ဘီလ်ဘာအို - အလက်တီကို
တနင်္လာ၊ နံနက် ၂း၃၀
လာလီဂါကတော့ ဆောင်းခိုပါတော့မယ်။ ဒီတစ်ပတ်ပွဲတွေပြီးရင် လာလီဂါပွဲတွေကို နှစ်ပတ်နား
ဖို့ရှိတယ်။ လက်ရှိရပ်တည်မှုတွေ အရ ရီးယဲလ်မက်ဒရစ်အနေနဲ့ ၂၀၁၄ ကို လာလီဂါအမှတ်ပေး
ဇယားကို ထိပ်ဆုံးက ဦးဆောင်သွားခွင့်ရှိနေပါပြီ။ ရီးယဲလ်ရဲ့ နောက်ထပ်ပြိုင်ဘက်တစ်သင်း ဖြစ်
တဲ့ အလက်တီကိုကလည်း နှစ်ကုန်ခါနီး မှာ ပွဲကျပ်တွေဆက်နေလို့ ဒီပွဲကျပ်တွေကို အကောင်းဆုံး
ကျာ်ဖြတ်နိုင်မှသာ ရီးယဲလ် ကို ဖိအားဆက်ပေးနိုင်မယ့် အနေအထားမျိုး မှာ ရှိနေပါတယ်။
အလက်တီကိုဟာ ဒီတစ်ပတ်မှာ ဗီလာရီးယဲလ်နဲ့ကစားထားရပြီး အခုလာမယ့်ပွဲကို လည်း ဘီလ်
ဘာအို အဝေးကွင်းသွားပြီး ရင်ဆိုင်ရဦးမှာဆိုတော့ ၂၀၁၄ ကုန်ခါနီးမှာ အလက်တီကိုရဲ့ ခံနိုင်ရည်
ကို အဓိက စမ်းသပ် မယ့် အချိန်လို့ ပြောနိုင်တယ်။ အလက်တီကို ဟာ အခုတစ်ပတ်ရင်ဆိုင်ရမယ့်
ဘီလ်ဘာအို ကို ပြီးခဲ့တဲ့ရာသီတုန်းက ဆန်မာမီးမှာ နှစ်ကြိမ် (ကိုပါဒယ်ရေး၊ လာလီဂါ ) ရင်ဆိုင်ခဲ့
ရပြီး နှစ်ကြိမ်စလုံးကို ၂ဪ၁ နဲ့ နိုင်ထားတာတွေ့ရ တယ်။ ဘီလ်ဘာအိုဟာ ရာသီအစမှာချန်ပီ
ယံ လိဂ်နဲ့ အာရုံများနေပြီး လာလီဂါဘက်မှာ ကစားပုံလျော့နေပြီး တန်းဆင်းဇုန်နား အထိတောင်
ရောက်သွားသေးပေမယ့် နောက်ပိုင်းမှာ လာလီဂါဘက်ကို အာရုံပြန်စိုက် နိုင်ခဲ့လို့ တဖြည်းဖြည်း
ထိပ်ပိုင်းကို ပြန်ရောက် လာခဲ့တယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ အိမ်ကွင်းနောက် ဆုံးပွဲမှာ ကော်ဒိုဘာကို အရှုံးပေးခဲ့ရလို့ ဘီလ် ဘာအိုရဲ့ ခြေစွမ်း
အပေါ် မေးခွန်းထုတ်ချင် စရာတော့ ဖြစ်လာသေးတယ်။ ဒါပေမဲ့ အခုဆို ဘီလ်ဘာအိုဟာ ဥရောပ
ပွဲတွေလည်း နားသွားပြီဖြစ်တဲ့အပြင် ၂၀၁၄ အတွက် နောက်ဆုံးကစားရမယ့် အိမ်ကွင်းပွဲမှာလည်း
ကော်ဒိုဘာကို အရှုံးအတွက် သိက္ခာ ပြန်ဆယ် နိုင်ရေး ကစားလာနိုင်ဖွယ်ရှိနေတဲ့ အနေအထား
က အလက်တီကိုအတွက် သတိထားရတော့ မယ့် အခြေအနေမျိုး ဖြစ်လာနိုင်တယ်။
