ရီးယဲလ်မက်ဒရစ်ရဲ့ ဆောင်းရာသီတစ်ဖြတ်နဲ့ ရှေ့အနာဂတ်

ရီးယဲလ်မက်ဒရစ်ရဲ့ ဆောင်းရာသီတစ်ဖြတ်နဲ့ ရှေ့အနာဂတ်

လာလီဂါကတော့ ဆောင်းခိုသွားပြီ။ ရီးယဲလ်က လာလီဂါနှစ်သိမ်းပွဲကို မကစားရဘဲ ဆောင်းရာ
သီချန်ပီယံလို့ အမည်တပ်ခွင့်ရသွားခဲ့ တယ်။ ရီးယဲလ်ဟာ တစ်ဖက်မှာလည်း ကမ္ဘာ့ ကလပ်
အသင်းများ ချန်ပီယံဖလားကို အရယူ နိုင်ခဲ့လို့ ရီးယဲလ်ရဲ့ နှစ်ဟောင်းအပိတ်ဟာ လှနေတယ်လို့
ပြောရမယ်။

ဒီအရှိန်အတိုင်း သွားနိုင်ခဲ့ရင် ရီးယဲလ်အတွက် ၂၀၁၅ ကလည်း လှပတဲ့နှစ်တစ်နှစ် ဖြစ်လာဦးမှာ
လား စောင့်ကြည့်ချင်စရာတော့ ကောင်းလာခဲ့တယ်။ ဒါပေမဲ့ လာလီဂါမှာတော့ ကစားရမယ့်ပွဲ
တွေ အများကြီးကျန်နေသေးတယ်။ အခုမှ ၁၆ ပွဲပဲ ကစားရသေးတယ်။ နောက်ထပ်ကစား ဖို့က
၂၂ ပွဲကျန်သေးတယ်။ ဒီတော့ ဒီလက်ကျန် ပွဲတွေကို ရီးယဲလ်က လက်ရှိအရှိန်အတိုင်း ဆက်
သွားနိုင်ဖို့ လွယ်ပါ့မလား။

လက်ရှိအချိန် မှာ နောက်မှာ တစ်မှတ်အကွာနဲ့ ကပ်လိုက်နေတဲ့ ဘာစီလိုနာထက် တစ်ပွဲလျော့
ကစား ထားတာမှန်တယ်။ ဒါပေမဲ့ ဒီအနေအထား ဟာ ရီးယဲလ်အတွက် ဖိအားရှိနေတဲ့ အနေ
အထားမျိုးလို့ ပြောနိုင်တယ်။ ပြီးခဲ့တဲ့ရာသီကို ပြန်ကြည့်ရင် ရီးယဲလ်ဟာ အခုလိုပဲ တစ်ပွဲလျော့နဲ
့ ချန်ပီယံလမ်းကြောင်း ပေါ်မှာ ဘာစီလိုနာ၊ အလက်တီကိုမက်ဒရစ် အသင်းတွေနဲ့အတူရှိနေခဲ့ပေ
မယ့် ရာသီသိမ်း ခါနီးမှာ အဲဒီလက်ကျန်ပွဲမှာ အမှတ်တွေဆုံးရှုံးခဲ့တဲ့အပြင် ကျန်တဲ့ပွဲတွေမှာလည်း
အမှတ်တွေဆုံးရှုံးခဲ့လို့ ချန်ပီယံလမ်းကြောင်းပေါ်က ဆင်းပေးလိုက်ရတာမျိုး ကြံုခဲ့ဖူးလို့ ဒီရာသီမှာ
လည်း အဲဒီလို အဖြစ်မျိုး ထပ်မကြံုရ အောင် သတိထားရမယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ရီးယဲလ်ဟာ
ချန်ပီယံ လိဂ်ဘက်ကို ပိုအာရုံစိုက်ခဲ့လို့ လာလီဂါ ပန်းအဝင်မှာ အရှိန်လျော့သွားတာလည်း ဖြစ်နိုင်
တယ်။

