ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်ကို ဘယ်အသင်းတွေတက်မလဲ

ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်ကို ဘယ်အသင်းတွေတက်မလဲ

၂၀၁၄-၁၅ ချန်ပီယံလိဂ်ပြိုင်ပွဲက အခုဆိုရင် အုပ်စုပွဲစဉ်တွေပြီးလို့ ရှုံးထွက်ပွဲစဉ်တွေဆီကိုရောက်
လာခဲ့ပြီဖြစ်ပါတယ်။ ရှုံးထွက်ပွဲစဉ်ကိုတက်လာတဲ့ လိဂ်တစ်ခုချင်းစီ အနေအထားကိုကြည့်လိုက်
ရင်တော့ ဂျာမန်ဘွန်ဒက်စ်လီဂါက ခွဲတမ်းအရ ရရှိထားတဲ့ လေးသင်းစလုံး (ဘိုင်ယန်မြူးနစ်၊
ဒေါ့မွန်၊ လေဗာကူဆင်၊ ရှော်လ်ကေး) တက်လာခဲ့ပြီး လာလီဂါ သုံးသင်း (ရီးယဲလ်မက်ဒရစ်၊
ဘာစီလိုနာ၊ အလက်တီကို)တို့ တက်လာကာ ဘီလ်ဘာအို တစ်သင်းကျန်ရစ်ခဲ့ပါတယ်။

ပရီမီယာလိဂ်က လေးသင်းမှာ သုံးသင်း(ချယ်လ်ဆီး၊ အာဆင်နယ်၊ မန်စီးတီး) တက်လာခဲ့ပြီး
လီဗာပူး တစ်သင်း ကျန်ရစ်ခဲ့ပါတယ်။ ပြင်သစ်လိဂ်က နှစ်သင်းစလုံး (ပီအက်စ်ဂျီ၊ မိုနာကို)တက်
လာ ခဲ့ပြီး စီးရီးအေက နှစ်သင်းမှာ ဂျူဗင်တပ် တစ်သင်းသာတက်လာနိုင်ခဲ့ပြီး ရိုမား ကျန်ရစ် ခဲ့ရပါ
တယ်။ ရှုံးထွက်အဆင့်ကို ဥရောပ ထိပ်သီးလိဂ်ငါးခုကနေ အသင်း ၁၃ သင်း တက်လာခဲ့ပါတယ်။
ဒါကအစဉ်အလာပဲဖြစ် ပါတယ်။ ကျန်တဲ့သုံးနေရာကို ပေါ်တို(ပေါ် တူဂီ)၊ ရှက်တာဒိုးနက်စ်(ယူက
ရိန်း)နဲ့ ဘေဆယ် (ဆွစ်ဇာလန်)တို့ တက်လာခဲ့ပါတယ်။

လာလီဂါအသင်းတွေ အရင်ဆုံး လာလီဂါအသင်းသုံးသင်း အနေ အထားကိုကြည့်လိုက်ရင်
လက်ရှိချန်ပီယံ ရီးယဲလ်မက်ဒရစ်က ဘွန်ဒက်စ်လီဂါအသင်း ရှော်လ်ကေးနဲ့တွေ့နေပြီး မနှစ်က
ဒုတိယ ရခဲ့တဲ့ အလက်တီကိုမက်ဒရစ်ကလည်း ဘွန်ဒက်စ်လီဂါအသင်း လေဗာကူဆင်နဲ့ တွေ့
နေပါတယ်။ ဘာစီလိုနာကတော့ ပရီမီယာလိဂ် အသင်း မန်စီးတီးနဲ့ တွေ့သွားပါတယ်။