အလက်တီကိုကတော့ အခုနောက်ပိုင်းပွဲတွေမှာ ကစားပုံ ပိုငြိမ်လာပြီး အနိုင်ရလဒ်ကို ထိန်း
ကစားနိုင်ဖို့ ပိုပြီးကြိုးစားလာတာတွေ့နေ ရတယ်။ အသင်းကလည်း ကစားပုံဟန်ချက် ပိုညီ
လာနေပြီး တိုက်စစ်မှာလည်း ဂရစ်ဇ်မန်းနဲ့ မန်ဇူကစ်တို့ နှစ်ယောက်စလုံး အသင်းကစားပုံနဲ့
ပိုအသားကျလာတာလည်း တွေ့ရတယ်။ ဒါပေမဲ့ အလက်တီကိုဟာ ခုနောက်ပိုင်း ဂိုးရရေး
အတွက် ကြိုးစားရာမှာ အသင်း ကစား ကွက်ကနေ ဂိုးရတာမျိုးထက် တည်ကန်ဘော တွေ
ကနေ ဂိုးရအောင် ပိုကစားလာနိုင်တာ တွေ့ရတယ်။ ဒါဟာ ဘီလ်ဘာအိုအတွက် အဓိက
သထိထားရမယ့်အချက်လည်း ဖြစ်လာ နေတယ်။
ဘီလ်ဘာအိုကတော့ ခုနောက်ပိုင်း တိုက်စစ် ပိုင်းက ဂိုးသွင်းနှုန်း လျော့လာသလို ပြန်တွေ့ နေရ
တယ်။ လူငယ်အများစုနဲ့ အသင်းကို တည်ဆောက်ထားလို့ အသင်းကစားပုံက လျင်မြန်မှုအား
ကောင်းပြီး တစ်ဦးချင်း ကျွမ်းကျင်မှုပိုင်းလည်း ကောင်းကြပေမယ့် တစ်ခါတလေမှာ စိတ်ဓာတ်ပိုင်း
အားနည်းမှု မျိုးတွေ့ရတတ်တယ်။ ဒါပေမဲ့ ဘီလ်ဘာအိုရဲ့တန်ပြန် တိုက် စစ်ဟာ အလက်တီကို
အတွက်လည်း သတိ ထားထိန်းချုပ်ရမယ့်ပုံပါပဲ။ အလက်တီကိုဟာ အဝေးကွင်းရောက်ရင် တိုက်
စစ်ပိုင်းက ဂိုးရ ရေးထက် ဂိုးမပေးရရေးကို ပိုဦးစားပေးကစား လေ့ရှိပြီး အခွင့်အရေးကို စိတ်ရှည်စွာ
စောင့် ကစားတတ်တဲ့ အသင်းမျိုးဖြစ်နေလို့ ဘီလ် ဘာအိုသာ ခံစစ်ကို သတိထားကစားနိုင်ခဲ့ရင်
အလက်တီကိုအတွက် ဂိုးရဖို့ ခက်နိုင်လိမ့်မယ် ထင်တယ်။
နှစ်သင်းစလုံး ထိန်းကစားသွားဖို့ များနေတဲ့ ဒီပွဲမှာ ဘီလ်ဘာအိုကိုပဲ ပိုအကြိုက် တွေ့ပြီး ဂိုးလည်း
နည်းနိုင်တယ်။
အခြားပွဲစဉ်များ
စနေ၊ နံနက် ၂း၁၅ * ဆယ်လ်တာ - အယ်လ်မီရီယာ
စနေ၊ ည ၉း၃၀ * ဘာစီလိုနာ - ကော်ဒိုဘာ
စနေ၊ ည ၁၁း၃၀ * လီဗန်တေး - ဆိုစီဒက်
တနင်္ဂနွေ၊ နံနက် ၁း၃၀ * အိုင်ဘာ - ဗလင်စီယာ
တနင်္ဂနွေ၊ နံနက် ၃း၃၀ * ရာယို - အက်စ်ပန်ညို
တနင်္ဂနွေ၊ ညနေ ၅း၃၀ * ဗီလာရီးယဲလ် - ဒီပို့တီဗို
တနင်္ဂနွေ၊ ည ၁၀း၃၀ *ဂရန်နာဒါ - ဂီတာဖေး
တနင်္လာ၊ နံနက် ၀၀း၃၀ အယ်လ်ချီ - မာလာဂါ *