ဒီရာသီမှာလည်း ရီးယဲလ်ဟာ မျှော်လင့်ချက်တွေပိုထားနေနိုင်တဲ့ အနေ အထားတွေအရ ပန်းအဝင်
ပိုင်းမှာ တည်ငြိမ်မှု ရှိဖို့တော့ လိုဦးမယ်ထင်တယ်။ ဒီရာသီ ရီးယဲလ် ဟာ ခြေစွမ်းပိုင်းအရ ပြီးခဲ့တဲ့
ရာသီကထက်တိုးတက်လာနေပြီး ဂိုးသွင်းယူနိုင်မှုမှာပါ တိုးတက်နေတာမှန်တယ်။ ဒါပေမဲ့
တကယ့် အရေးကြီးတဲ့ပန်းအဝင်ပိုင်းမှာ လက်ရှိအရှိန်အတိုင်းသွားနိုင်ဖို့က ပိုအရေးကြီးတယ်။
ဘာလို့လဲဆိုတော့ ရီးယဲလ်အတွက် ချန်ပီယံ လိဂ်မှာလည်း အဲဒီအချိန်က အရေးကြီးတဲ့ အချိန်
မျိုးဖြစ်နေလို့ ရီးယဲလ်အနေနဲ့ ဘယ် လမ်းကြောင်းအပေါ်ကို အဓိက လျှောက်ရမလဲ ဆိုတာ ရွေး
ချယ်နိုင်မှုကလည်း အရေးပါနေ တယ်လို့ ပြောနိုင်တယ်။ ဘာလို့လဲဆိုတော့ ရီးယဲလ်ဟာ ဒီရာသီ
မှာ ရည်မှန်းချက် ပိုကြီးနေနိုင်လို့ပါပဲ။ ရီးယဲလ်အတွက် ဒီရာသီမှာ လာလီဂါချန်ပီယံဆုရရှိရေးက
အဓိကကျသလိုရှိနိုင်ပေမယ့်လည်း ချန်ပီယံလိဂ်မှာ နှစ်ကြိမ်ဆက် ချန်ပီယံအဖြစ်စံချိန်သစ်ရေးထိုး
နိုင်ဖို့ကလည်း အရေးပါနေနိုင်တယ်။

အထူးသဖြင့် လက်ရှိခြေစွမ်းအရ ရီးယဲလ်ဟာ ဒီရာသီမှာ ဖလားသုံးလုံးစလုံးကို အိပ်မက်ခွင့်ရနေ
တဲ့ အခြေအနေက ရာသီသိမ်း ပန်းဝင်ခါနီးအချိန်တွေမှာ ရီးယဲလ်အတွက် ဝေဝါးပြီး လျှောက်ရမယ့်
လမ်းကို မှန်မှန်ကန်ကန် မရွေးမိဘဲ ဖြစ်သွားနိုင်တာ မျိုး ကြံုသွားရနိုင်တာကိုလည်း ထည့်တွက်ထား
ရလိမ့်မယ် ထင်တယ်။ အထူးသဖြင့် ၂၀၁၄ ကုန်ခါနီးမှာ ကမ္ဘာ့ ကလပ်ချန်ပီယံများဖလားကို ရယူ
နိုင်လိုက်တာကလည်း ရီးယဲလ်ရဲ့ ရမ္မက်ကို ပိုသွေးကြွစေသလို ဖြစ်သွားနိုင်တယ်။