ချန်ပီယံလိဂ်မှာ ရှုံးထွက်အဆင့်ရောက်ရင် အသင်းအတော်များများက လာလီဂါအသင်း တွေနဲ့
တွေ့ချင်သူ နည်းလှတာလည်း အစဉ် အလာလို ဖြစ်နေခဲ့ပါတယ်။ မတွေ့ခင်ကတည်းကကိုပဲ
စိတ်ဓာတ်ရေးရာပိုင်းမှာ တင် လာလီဂါအသင်းတွေဟာ အနိုင်ရနေခဲ့ ကြပါတယ်။ ဒါကြောင့်
လည်း ဒီအဆင့်ရောက် ရင် လာလီဂါအသင်းတွေဟာ နောက်တစ်ဆင့် တက်ဖို့ ရေပန်းစားကြ
ဆဲပဲ ဖြစ်ပါတယ်။ အခု တွေ့ဆုံမှု (ရီးယဲလ်မက်ဒရစ်-ရှော်လ်ကေး)၊ (ဘာစီလိုနာ-မန်စီးတီး)၊
(အလက်တီကို- လေဗာကူဆင်)ကိုကြည့်လိုက်ရင် လာလီဂါသုံးသင်းစလုံးပဲ နောက်တစ်ဆင့်
ကို တက်လာ မှာလို့ သုံးသပ်နေကြဦးမှာ ဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ်-ရှော်လ်ကေး တို့က မနှစ်က ဒီအဆင့်မှာပဲ တွေ့ခဲ့ပါတယ်။ ရီးယဲလ် မက်ဒရစ်
က ပထမပွဲ ရှော်လ်ကေးကွင်းမှာ ရီးယဲလ်က ၆-၁ နဲ့နိုင်ပြီး ရီးယဲလ်ကွင်းမှာ ရီးယဲလ်က ၃-၁ နဲ့နိုင်
ခဲ့ပါတယ်။ ဒီနှစ်မှာ ရီးယဲလ်မက်ဒရစ်က မနှစ်ကထက် ပိုကောင်း ပြီး ရှော်လ်ကေးက မနှစ်က
လောက်မကောင်း တဲ့အသင်းဖြစ်နေပါတယ်။ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားမှာ ရှော်လ်ကေး
ထိပ်သီး သုံးသင်း ၀င်နိုင်တော့မယ် မထင်ပါဘူး။ ချယ်လ်ဆီးကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးခဲ့ပါ တယ်။
တကယ် ကစားအားတင်လာရင် မခံနိုင် တာတွေ့ရပါတယ်။ ပထမအကျော့က မနှစ်က လို
ရှော်လ်ကေးကွင်းဖြစ်ပါတယ်။ ရီးယဲလ် မက်ဒရစ် အကောင်းဆုံး ကစားပါလိမ့်မယ်။

ရီးယဲလ် ဂိုးပြတ်နိုင်မယ့်ပွဲဖြစ်ပါတယ်။ ဘာစီလိုနာ-မန်စီးတီးပွဲကလည်း ပထမ အကျော့ကို မန်စီး
တီးကွင်းမှာ ကစားရမှာဖြစ်ပါတယ်။ မနှစ်ကလည်း ဒီအဆင့်မှာပဲတွေ့ကြပြီး ဘာစီလိုနာက နှစ်ပွဲ
စလုံးနိုင်သွား ပါတယ်။ မန်စီးတီးကွင်းမှာ ၂-၀၊ နူးကမ့်မှာ ၂-၁ နဲ့နိုင်တာပါ။ ဒီနှစ်မှာ ထူးခြားတာက
ရီးယဲလ်က မနှစ်ကထက် ဒီနှစ်ပိုကောင်းပြီး ဘာစီလိုနာက မနှစ်ကလောက် ဒီနှစ်မှာ ခြေမကောင်း
တာကို သတိပြုရမှာ ဖြစ်ပါတယ်။ အိမ်ကွင်းကောင်းပေမယ့် အဝေးကွင်းဆိုရင် ဘာစီလိုနာမှာ
ပြဿနာရှိနေပါတယ်။ အဲဒီ တော့ မန်စီးတီးကွင်းမှာ ဘာစီလိုနာ အနိုင်ရ မယ်လို့ ပြောလို့မရပါဘူး။
မန်စီးတီးကွင်းပွဲ မှာ ဘာစီလိုနာ ကစားရခက်နိုင်ပါတယ်။အုပ်စုပွဲမှာ အဓိကပြိုင်ဘက် ပီအက်စ်ဂျီ
ကို ဘာစီလိုနာ ရှုံးခဲ့တာကို သတိရစရာဖြစ်ပါ တယ်။ အဲဒီလိုဖြစ်သွားနိုင်ပါတယ်။

