင်းလိုက် ကစားကွက်နှင့် ချိတ်ဆက်မှု ကောင်းမွန်အောင် ပံ့ပိုးနိုင်သည်
ကို တွေ့ရသည်။ ကွင်းလယ်တွင် ၀ါရင့် ကစားသမားနှစ်ဦးဖြစ်သော ဒီရော့စီ နှင့် ကီတာတို့ကို
တစ်လှည့်စီ ပွဲထုတ်သည်။ ၎င်းတို့ကို ပန်နစ်၊ နိုင်ဂိုလန်တို့ဖြင့် တွဲပေး ထားရာ ခြေစွမ်းပြနိုင်သော
ကြောင့် ယမန် နှစ်က ပွဲထွက်ကစားသမား နယ်သာလန် လက်ရွေးစင် ကီဗင်စထရုမင်းပင် ယခု
ရာသီ တွင် အရန်ခုံရောက်သွားသည်။
ကွင်းလယ် အထိုင် ကောင်းသောကြောင့် ရိုးမားသည် ကစားကွက်၊ ဘောလုံးပိုင်ဆိုင်မှုတို့
အသာစီး ရလေ့ရှိပြီး ပြိုင်ဘက်ကို အပေါ်စီးက ကစား တတ်သည်။ နည်းပြ ဂါစီယာသည်
ရိုးမားနောက်တန်း ကို လူအပြောင်းအလဲများ ပြုလုပ်လာသည်။ ခံစစ်ဗဟိုတွင် ယခင်က ဂရိ
လက်ရွေးစင် မာနိုလက်စ်နှင့် အထိုင်ချရာက ပြီးခဲ့သောပွဲစဉ်များ၌ ပြင်သစ်နောက်ခံလူ အမ်ဘီဝါ
ကိုသာ ပင်တိုင်ပွဲထုတ်လာပြီး မာနိုလက်စ်၊ အီတလီလက်ရွေးစင်နောက်ခံလူ အက်စတို ရီတို့ကို
တစ်လှည့်စီ ထည့်သွင်းကစားခဲ့ သည်။ တစ်ဖန် တောင်ပံခံစစ်များတွင်လည်း လူအပြောင်းအလဲ
များရှိခဲ့ပြီး တောင်ပံ တိုက်စစ်မှူး ဖလိုရန်ဇီကိုပင် အချို့ပွဲစဉ်များ ၌ တောင်ပံခံစစ် ပြောင်းလဲကစား
စေသည် ကို တွေ့ရသည်။
အကျိုးဆက်အနေဖြင့် ရိုးမား ဂိုးသွင်းအားနှင့် စွမ်းဆောင်ရည်ပိုင်း ကျဆင်းသွားခြင်း မရှိသည့်တိုင်
ခံစစ်ကြောင်း တည်ငြိမ်မှု လျော့ကျသွားပြီး ပေးဂိုးမြင့်တက်လာသည်။ တစ်ဖက်တွင် အေစီမီလန်
သည် အိမ်ကွင်း ပွဲစဉ်များ၌ အနိုင်ရအောင် အားထည့်ပြီး 'ညှစ်'လာသော်လည်း အဝေးကွင်းပွဲစဉ်
များတွင် ရလဒ်အားဖြင့် စိတ်မချရသကဲ့သို့ စွမ်းဆောင်ရည်ပိုင်းတွင်လည်း အားရဖွယ် မရှိတာကို
တွေ့ရသည်။ အေစီမီလန်တိုက်စစ်တွင် ပြင်သစ်ကစားသမား ဂျီမီနက်ဇ်သာ ပုံမှန်ပွဲထွက်ခွင့် ရပြီး
အဲလ်ရှော်ရေး၊ ဟွန်ဒါ၊ ဘိုနာဗန်တျူရာ၊ အင်ဒီယာပိုလီတို့ကို လဲလှယ်သုံးစွဲနေ သည်။ စပိန်တိုက်
စစ်မှူး ဖာနန်ဒိုတောရက်စ် လည်း အေစီမီလန်တိုက်စစ်တွင် ပုံမှန်နေရာ မရဘဲ ရုန်းကန်နေရသည်။
ပွဲထွက်ကစား သမား အပြောင်းအလဲများသောကြောင့် အေစီမီလန်တိုက်စစ်သည် မှန်းဆရခက်
နေသည်။ အေစီမီလန်ကွင်းလယ်တွင် အသင်း ခေါင်းဆောင် မွန်တိုလီဗို ပြန်လည်ကစား နိုင်သော်
လည်း တစ်ပွဲနှင့်တစ်ပွဲ လူထုတ်ပုံ တည်ငြိမ်မှု မရှိပေ။ သို့ရာတွင် ကွင်းလယ် ကို ၀ါရင့်ကစားသမား
များဖြင့် 'အထိုင်ချ' ထားသောကြောင့် သမ္ဘာနှင့် ထိန်းကစား သွားနိုင်သည်။ အေစီမီလန်နောက်တန်း
သည် အိမ်ကွင်း၌ လုံခြံုကျစ်လျစ်လာသော် လည်း အဝေးကွင်းပွဲစဉ်များတွင် ရုန်းကန်ရ တတ်သည်။
အထူးသဖြင့် တိုက်စစ်အား ကောင်းသော အသင်းကြီးများကို ရင်ဆိုင်ရာ ၌ အေစီမီလန်ခံစစ်ကြောင်း
သည် အချိတ် အဆက်မမိတော့ဘဲ ပေးဂိုးများတတ်သည်။ ခြံုကြည့်လျှင် ရိုးမားသည် တိုက်စစ်မှူး များ
ဂိုးသွင်းနှုန်း ကျဆင်းသည်မှလွဲပြီး ခြေစွမ်းရော၊ ရလဒ်ပါ 'အတက်ဘက်'တွင် ရှိနေသည်။
အေစီမီလန်ကမူ ထိပ်တန်း အသင်းကြီးများနှင့် ရင်ဆိုင်ရာတွင် အဝေး ကွင်းပွဲစဉ်များ၌ ရုန်းကန်
ရလေ့ရှိသည်။ သို့ကလိုကြောင့် ရိုးမားကို ကြိုက်ပြီး ဂိုးများသောပွဲ ဖြစ်လာနိုင်သည်။