ဒါကြောင့် အလိုကြီးပြီး အရနည်းသွားတဲ့ အဖြစ်မျိုး မကြံုရလေအောင် ရီးယဲလ်အနေနဲ့ လာမယ့်
၂၀၁၅ ထဲမှာ အသေအချာ ချိန်ညှိပြီး လျှောက် နိုင်ဖို့ လိုနေတယ်။ ဘာလို့လဲဆိုရင် ရီးယဲလ်ရဲ့
အဓိက ပြိုင်ပွဲကြီးနှစ်ရပ်ဖြစ်တဲ့ ချန်ပီယံလိဂ်နဲ့ လာလီဂါ ပြိုင်ဘက်တွေဟာ ရီးယဲလ်ရဲ့ ခြေလှမ်း
တစ်ချက် အမှားကို ချက်ချင်း အခွင့် အရေးယူသွားနိုင်တဲ့ အသင်းတွေဖြစ်နေလို့ပါ။ ချန်ပီယံလိဂ်လို
တစ်ဆင့်ချင်း အနိုင်အရှုံး ပေါ်မှာ မူတည်ပြီးသွားရတဲ့ ပြိုင်ပွဲမျိုးမှာ ကံတရားရဲ့ ဖေးမမှုမျိုးရနိုင်ပေမယ့်
ရာသီရှည်ကြီးတစ်ခုလုံးကို ခြေလှမ်းမှန်မှန်နဲ့ သွားရတဲ့ လိဂ်ပြိုင်ပွဲလိုဟာမျိုးမှာတော့ အသင်း တစ်
သင်းအနေနဲ့ ခြေစွမ်းပိုင်းကို ပိုထိန်းသိမ်း ထားနိုင်မှသာ အခွင့်အရေးကောင်းနိုင်ဖို့ ရှိနေတယ်။

ပြီးခဲ့တဲ့ ရာသီလာလီဂါကိုပဲ ပြန်ကြည့်ရင် ဒီအနေအထားကို ကောင်းကောင်း မြင်နိုင်တယ်။ ပြီးခဲ့
တဲ့ ရာသီကဆိုရင် ဘာစီလိုနာဟာ လာလီဂါကို ရာသီတစ်ဝက်ကျော်လောက် အထိ အကောင်း
ဆုံးဦးဆောင်နိုင်ခဲ့တယ်။ ဒါပေမဲ့ ပန်းဝင်ခါနီး ရာသီသုံးချိုးနှစ်ချိုးလောက် အရောက်မှာတော့ ထိပ်
ပိုင်းနေရာအတွက် ရီးယဲလ်၊ အလက်တီကိုတို့နဲ့ အပြိုင်ပိုဖြစ်လာ တယ်။ ထိပ်ဆုံးနေရာကိုလည်း
အဲဒီသုံးသင်း အပြိုင်ယူလာခဲ့ပြီး နောက်ပိုင်းမှာ ရီးယဲလ်က ကျန်ခဲ့ရတာဖြစ်တယ်။ ဒီရာသီအနေ
အထား ကို ကြည့်ရင်လည်း အဲဒီလို မဖြစ်ဘူးလို့ မပြော နိုင်ဘူး။ ရီးယဲလ်ဟာ ဆောင်းအခိုမှာ
ထိပ်ဆုံး နေရာမှာ ရှိနေတယ်။ တစ်ပွဲလည်းလျော့ကစား ထားတာမှန်ပေမယ့် သိသာတဲ့ အမှတ်
ကွာဟ မှုမျိုး မဟုတ်ဘူး။ အထူးသဖြင့် ဒီရာသီမှာ အဓိကပြိုင်ဘက်ဖြစ်လာနိုင်တဲ့ ဘာစီလိုနာ
ထက် တစ်မှတ်ပဲသာနေသေးတယ်။

