ဆောင်းခိုချိန်မှာ ဂျူဗီတို့ အမှတ်ပြည့်ယူမယ် - အီတလီစီးရီးအေပွဲစဉ်(၁၆)

ဆောင်းခိုချိန်မှာ ဂျူဗီတို့ အမှတ်ပြည့်ယူမယ် - အီတလီစီးရီးအေပွဲစဉ်(၁၆)

ကက်ဂလီယာရီ - ဂျူဗင်တပ် (သောကြာ၊ နံနက် ၀၀း၃၀)
ကက်ဂလီယာရီမှာ တစ်ဦးချင်းကောင်းသူအချို့ ပါ၀င်နေပေမယ့် ခြေစွမ်းက အကျဘက် ရောက်နေ
သလို နောက်တန်း'ပွင့်'တယ်။ ဂျူဗင်တပ်ကတော့ ဆမ်ဒိုးရီးယားကို သရေကျလို့ ရိုးမားနဲ့ အမှတ်
ကပ်သွားတယ်။ ဒါကြောင့် အခုပွဲကို 'တင်'ကစားမယ်လို့ ယူဆရတယ်။ ဂျူဗင်တပ်ကို ရွေးချယ်သင့်
တယ်။

နာပိုလီ - ပါးမား (သောကြာ၊ နံနက် ၂း၃၀)
အေစီမီလန်ကို နှစ်ဂိုးပြတ်ရှုံးလိုက်လို့ နာပိုလီတို့ အခုပွဲမှာ ပြိုင်ဘက်ကို အနိုင်ကစားပြီး အသင်းကို
'ဆွဲတင်'ရတော့မယ်။ နာပိုလီဟာ တောင်ပံတိုက်စစ်ကောင်းလို့ ပွဲကိုအာရုံစိုက်ပြီး အားထည့်ကစား
မယ်ဆိုရင် တော်ရုံတန်ရုံပြိုင်ဘက် ပြိုဆင်းသွားနိုင်တယ်။ ပါးမားကတော့ တောက်လျှောက်စိုက်ဆင်း
နေပြီး တိုက်စစ်ရော ခံစစ်ပါ ကျဆင်းသွားတယ်။ နာပိုလီ အနိုင်ပြတ်သားမယ်လို့ ယူဆမိတယ်။

ဆက်စူလို - ဆီစီနာ (စနေ၊ ည ၁၁း၃၀)
ရိုးမားကို ၂-၂ သရေကျပြီး ပါလာမိုကွင်းမှာ ၂-၁ နဲ့ ရှုံးထားတဲ့ ဆက်စူလိုဟာ အခုပွဲမှာတော့
အိမ်ရှင်ဖြစ်လို့ နိုင်အောင် 'ညှစ်'ရတော့မယ်။ ဆီစီနာကလည်း ပြီးခဲ့တဲ့ သုံးပွဲဆက်တိုက် ရှုံးခဲ့ရာမှာ
၁၀ ဂိုးသွင်းခံထားရလို့ နောက်တန်း 'ပွင့်'နေတယ်။ အသင်းလိုက်စုစည်းမှုကောင်းပြီး အိမ်ရှင်အား
သာချက်ရှိတဲ့ ဆက်စူလို အနိုင်ပါ။

ဗီရိုနာ - ချီယေဗို (တနင်္ဂနွေ၊ ည ၆းဝဝ)
တောက်လျှောက်စိုက်ဆင်းခဲ့တဲ့ ဗီရိုနာဟာ ယူဒီးနိစ်ကွင်းမှာ ၂-၁ နဲ့ နိုင်လိုက်တဲ့ ခြေစွမ်းကို
ဆက်ထိန်းနိုင်မယ်ဆိုရင် ပြန်လည်ဦးမော့လာမယ်လို့ ယူဆရတယ်။ ချီယေဗိုလည်း ခြေစွမ်း
ပြန်တက်လာတယ်။ အခုပွဲစဉ်က ဒေသခံပြိုင်ဘက်နှစ်သင်း ယှဉ်ပြိုင်မှာဖြစ်လို့ နှစ်သင်း စလုံး
အားထည့်ရမှာဖြစ်ပြီး သရေကျဖွယ်ရှိပြီး ကံတရားဖေးမရင် ဗီရိုနာနိုင်ခြေခပ်ပါးပါးရှိတယ်။

အတ္တလန္တာ - ပါလာမို (တနင်္ဂနွေ၊ ည ၈း၃၀)
ပြီးခဲ့တဲ့ နှစ်ပွဲဆက်တိုက်မှာ ငါးဂိုးသွင်းခံလိုက်ရတဲ့ အတ္တလန္တာနောက်တန်းကို စိတ်ချလို့ မရဘူး။
အသင်းလိုက် စုဖွဲ့ကစားရာမှာလည်း အတ္တလန္တာခြေကျနေတယ်။ ပါလာမိုကတော့ အချိတ်အဆက်
မိပြီး ခြေပြန်တက်လာတယ်။ အိမ်ကွင်းမှာ အနိုင်ကစားပြီး အဝေးကွင်း ကိုလည်း အနိမ့်ဆုံး သရေ
ကစားနိုင်တာ တွေ့ရတယ်။ ဒါကြောင့် အခုပွဲမှာလည်း ပါလာမိုကို ပိုကြိုက်တယ်။

