မြန်မာ့ရိုးရာလက်ဝှေ့ကို ပရော်ဖက်ရှင်နယ်အဖြစ် ပြောင်းလဲသွားမည်

မြန်မာ့ရိုးရာလက်ဝှေ့ကို ပရော်ဖက်ရှင်နယ်အဖြစ် ပြောင်းလဲသွားမည်

မြန်မာ့ရိုးရာ လက်ဝှေ့အားကစားဟာ မြန်မာ နိုင်ငံမှာ ဘောလုံးအားကစားနည်း ပြီးရင် ပရိသတ်
စိတ်ဝင်စားမှု အများဆုံးအားကစားနည်းတစ်ခုဖြစ်ပါတယ်။ ပရိသတ်အားပေးမှုကို ရသလို ရိုးရာ အားကစားနည်းတစ်ခုဖြစ်တာကြောင့် မြန်မာ နိုင်ငံမှာ ပြည်တွင်းလက်ဝှေ့သမားအချင်းချင်း ထိုး
သတ်တဲ့ စိန်ခေါ်ပွဲတွေ၊ မြန်မာလက်ဝှေ့ သမားနဲ့ နိုင်ငံခြားသား လက်ဝှေ့သမားတွေစိန်ခေါ်ထိုး
သတ်ကြတဲ့ လက်ဝှေ့ပွဲစဉ်တွေမကြာခဏ စီစဉ်ထိုးသတ်စေခဲ့ပါတယ်။ ဒီလိုပွဲစဉ်တွေမှာ လက်ဝှေ့
သမားတွေ၊ ပွဲစီစဉ်သူတွေနဲ့ ရိုးရာလက်ဝှေ့ဒိုင်လူကြီးတွေ ပါ စည်းကမ်းတကျ ရှိမှုအားနည်းလာကြ
တယ် လို့ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းထိုက်က ပြောပါတယ်။

ဒါကြောင့် မြန်မာ့ရိုးရာလက်ဝှေ့အတွက် စည်းမျဉ်း စည်းကမ်းဥပဒေသစ်တွေကို ရေးဆွဲလျက်ရှိပြီး
ဒီစည်းမျဉ်း စည်းကမ်း ဥပဒေသစ်တွေနဲ့ အတူ မြန်မာ့ရိုးရာ လက်ဝှေ့ကို ဘောလုံး အားကစားလိုပဲ
မြန်မာနိုင်ငံမှာ ပရော်ဖက်ရှင် နယ် အားကစားတစ်ခုအဖြစ် ပြောင်းလဲသွား တော့မှာပါ။

"မြန်မာ့ရိုးရာလက်ဝှေ့ဟာ မြန်မာတွေရဲ့ ရိုးရာအားကစားနည်း တစ်ခုပါ။ ဒီရိုးရာ အားကစားဟာ
ကျွန်တော်တို့လက်ထက်မှာ ပျက်ဆီးမသွားအောင် ရိုးရာလက်ဝှေ့နဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်း
ကမ်းဥပဒေစာအုပ် ကို ရေးဆွဲဖို့ မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ်ကို တာဝန်ပေးထားပါတယ်။ ဒီစာအုပ်
ရေးဆွဲ နေစဉ်ကာလအတွင်း မည်သည့်ပြည်တွင်းပွဲ၊ နိုင်ငံတကာပွဲတွေကိုမှ ကျင်းပခွင့်ပေးမှာ
မဟုတ်ပါဘူး။ ဒီဥပဒေစာအုပ်ကို ရေးဆွဲ ခိုင်းရခြင်းကတော့ ကျွန်တော်တို့ရဲ့ ရိုးရာ ဖြစ်တဲ့ လက်ဝှေ
့အားကစားကို စည်းကမ်းတကျ လေးဖြစ်ချင်လို့ပါ။ ဒီစာအုပ်မှာ လက်ဝှေ့ သမားတွေ လိုက်နာရမယ့်
စည်းမျဉ်း စည်းကမ်းတွေ၊ ပွဲစီစဉ်သူတွေလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ အားလုံးပါ၀င်မှာ
ဖြစ်ပါတယ်"ဟု ဦးသောင်းထိုက်က ပြောပါ တယ်။