ဒီအနေ အထားဟာ ရီးယဲလ်အတွက် လာလီဂါမှာ အခြေအနေကောင်းပြီလို့ ပြောလို့မရနိုင်
သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘာစီလိုနာဟာ ဒီရာသီမှာ ရီးယဲလ်လောက် ဖိအားမရှိဘူး။
ဒီရာသီမှာ ဘာစီလိုနာဟာ အသစ်ပြန်တည် နိုင်ဖို့ ပြင်ဆင်နေတဲ့ ရာသီတစ်ခုဖြစ်လို့ သူတို့
အတွက် ဘယ်ပြိုင်ပွဲမှာပဲဖြစ်ဖြစ် ချန်ပီယံ ဖြစ်ရေးထက် အတတ်နိုင်ဆုံး အမြင့်ဆုံးနေရာ ရောက်
ရေးက ပိုအဓိကဖြစ်နေတယ်။ ဒါကြောင့် ရီးယဲလ်ထက်စာရင် ရှေ့ခရီးကို ပုံမှန်အတိုင်း ခပ်မှန်မှန်
သွားခွင့် ရှိနေတယ်။ ရာသီသိမ်းပန်းအဝင်ပိုင်းကိုကြည့်ရင်လည်း ဘာစီလိုနာ ဟာ ရီးယဲလ်
လောက် ပွဲမကျပ်ဘူး။

နောက်ပြီး လက်ရှိ ဒီနှစ်သင်းရဲ့ ရလဒ်ပိုင်းနဲ့ ခြေစွမ်းပိုင်း တွေကို ကြည့်ပြန်ရင်လည်း သိပ်ပြီးကွာ
လှတာ မဟုတ်ဘူး။ ဒီတော့ ဘာစီလိုနာရဲ့ အနေ အထားဟာ ရီးယဲလ်ရဲ့ ၂၀၁၂ နောက်ပိုင်း လာ
လီဂါချန်ပီယံအိပ်မက်ကို ဖျက်ဆီးနိုင်တဲ့ အစွမ်းမျိုး ရှိနေသေးတယ်။ နောက်တစ်သင်းက အလက်
တီကိုဟာ ဘာစီလိုနာထက်ပိုပြီး ရီးယဲလ်နဲ့ အမှတ်ကွာဟမှုများနေပေမယ့်လည်း သူတို့ကို ချန်ပီ
ယံလမ်းကြောင်းက ဖယ်ထားလို့ မရ သေးဘူး။ ပြီးခဲ့တဲ့ရာသီကလည်း အခုလို နောက်ကလိုက်ပြီး
အလက်တီကို ချန်ပီယံ ဖြစ်ခဲ့တာဖြစ်ပြီး ဒီရာသီမှာလည်း သူတို့ရဲ့အနေအထားက ဘာစီလိုနာ
ထက်တောင် ဖိအားနည်းနေသေးတယ်။ ပြီးခဲ့တဲ့ရာသီက အမြင့်ဆုံး အောင်မြင်မှုကို ယူပြီးပြီ။

အဲဒီ အသင်းရဲ့ အဓိကကစားသမားတွေကိုလည်း ရောင်းထုတ်ပြီး ငွေရှာပြီးပြီ။ ဒီတော့ အခုရာသီ
မှာ သူတို့အတွက် ချန်ပီယံဘွဲ့ကို ဆက်မထိန်း နိုင်ရင်လည်း ပြဿနာမဟုတ်တော့ဘူး။ ထိုက်တန်တဲ့
နေရာတစ်နေရာမှာ ရပ်တည်နိုင် ရင်ပဲ သူတို့အတွက် လုံလောက်နေပြီဖြစ်တဲ့ အနေအထားက
အလက်တီကိုကလည်း လက်ကျန်ရာသီကို ဖိအားကင်းကင်းနဲ့ သွားနိုင်မှာ သေချာတယ်။

ဒါကြောင့် ရီးယဲလ်အတွက် လက်ကျန် ရာသီမှာ စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်ပြီး လက်ရှိအနေအထား
အပေါ် သာယာမှု လွန်ကဲနေလို့ မရဘူး။ လက်ရှိ အောင်မြင်မှုတွေအပေါ် ယစ်မူးသွားမိရင် ရီးယဲလ်
အတွက် အဆုံးသတ် မလှနိုင်ဘဲ ဖြစ်သွားနိုင်ပါသေးတယ်။



ဖတ်ရှုမှုအများဆုံး