ဖီအိုရင်တီးနား - အမ်ပိုလီ (တနင်္ဂနွေ၊ ည ၈း၃၀)
စီးရီးအေကို ပြန်ပြီးအာရုံစိုက်လာတဲ့ ဖီအိုရင်တီးနားဟာ ပြီးခဲ့တဲ့ နှစ်ပွဲဆက်တိုက်မှာ ဂျူဗင်တပ်ကို
သရေကျပြီး စီဆီနာကွင်းမှာ ၄-၁ နဲ့ အနိုင်ပြတ်သားခဲ့တယ်။ ၀ါရင့်တိုက်စစ်မှူး မာရီယိုဂိုမက်ဇ်လည်း
ဂိုးပြန်နိုင်သွင်းလို့ ဖီအိုရင်တီးနားတိုက်စစ်အတွက် အားတက်စရာပါ။ အမ်ပိုလီကလည်း ကစားအား
ရော၊ စိတ်ဓာတ်ပါ ကောင်းပေမယ့် တိုက်စစ်ကောင်းတဲ့ အသင်း ကြီးတွေကို ကြံ့ကြ့ံခံနိုင်တဲ့ အနေ
အထားမှာ မရှိသေးဘူး။ ဖီအိုရင်တီးနား အနိုင်ပြတ်သားမယ် လို့ ယူဆမိတယ်။၏

ဆမ်ဒိုးရီးယား - ယူဒီးနိစ် (တနင်္ဂနွေ၊ ည ၈း၃၀)
ဂျူဗင်တပ်ကွင်းမှာ ၁-၁ သရေကစားခဲ့တဲ့ ဆမ်ဒိုးရီးယားခြေစွမ်းကို လျှော့တွက်လို့မရဘူး။ အသင်း
လိုက် မာကျောတဲ့ ဆမ်ဒိုးရီးယားဟာ သုံးယောက်တိုက်စစ် ကစားပုံနဲ့ အလုပ်ဖြစ်လာ တယ်။ ယူဒီ
နီးစ်ဟာ တိုက်စစ်ကောင်းပေမယ့် ခြေစွမ်းမငြိမ်သလို နောက်တန်းကလည်း အတက် အကျများ
တယ်။ ဆမ်ဒိုးရီးယားကို ပိုကြိုက်တယ်။

တိုရီနို - ဂျီနိုအာ (တနင်္ဂနွေ၊ ည ၈း၃၀)
တိုရီနိုဟာ 'ရစ်သမ်'ပျက်ပြီး အချိတ်အဆက်မမိတော့သလို နောက်တန်းကစားပုံ ယိမ်းယိုင် နေတယ်။
ဂျီနိုအာက ဆက်တိုက်ခြေတက်နေပြီးမှ ရိုးမားကို ၁-၀ နဲ့ ရှုံးလိုက်လို့ 'ဦးကျိုး'သွားမှာ ကို စိုးရိမ်ရ
တယ်။ ဒါပေမဲ့ ပုံမှန်အတိုင်းတွက်ရင်တော့ ဂျီနိုအာဟာ နည်းပြဂတ်စ်ပါရီနီလက်ထက်မှာ စွမ်းဆောင်
ရည်ပိုင်းရော အနိုင်ရအောင် ညှစ်ကစားတဲ့ပုံပါ ကောင်းမွန်လာ တယ်။ ဂျီနိုအာကို ပိုကြိုက်တယ်။

အင်တာမီလန် - လာဇီယို (တနင်္လာ၊ နံနက် ၂း၁၅)
နည်းပြသစ် မန်စီနီလက်ထက်မှာ အင်တာမီလန်ဟာ အထိုင်ကျဖို့ ရုန်းကန်နေရတယ်။
လေးယောက်ခံစစ်ပုံစံကို ပြောင်းကစားလိုက်သလို ကွင်းလယ်နဲ့တိုက်စစ်ပိုင်းမှာ လူနဲ့ နည်း
ပရိယာယ် အခင်းအကျင်းပိုင်းတွေ ပြောင်းလဲလိုက်လို့ အထိုင်မကျသေးဘူး။ လာဇီယိုကတော့
နှစ်ပွဲဆက်တိုက် နိုင်ခဲ့ရာမှာ ငါးဂိုးသွင်းနိုင်ခဲ့လို့ ဂိုးသွင်းအား ပြန်ကောင်းလာတယ်။ လာဇီယို ဟာ
ကွင်းလယ်စုဖွဲ့မှုကောင်းပြီး တိုက်စစ်မှာ ကွင်းလယ်ပံ့ပိုးမှု ကောင်းမွန်တယ်။ ပုံမှန်အတိုင်း တွက်ရင်
လာဇီယိုကို ရွေးချယ်သင့်တယ်။



ဖတ်ရှုမှုအများဆုံး