"နာမည်ကြီးလက်ဝှေ့သမားတွေဆို ပွဲတွေ က ဆက်နေပါတယ်။ လက်ဝှေ့သမားတွေက လည်း
ထိုးသတ်ကြေးရတဲ့အတွက် ပွဲတွေဆက်တိုက် ထိုးသတ်ကြပါတယ်။ ဒီမှာ သူတို့ရဲ့ ကြံ့ခိုင်မှုတွေ
လေ့ကျင့်မှုတွေ အားနည်းလာပါတယ်။ ဒါတွေကို ထိန်းချုပ်နိုင်ဖို့ စည်းမျဉ်း တွေ လိုလာပါတယ်။
ပွဲစီစဉ်သူတွေကိုလည်းလိုင်စင်တွေ ပြုလုပ်ခိုင်းပြီး စနစ်တကျပြုလုပ် သွားစေမှာပါ။ ကြံုရာလူက
ပွဲသွင်းတဲ့ ပုံစံမျိုး တွေကို လက်မခံတော့ပါဘူး"ဟု ဆက်လက် ပြောပါတယ်။

"ကစားသမားတွေကို လက်ဝှေ့မထိုးခင်ဆေးစစ်မှုတွေ၊ အသက်အာမခံတွေနဲ့ သေချာပြုလုပ်သွား
မှာပါ။ ပဲပြားမောင်မောင်တို့လို လက်ဝှေ့ကြိုးဝိုင်းအတွင်း သေဆုံးသွားရတဲ့သူတွေအတွက်လည်း
ထောက်ပံ့မှုတွေ ပြုလုပ် နိုင်ဖို့ စီစဉ်သွားမယ်"လို့လည်း ဆိုပါတယ်။ ဒီစည်းမျဉ်းစာအုပ်မှာ လက်ဝှေ့
သမားတွေ၊ ဒိုင်တွေ၊ ပွဲစီစဉ်သူတွေအတွက် စည်းကမ်းတွေ၊ ပရိသတ်အတွက် စည်းကမ်းတွေ၊ မီဒီ
ယာတွေအတွက် ပြန်ကြားရေး အစီအစဉ် တွေ၊ စည်းကမ်းတွေ ပါ၀င်သွားမှာ ဖြစ်ပါ တယ်။

"ပရိသတ်တွေရဲ့အားပေးမှုတွေက စည်းမဲ့ကမ်းမဲ့ဖြစ်လာတာကြောင့် ပရိသတ်အတွက် လည်း
စည်းကမ်းတွေ ထည့်သွင်းသွားမှာပါ။ ဒါ့ပြင်ရိုးရာလက်ဝှေ့သမားတွေကို ၀င်ငွေ များများ ရစေချင်
ပါတယ်။ ကျွန်တော်တို့ရဲ့ ရိုးရာလက်ဝှေ့ကို ပရော်ဖက်ရှင်နယ် ဖြစ်လာ အောင် ပြုလုပ်သွားမှာပါ"
ဟု အားကစား ဒုဝန်ကြီး ဦးသောင်းထိုက်က ဆက်လက် ပြောကြားပါတယ်။

ရိုးရာလက်ဝှေ့တိုးတက်ဖို့အတွက် အား ကစားနဲ့ ကာယပညာကျောင်းတွေမှာလည်း လက်ဝှေ့
အခြေခံတွေကို သင်ကြားပေးမှာ ဖြစ်သလိုရိုးရာလက်ဝှေ့ကလပ်များကိုလည်း ထောက်ပံ့မှု ပြုလုပ်
ပေးသွားမယ်လို့ ဆိုပါ တယ်။

"အခုအချိန်မှာတော့ ဒီစည်းမျဉ်းစည်းကမ်း နဲ့ပတ်သက်ပြီး မူကြမ်း နှစ်ကြိမ်တင်ပြီးပါပြီ။အားကစား
၀န်ကြီးဌာနဘက်ကလည်း ဒီမူကြမ်း တွေကို သေချာစိစစ်နေပြီး လိုအပ်တဲ့အချက် တွေ ဖြည့်စွက်
ဦးမလားမသိဘူး။ ကျွန်တော်တို့ ပွဲစီစဉ်သူတွေကိုလည်း ၀န်ကြီးက ဖြစ်ချင်တာ တွေရယ် ဖြစ်သင့်
တာတွေရယ် အကြံပေးကြဖို့ တောင်းဆိုထားပါတယ်။ ဒီစည်းမျဉ်းစည်းကမ်း စာအုပ် ဖြစ်ပေါ်လာ
တာကို ကြိုဆိုပါတယ်။ ဘယ်ကိစ္စမဆို စည်းမျဉ်းစည်းကမ်းဆိုတာ ရှိသင့်တယ်လေ။ ဒီစည်းကမ်း
ထုတ်လိုက်ပြီး မြန်မာ့ရိုးရာလက်ဝှေ့ အရင်ထက်ပိုမိုတိုးတက် သွားမယ်ဆိုရင်တော့ ကောင်းပါတယ်။
စည်းကမ်းတွေ အရမ်းတင်းကျပ်လိုက်ပြီး အားလုံးအတွက် ဖိအားတွေ ဖြစ်လာမှာကို တော့ မလို
လားပါဘူး"ဟု ဇော်ပစ်တိုင်းထောင် လက်ဝှေ့ပွဲစီစဉ်သူ ဦးစိုင်းဇော်ဇော်က မြန်မာတိုင်း(မ်)ကို ပြော
ပါတယ်။