ဇန်နဝါရီ အပြောင်းအရွှေ့မှာ မန်စီးတီး လူထပ်ဝယ် နိုင်ပါတယ်။ ဘာစီလိုနာအနေနဲ့ ဒုတိယ
အကျော့ နူးကမ့်ကွင်းရောက်မှသာ ဂိုးပြတ်နိုင်အောင် ကစားရနိုင်ပါတယ်။ ဒီပွဲဟာ အဝေး ဂိုးက
အဆုံးအဖြတ် ဖြစ်လာနိုင်ပါ တယ်။ ရီးယဲလ်မက်ဒရစ်က ရှော်လ်ကေးကို လွယ်ကူစွာကျော်ဖြတ်နိုင်
ပေမယ့် ဘာစီလိုနာ ဟာ မန်စီးတီးကို ကျော်ဖြတ်ဖို့ ခက်ခဲပါလိမ့် မယ်။ ဘာစီလိုနာနည်းပြ လူးဝစ်
အင်းနရစ်ရဲ့ နည်းပြအရည်အသွေးကို ယုံကြည့်လို့မရ ပါဘူး။ အလက်တီကို-လေဗာကူဆင် ပွဲမှာ
လည်း အလက်တီကို ခက်ခက်ခဲခဲကစားရပါလိမ့် မယ်။ အထူးသဖြင့် ပထမအကျော့ပွဲဖြစ်ပါ တယ်။

အဲဒီပွဲမှာ ပေးဂိုးတွေများသွားရင်အလက်တီကို နောက်တစ်ဆင့်တက်ဖို့ မလွယ် ပါဘူး။ ဒီနှစ် အုပ်စု
ပွဲမှာ အလက်တီကိုဟာ အဝေးကွင်းမှာ မဲလ်မိုဆိုတဲ့ အသင်းလေးကိုပဲ အနိုင်ကစားနိုင်ခဲ့ပါတယ်။
အိုလံပီယာကော့စ် ကိုရှုံးခဲ့ပြီး ဂျူဗင်တပ်ကိုသရေသာ ကစားနိုင် တာက အခု လေဗာကူဆင်နဲ့ပွဲမှာ
ထည့်သွင်း စဉ်းစားစရာဖြစ်ပါတယ်။ လေဗာကူဆင်က အိမ်ကွင်းမှာ မိုနာကိုကို ရှုံးတယ်ဆိုပေမယ့်
အဲဒီပွဲမတိုင်ခင် ပွဲစဉ်(၄)ကစားပြီးကတည်း က နောက်တစ်ဆင့်တက်နေလို့ အာရုံစိုက်မှု နည်းသွား
တာကို မေ့ထားလို့ မရပါဘူး။ လေဗာကူဆင်ခံစစ်ကစားပုံက မနှစ်ကထက်ပိုကောင်းပါတယ်။ဖွင့်
ကစားရင်လည်း ကစား အားရှိပါတယ်။ အလက်တီကို နောက်တစ်ဆင့် တက်မှာပဲလို့ တစ်ထစ်
ချယုံကြည်လို့ မရပါ ဘူး။ ဒီပွဲဟာလည်း အဝေးဂိုး အားသာချက်က အဆုံးအဖြတ်ဖြစ်လာပါလိမ့်
မယ်။ ဘွန်ဒက်စ်လီဂါအသင်းတွေ ဘွန်ဒက်စ်လီဂါ အသင်းတွေထဲမှာ ဘိုင်ယန်မြူးနစ်ကတော့
နောက်တစ်ဆင့်တက်ဖို့ သေချာပါတယ်။

ဘိုင်ယန်မြူးနစ်- ရှက်တာဒိုးနက် တွေ့ဆုံမှုက ဘိုင်ယန်မြူးနစ် အနေနဲ့ ရှက်တာဒိုးနက်စ်ရဲ့
ဘရာဇီးလ် ကစားသမားတွေနဲ့ အားပြိုင်ရမှာဖြစ်ပါတယ်။ ရှက်တာဒိုးနက်စ်ရဲ့ အိမ်ကွင်းပွဲ
ကလည်း နိုင်ငံရေး အခြေအနေကြောင့် ဒိုးနက်စ်မြို့မှာ မကစား ရဘဲ မိုင် ရ၅၀ ဝေးတဲ့ လစ်ဇ်မြို့မှာ
ကစားရမှာ ဖြစ်လို့ ဘိုင်ယန်အတွက် အားသားချက်ဖြစ် နေပါတယ်။ ဒီနှစ်သင်း တွေ့ဆုံခြင်းမရှိပေ
မယ့် ရှက်တာဟာ လွန်ခဲ့တဲ့ နှစ်နှစ်က လေဗာကူဆင်၊ ဒေါ့မွန်တို့နဲ့ ကစားထားပါ တယ်။

