သူ၏အနာဂတ်နှင့် ပတ်သက်၍ ဖီဖာတာဝန်ရှိ သူများနှင့် ဘလတ္တာတို့ လျှို့ဝှက် ဆွေးနွေးခဲ့

သူ၏အနာဂတ်နှင့် ပတ်သက်၍ ဖီဖာတာဝန်ရှိ သူများနှင့် ဘလတ္တာတို့ လျှို့ဝှက် ဆွေးနွေးခဲ့

ဖီဖာဥက္ကဋ္ဌ ဘလတ္တာက ၎င်း၏အနာဂတ်နှင့် ပတ်သက်၍ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ) က
တာဝန်ရှိသူများနှင့် လျှို့ဝှက်ဆွေးနွေးမှု တစ်ခု ပြုလုပ်ခဲ့ကြောင်း ဘီဘီစီသတင်း ဌာနက ထုတ်
ပြန်ကြေညာခဲ့သည်။

ဘလတ္တာသည် ဖီဖာဥက္ကဋ္ဌရာထူးကို ရယူ ထားသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်ပြီး ၂၀၁၅
ခုနှစ်၊ မေလတွင် ဥက္ကဋ္ဌရာထူး ရွေးချယ် ပွဲပြန်လည်ကျင်းပမည်ဖြစ်သည်။ ထို့ကြောင့် ၎င်းအနေဖြင့်
လာမည့်ရွေးကောက်ပွဲတွင် အနိုင်ရရှိရေးအတွက် မည်သို့ဆောင်ရွက် မှုများ ပြုလုပ်ရမည်ကို တာ
၀န်ရှိသူများနှင့် ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။ ဥက္ကဋ္ဌသစ်ရွေးကောက်ပွဲအတွက်
အမည်စာရင်းများကို ၂၀၁၅ ဇန်နဝါရီ ၂၉ ရက်နေ့နောက်ဆုံးထား၍ တင်သွင်းရမည်ဟုလည်း
သိရသည်။

ဘလတ္တာသည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ကို ကာတာနိုင်ငံတွင်ကျင်းပရန် ဆုံးဖြတ်ခဲ့ရာတွင်
လာဘ်ပေးလာဘ်ယူကိစ္စများ ရှိခဲ့သည် ဟုလည်း ဝေဖန်ခံနေရသူဖြစ်သည်။

(ဘီဘီစီ)



ဖတ်ရှုမှုအများဆုံး