ဘွန်ဒက်စ်လီဂါပွဲစဉ်တွေကတော့ တက်သုတ်နှင်ပြီး ရာသီဝက်ကို အဆုံးသတ်ဖို့ ကြိုးစားနေပြီဖြစ်
ပါတယ်။ ကြားရက်မှာ ဘွန်ဒက်စ်လီဂါပွဲစဉ်(၁၆)ကို ကစားခဲ့ပြီးနောက် ပွဲစဉ်(၁၇)ကို ဆက်ပြီးကစား
ကြရမှာဖြစ်ပါတယ်။ အသင်းကြီးတွေကတော့ ရလဒ်ကောင်းဖို့ ကြိုးစားကြရမှာဖြစ်ပါတယ်။
မိန့်ဇ် - ဘိုင်ယန်မြူးနစ်
စနေ၊ နံနက် ၂းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
မိန့်ဇ် ၀-၂ ဘိုင်ယန်
အဝေးကွင်းမှာ သွားကစားရပေမယ့် ဘိုင်ယန်မြူးနစ်ရဲ့ရစ်သမ်က အရမ်းကို ကောင်းနေပါတယ်။
မိန့်ဇ်ဟာ တန်းဆင်းဇုန် ထဲက ၀ါဒါဘရီမင်ကိုတောင် အိမ်ကွင်းမှာ ၁-၂ နဲ့ရှုံး၊ ဖရိုင်းဘတ် ကို ၂-၂
သရေ၊ ဇယား အောက်ခြေက စတုဂတ်ကို ၁-၁ သရေပဲ ကစားနိုင်ခဲ့တာမို့ ဘိုင်ယန်ကို အနိုင်ကစား
ဖို့ မလွယ်လောက်ဘူး။ ဘိုင်ယန်ကို ရပ်တန့်ဖို့ မလွယ်လောက်လို့ ဧည့်သည်နဲ့အတူ ရပ်တည် ရမှာ
ပါ။
ရှော်လ်ကေး - ဟမ်းဘတ်
စနေ၊ ည ၉းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
ဟမ်းဘတ် ၀-၃ ရှော်လ်ကေး
ရှော်လ်ကေးက လောလောဆယ် အဆင့် (၆)နေရာရောက်နေပြီး ဟမ်းဘတ်က အဆင့် (၁၄)နေ
ရာ ရောက်နေပါတယ်။ ဟမ်းဘတ်ရဲ့ နောက်ဆုံးအဝေးကွင်းသုံးပွဲစလုံး နိုင်ပွဲ မရှိတာမို့ ရှော်လ်ကေး
ကို ကြိုက်ပါတယ်။
လေဗာကူဆင် - ဖရန့်ဖတ်
စနေ၊ ည ၉းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
ဖရန့်ဖတ် ၀-၂လေဗာကူဆင်
အဆင့်(၃)မှာ ရပ်တည်နေတဲ့ လေဗာ ကူဆင်ဟာ အိမ်ကွင်းရှုံးပွဲမရှိသေးဘဲ ဖရန့်
ဖတ်ကတော့ အဆင့်(၈)မှာ ရပ်တည်ပြီး အဝေးကွင်းသုံးပွဲရှုံးထားတာ တွေ့ရပါတယ်။ ဒီပွဲစဉ်
အတွက် နှစ်သင်းပေါင်း သွင်းဂိုးအများ ကို ရွေးထားတာက ပိုကောင်းလိမ့်မယ်။
အော့စ်ဘတ် - မွန်ချင်ဂလက်ဘတ်
စနေ၊ ည ၉းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
မွန်ချင် ၁-၂ အော့စ်ဘတ်
၁၅ ပွဲကစားပြီးတဲ့အချိန် နှစ်သင်းစလုံးက ၂၄ မှတ်စီနဲ့ အထက်အောက်ရပ်တည်နေတဲ့ အသင်းတွေ
ပါ။ အော့စ်ဘတ်အိမ်ကွင်းမှာ ငါးပွဲနိုင်ထားပြီး တိုက်စစ်က ၁၅ ဂိုးသွင်းထား တယ်။ မွန်ချင်ကတော့
အဝေးကွင်းမှာ နှစ်ပွဲ သာနိုင်ပြီး ခြောက်ဂိုးသွင်းနိုင်ခဲ့တာ တွေ့ရ တယ်။ မွန်ချင် သရေခံကစားသွား
မယ်လို့ ထင်ပါတယ်။
၀ါဒါဘရီမင် - ဒေါ့မွန်
စနေ၊ ည ၉းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
၀ါဒါဘရီမင် ၁-၅ ဒေါ့မွန်