ဂျာမနီမှာ ရှက်တာဟာ ၄-၀၊ ၃-၀ ရလဒ် တွေနဲ့ရှုံးထားခဲ့ပါတယ်။ အခုလည်း ဘိုင်ယန် ဟာ
ဒုတိယအကျော့အိမ်ကွင်းပွဲကို အဓိက အားစိုက်ထားမှာ သေချာပါတယ်။ ပထမ အကျော့ပွဲကို
တော့ ဘိုင်ယန်သတိထားကစား လာနိုင်ပါတယ်။ ဒုတိယအကျော့မှာ ဘိုင်ယန် ဂိုးပြတ်အနိုင်
ကစားပြီး နောက်တစ်ဆင့် တက်လာပါလိမ့်မယ်။ ဒေါ့မွန်ကတော့ ဂျူဗင်တပ်နဲ့တွေ့တာ ကံမကောင်း
ဘူးလို့ပဲ ဆိုရမှာပါ။ ဒေါ့မွန် အတွက် မလွယ်တဲ့ပွဲ ဖြစ်လာပါလိမ့်မယ်။


 

၁၉၉၇ ချန်ပီယံလိဂ်မှာ ဒီနှစ်သင်းတွေ့တော့ ဒေါ့မွန်က အနိုင်ရပြီး ချန်ပီယံဖြစ်သွားတာအမှတ်ရနေ
ပေမယ့် လက်ရှိဒေါ့မွန်အသင်းအနေအထားက ဒီအဆင့်ဟာ နောက်ဆုံး ဖြစ်လာဖွယ်ရှိနေပါတယ်။
ဘွန်ဒက်စ်လီဂါမှာ ရုန်းကန်နေရတဲ့ အချက်က ဒေါ့မွန်ရဲ့ ကွာလတီ ကျဆင်းသွားပြီဆိုတာကို ပြနေ
တာ ပဲဖြစ်ပါတယ်။ ဂျူဗင်တပ်ဟာ အဝေးကွင်းကစားပုံအားနည်းပေမယ့် အိမ်ကွင်းအားသာ ချက်က
ဒေါ့မွန်ကိုအခက်တွေ့စေမှာပဲ ဖြစ်ပါ တယ်။ ကစားသမားအရည်အသွေးပိုင်းမှာ ဂျူဗင်တပ်က သာ
နေလို့ ဂျူဗင်တပ်နောက်တစ်ဆင့် တက်သွားပါလိမ့်မယ်။ လေဗာကူဆင်-အလက်တီကိုပွဲဟာ
အဝေးဂိုးသွင်းနိုင် ခြင်း အနေအထားက အဆုံးအဖြတ်ဖြစ်သွား နိုင်သလို ရှော်လ်ကေး-ရီးယဲလ်မက်ဒရစ်ပွဲကတော့ ရှော်လ်ကေးရှုံးဖို့ သေချာတဲ့ပွဲဖြစ်လာတော့မှာပဲ ဖြစ်ပါတယ်။

ဒီနှစ်မှာတော့ ဘွန်ဒက်စ်လီဂါအသင်းတွေ အခြေအနေမကောင်းနိုင်တဲ့ ရာသီဖြစ်ပါတယ်။
ပရီမီယာလိဂ်အသင်းတွေ ပရီမီယာလိဂ် အသင်းတွေထဲမှာတော့ မန်စီးတီးကလွဲရင် ကျန်တဲ့
ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ အခြေအနေကောင်းတယ်လို့သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ချယ်လ်ဆီး
က ပီအက်စ်ဂျီ၊ အာဆင်နယ်က မိုနာကိုဆိုတဲ့ ပြင်သစ်အသင်းတွေနဲ့ တွေ့နေတာက ဘွန် ဒက်စ်
လီဂါအသင်းတွေနဲ့ တွေ့တာထက် စာရင် ကံကောင်းနေတာဖြစ်ပါတယ်။ ချယ်လ် ဆီး-ပီအက်စ်ဂျီ
တို့ တွေ့နေတာက မော်ရင်ညို နဲ့ အီဗရာဟီမိုဗစ်ချ်တွေ့ဆုံမှုကို အမှတ်ရစေ သလို ဒေးဗစ်လုဝစ္စနဲ့
အသင်းဟောင်းချယ်လ်ဆီးတို့ တွေ့ဆုံမှုဖြစ်နေပါတယ်။ မနှစ်က ကွာတားဖိုင်နယ်မှာ ဒီနှစ်သင်း
တွေ့ခဲ့ ကြပါတယ်။