မြန်မာ့ရိုးရာ လက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသိန်းအောင်က ရိုးရာလက်ဝှေ့စည်းမျဉ်းဥပဒေမူကြမ်းကို
ရေးဆွဲပြီးသွားပြီဖြစ်ကြောင်း နဲ့ လာမယ့် ၂၀၁၅ ဇန်နဝါရီလမှာ စတင် ကျင့်သုံးသွားမယ်လို့
မြန်မာတိုင်း(မ်)ကို ပြောပါတယ်။ "မူကြမ်းတော့ ပြီးသွားပါပြီ။ ၀န်ကြီးက ဒီမူကြမ်းကို လေ့လာ
နေပြီး မကြာခင် အတည်ပြု ကြတော့မှာပါ။ စာအုပ်ရေးဆွဲရာမှာ အခက် အခဲ ကြီးကြီးမားမားတော့
မရှိခဲ့ပါဘူး။ ကျွမ်း ကျင်သူတွေအားလုံး ညှိနှိုင်းပြီး ဆောင်ရွက် ကြတာပါ။ အရင်က ရိုးရာလက်ဝှေ့၊
စည်းကမ်း စာအုပ်ရှိခဲ့တယ်ဆိုပေမယ့် အခုက ပရော် ဖက်ရှင်နယ်ဘက်ကို သွားတော့မှာပါ။ ပွဲစီစဉ်
သူတွေကိုလည်း လိုင်စင်တွေ လုပ်ခိုင်းသွား မယ်။ အဓိက ကတော့ ကစားသမားတွေကိုကာကွယ်
ချင်လို့ စီစဉ်လိုက်တာပါ။

နိုင်ငံခြား မှာ သွားထိုးတဲ့ ပွဲတွေဆိုရင် မြန်မာလက်ဝှေ့ သမားတွေကို ဖြစ်သလိုထားတာတွေ
ထိုးသတ် ကြေး အပြည့်အဝမရတာတွေကို ကာကွယ်သွားမှာပါ။ လက်ဝှေ့သမားတွေရဲ့ ကျန်းမာရေး
ကိုလည်း သေသေချာချာစောင့်ရှောက် သွားမှာပါ။ ထိုးသတ်ကြေးတွေ လည်း တန်း အလိုက် သတ်
မှတ်ပြီး မျိုးဆက်သစ်ကစား သမားတွေ ကြိုးစားချင်စိတ်ရှိအောင် ကြိုးစားသွားမှာပါ။ ဒီစည်းမျဉ်း
ဥပဒေစာအုပ် ထွက်လာပြီးရင် မြန်မာ့ရိုးရာလက်ဝှေ့က အရင်ကထက်စနစ်တကျဖြစ်လာမှာပါ"ဟု
ဦးသိန်းအောင်က ပြောပါတယ်။

မြန်မာ့ရိုးရာလက်ဝှေ့ကို ပရော်ဖက်ရှင် နယ် အားကစားနည်းတစ်ခုအဖြစ် စည်းမျဉ်း စည်းကမ်းဥပဒေ
သစ်တွေနဲ့အတူ လာမယ့် နှစ်မှာ မြင်တွေ့ရမှာပါ။ ထိုင်းနိုင်ငံရဲ့ ရိုးရာ အားကစားနည်းဖြစ်တဲ့ 'မွေ'
အားကစား နည်းလို နိုင်ငံတကာပြိုင်ပွဲတွေမှာ ထည့်သွင်း ကျင်းပနိုင်ပြီး အောင်မြင်တဲ့ အားကစား နည်းတစ်ခု ဖြစ်လာမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။



ဖတ်ရှုမှုအများဆုံး