၁၅ ပွဲကစား ပြီးချိန်မှာ နှစ်သင်းစလုံး ၁၄ မှတ်စီပဲ ရထားလို့ တစ်ပွဲတစ်မှတ်တောင် ရတဲ့အနေ
အထား မရှိဘူး။ ဒီပွဲမှာ အနိုင်ရတဲ့ သူက ဘာပဲပြောပြော အခြေအနေကောင်း သွားမှာမို့ နှစ်သင်း
စလုံးကတော့ အားပြိုင် ရုန်းကြမှာ သေချာပါတယ်။ ဘွန်ဒက်စ်လီဂါမှာ ၃၄ ဂိုးတောင် အသွင်းခံထား
ရတဲ့ ၀ါဒါဘရီမင် ကို ငြင်းပယ်ချင်ပါတယ်။
စတုဂတ် - ပက််ဒါဘွန်း
စနေ၊ ည ၉းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
စတုဂတ် ၃-၂ ပက်ဒါဘွန်း
တန်းတက်ပက်ဒါဘွန်းက ဇယားအလယ် မှာ ခံ့ခံ့ထည်ထည်ရပ်တည်နေပြီး ၁၅ ပွဲကစား ၁၈ မှတ်
ရထားပါတယ်။ နာမည်ကြီး စတုဂတ် ကတော့ ဇယားအောက်ခြေမှာ ဘုတ်ထိုင်နေ ကာ ၁၃ မှတ်
ပဲရပါသေးတယ်။ ပက်ဒါဘွန်းရဲ့ အဝေးကွင်းအနေအထားက ရှစ်ဂိုးခွင့်ပြုခဲ့ ရပြီး တစ်ဂိုးတော့ ပြန်
သွင်းနိုင်ခဲ့ပါတယ်။ ခံစစ် ပိုကျစ်လျစ်တဲ့ ပက်ဒါဘွန်းကို ရွေးလိုက်ပါ တယ်။
ဖရိုင်းဘတ် - ဟန်နိုဗာ
စနေ၊ ည ၁၁းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
ဟန်နိုဗာ ၃-၂ ဖရိုင်းဘတ်
အိမ်ရှင်ဖရိုင်းဘတ်အနေနဲ့ ၁၅ ပွဲကစား ပြီးချိန် အဆင့်(၁၅)ရောက်နေပြီး ဟန်နိုဗာက တော့
အဆင့်(၉)နေရာ ရောက်ရှိနေပါတယ်။ လက်ရှိခြေစွမ်းအရ ဟန်နိုဗာက ခြေပိုကောင်း နေပါတယ်။
၀ါဒါဘရီမင်ကိုတောင် အဝေး ကွင်းမှာ ၃-၃ သရေကျခဲ့လို့ ဟန်နိုဗာနဲ့ပဲ လက်တွဲမယ်။
၀ုဖ်ဘတ် - ကိုလုံး တနင်္ဂနွေ၊
နံနက် ၀၀းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
၀ုဖ်ဘတ် ၁-၀ ကိုလုံး
၀ုဖ်ဘတ်ကအဆင့်(၂)မှာ ရပ်တည်နေပြီး ကိုလုံးက ဇယားအလယ် အဆင့်(၁၁)မှာ ရပ်တည်နေ
တာ တွေ့ရပါတယ်။ ကိုလုံးက အဝေးကွင်းမှာ ရှော်လ်ကေးကိုတောင် ၁-၂ နဲ့ နိုင်ထားတာမို့ လျှော့
တွက်ရင်တော့ ၀ုဖ်ဘတ် ခံစားသွားရနိုင်တယ်။ ဒါပေမဲ့ အိမ်ကွင်း ရှုံးပွဲမရှိသေးတဲ့ဝုဖ်ဘတ် အနိုင်သုံး
မှတ်ယူမှာ ပါ။ ဂိုးတော့ မပြတ်ပါဘူး။
ဟာသာဘာလင် - ဟော့ဖန်ဟိမ်း
တနင်္ဂနွေ၊ ည ၉းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
ဟာသာဘာလင် ၁-၁ ဟော့ဖန်ဟိမ်း
စူပါဆန်းဒေး တနင်္ဂနွေရဲ့ အစောဆုံးပွဲစဉ် ဖြစ်ပါတယ်။ အိမ်ရှင် ဟာသာဘာလင်ဟာ ၁၅ ပွဲကစားပြီး
၁၇ မှတ်ရထားကာ ဟော့ဖန်ဟိမ်းကတော့ ၂၃ မှတ်ရထားတာ တွေ့ရပါတယ်။ ဟော့ဖန်ဟိမ်းက
တော့ နောက် ဆုံးအဝေးကွင်း သုံးပွဲစလုံးမှာ ရှစ်ဂိုးပေးခဲ့ ရပြီး တစ်ဂိုးသာ ပြန်သွင်းနိုင်လိုက်လို့
ဟာသာ ဘာလင်ကို ရွေးချယ်လိုက်ပါတယ်။