ပထမအကျော့ ပဲရစ်ကွင်းပွဲမှာ ချယ်လ်ဆီး ၃-၁ နဲ့ရှုံးခဲ့ပြီး ဒုတိယအကျော့ ချယ်လ်ဆီးကွင်းမှာ
ချယ်လ်ဆီးက ၂-၀ နဲ့နိုင်လို့ အဝေးဂိုးနဲ့ ချယ်လ်ဆီးနိုင်သွားတာကို အမှတ်ရနေမိပါတယ်။ ချယ်လ်ဆီး
ခက်ခက် ခဲခဲကစားခဲ့ရတဲ့ ပွဲစဉ်တစ်ပွဲပဲဖြစ်ပါတယ်။ အခုလည်း ပဲရစ်ကွင်းမှာ ချယ်လ်ဆီး ခက်ခက်
ခဲခဲကစားရမှာ သေချာပါတယ်။ ပဲရစ်မှာ အဝေးဂိုးသွင်းနိုင်အောင် မော်ရင်ညိုပြင်ဆင် ရပါလိမ့်မယ်။
ခံစစ်သက်သက် ကစားရင် လည်း ပီအက်စ်ဂျီ ဂိုးတွေသွင်းတာကို ခံရမှာဖြစ်ပါတယ်။ အဝေးဂိုးသွ
င်းနိုင်အောင် ကြိုးစားမှ ချယ်လ်ဆီးနောက်တစ်ဆင့်အတွက် စိတ်ချရပါမယ်။

ပီအက်စ်ဂျီဟာ အုပ်စုပွဲစဉ်မှာ အိမ်ကွင်းပွဲတွေအားလုံးကို အနိုင်ကစား ထားခဲ့ပါတယ်။ ဘာစီလိုနာ
တောင် ရှုံးခဲ့ပါ တယ်။ ဘာစီလိုနာကွင်းရောက်တော့ ပီအက်စ်ဂျီ ဂိုးပြတ်ရှုံးခဲ့လို့ ချယ်လ်ဆီးအနေနဲ့
အိမ်ကွင်းမှာ အနိုင်ကစားနိုင်စွမ်းရှိမှာ သေချာတာကြောင့် ပထမအကျော့ရလဒ်ရဲ့ အကောင်းအဆိုး
က အဆုံးအဖြတ် ဖြစ်လာ ပါလိမ့်မယ်။ အဝေး ဂိုးသွင်းနိုင်မယ့် အသင်း နောက်တစ်ဆင့်ကို တက်
မှာပါ။ ချယ်လ်ဆီးတက်မယ်လို့ တစ်ထစ်ချပြောလို့ မရပါဘူး။ အာဆင်နယ်ကတော့ ဒီနှစ်မှာ
ကံကောင်း သွားပါတယ်။ လာလီဂါအသင်းသုံးသင်းနဲ့ လွဲချော်ခဲ့သလို ဘွန်ဒက်စ်လီဂါအသင်းကြီး
ဘိုင်ယန်မြူးနစ်နဲ့ လွဲချော်တာလောက် ကံကောင်းတာ မရှိတော့ပါဘူး။ အုပ်စုပထမ ရတဲ့ အသင်း
ရှစ်သင်းထဲမှာ အားအနည်းဆုံး အသင်းက ပြင်သစ်ကလပ် မိုနာကိုအသင်းပဲ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ အုပ်စုမှာ ရမှတ် ၁၃ မှတ်ရပြီး အုပ်စုပထမရ ဒေါ့မွန်နဲ့ ရမှတ်တူခဲ့ပါတယ်။ ဂိုးကွာ
ခြားချက်ကြောင့်အုပ်စုဒုတိယရခဲ့တာဖြစ်ပါတယ်။ မိုနာကိုဟာ အုပ်စုပထမရပေမယ့် ရမှတ်က ၁၁
မှတ် သာ ရခဲ့သလို သွင်းဂိုးကလည်း အုပ်စု ခြောက်ပွဲမှာ လေးဂိုးသာရှိခဲ့တဲ့အသင်းသာ ဖြစ်ပါ
တယ်။ ရှုံးထွက်အဆင့်ရောက် ၁၆ သင်း ထဲမှာ ဂိုးသွင်းအား အနည်းဆုံးအသင်း တစ်သင်းပဲဖြစ်
ပါတယ်။ ပြင်သစ်လိဂ်မှာ လည်း မိုနာကိုဟာ ထိပ်တန်းအဆင့်မှာရှိမနေ တဲ့အသင်းပါ။ ခံစစ်ကို
အားပြုထားတဲ့ အသင်းဖြစ်လို့ ခံစစ်ကောင်း တယ်ဆိုပေမယ့် တိုက်စစ်ကောင်းတဲ့ အသင်း နဲ့တွေ့
လာရင်တော့ ခံရမှာပဲဖြစ်ပါတယ်။ အာဆင်နယ်အတွက် နောက်တစ်ဆင့် တက်ဖို့ အခြေအနေ
ကောင်းပဲ ဖြစ်ပါတယ်။

အာဆင်နယ် နောက်တစ်ဆင့်တက်မှာ သေချာပါတယ်။ မန်စီးတီး-ဘာစီလိုနာပွဲက တော့ အိမ်ကွင်း
တွေကစားရမယ့် အသင်းတွေက အားသာချက်ရှိလာမယ့်ပွဲဖြစ်လာနိုင် ပါတယ်။ မန်စီးတီးအနေနဲ့
အိမ်ကွင်းမှာ အဝေးကွင်းအားနည်းတဲ့ ဘာစီလိုနာကို အသာစီးရအောင် ကစားနိုင်ဖို့ လိုအပ်ပါတယ်။
ပထမအအကျော့ အိမ်ကွင်းပွဲမှာ မန်စီးတီးအနိုင်ကစားနိုင်ရင် နောက်တစ်ဆင့်ကို အိပ်မက်မက်လို့
ရလာမှာ ဖြစ်ပါတယ်။ အာရုံစိုက်မှုနည်းတဲ့ပွဲ ချန်ပီယံလိဂ်မှာ နှစ်စဉ်နှစ်တိုင်း ပါ၀င်ခွင့် ရတဲ့ ပေါ်တို
အသင်းကတော့ ဆွစ်ဇာလန် ကလပ် ဘေဆယ်နဲ့တွေ့လို့ ကံကောင်းတယ် ဆိုရပါမယ်။ ဘေဆယ်
ဟာ အုပ်စုဒုတိယရတဲ့အသင်းတွေထဲမှာ အားအနည်းဆုံးအသင်းပဲ ဖြစ်ပါတယ်။ နှစ်သင်းစလုံးက
ဥရောပအတွေ့ အကြံု ရင့်ကျက်သူတွေဖြစ်ပေမယ့် ပေါ်တိုက မြင့်တဲ့အသင်း ဖြစ်နေပါတယ်။

ပေါ်တိုဟာ ချန်ပီယံလိဂ်ရဲ့ ထိပ်ဆုံးရှစ်သင်းထဲမှာ ပါ၀င်တဲ့ အသင်းဖြစ်ပါတယ်။ ဘေဆယ်ဟာ
ပထမ အကျော့ကို အိမ်ကွင်းမှာ ကစားရမှာဖြစ်လို့ ဒီပွဲမှာ ရလဒ်ကောင်းထွက်အောင် မျှော်လင့်
ထား ပါလိမ့်မယ်။ ဒီပွဲမှာ ရလဒ်ကောင်းမထွက် ရင်တော့ ပေါ်တိုကွင်းမှာ လွယ်တော့မှာ မဟုတ်
ပါဘူး။ ဘေဆယ်ကွင်းပွဲကို ပေါ်တို သတိထား ကစားလာပါလိမ့်မယ်။ ပေါ်တို နောက်တစ်ဆင့်
တက်မှာ သေချာပါတယ်။ ရှုံးထွက် ပထမအကျော့ပွဲတွေကို ဖေဖော်ဝါရီ ၁၇၊ ၁၈ နဲ့ ဖေဖော်ဝါရီ
၂၄ ၊ ၂၅ တို့မှာ လေးပွဲစီကစားမှာဖြစ်ပါတယ်။ ဒုတိယအကျော့ ပွဲတွေကို မတ်လ ၁၀၊ ၁၁ နဲ့ မတ်
လ ၁၇၊ ၁၈ တို့မှာ ကစားကြမှာဖြစ်ပါတယ်။



ဖတ်ရှုမှုအများဆုံး