ရာသီဝက်ချန်ပီယံ ဘိုင်ယန်မြူးနစ်နဲ့ ဆောင်းခိုငှက် ဘွန်ဒက်စ်လီဂါ

ရာသီဝက်ချန်ပီယံ ဘိုင်ယန်မြူးနစ်နဲ့ ဆောင်းခိုငှက် ဘွန်ဒက်စ်လီဂါ

ဂျာမန်ဘွန်ဒက်စ်လီဂါကတော့ ဆောင်းရာသီ အနားယူချိန်ကို ရောက်ရှိသွားခဲ့ပါပြီ။ တခြား ဥရောပ
ထိပ်တန်းလိဂ်တွေဖြစ်တဲ့ အီတလီ စီးရီးအေ၊ စပိန်လာလီဂါတို့လည်း နားကြတာ ပါပဲ။ ဒါပေမဲ့
မရပ်မနား ခုတ်မောင်းနေတဲ့ ရထားကြီးကတော့ အင်္ဂလန်ပရီမီယာလိဂ်ပါ။ ကျွန်တော်တို့ရဲ့ ဘွန်
ဒက်စ်လီဂါကတော့ ဘိုင်ယန်မြူးနစ်က ၀ုဖ်ဘတ်ကို ၁၁ မှတ်ဖြတ် ပြီး ရာသီဝက်ချန်ပီယံဆိုတဲ့
ဂုဏ်ပုဒ်ကို စိုက်ထူ လိုက်ပြီဖြစ်ပါတယ်။

ဒီရာသီ ဘွန်ဒက်စ်လီဂါဟာ မယုံကြည်နိုင် စရာ အပြောင်းအလဲတွေနဲ့ အချိုးအကွေ့ များစွာကို
ဖြတ်သန်းခဲ့ရတယ်လို့ မြင်ပါတယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းတွေက အကြိတ်အနယ်ဖြစ်ခဲ့ တဲ့ ဘိုင်ယန်မြူး
နစ်နဲ့ ဒေါ့မွန်တို့ရဲ့ အခြေအနေ ဟာ များစွာကွာခြားသွားခဲ့ပါတယ်။ ဘာဗေး ရီးယန်းသားတွေဟာ
ရှုံးပွဲမရှိစံချိန်နဲ့ ၄၅ မှတ် ရရှိကာ နံပါတ်(၁)နေရာ ဆုပ်ကိုင်နိုင်ခဲ့ ပေမယ့် ဒေါ့မွန်ကတော့ တန်းဆင်း
ဇုန်ထဲ ရောက်ရှိနေပြီး ၁၇ ပွဲကစား ၁၅ မှတ်ပဲရရှိကာ အဆင့်(၁၇)မှာ ရောက်ရှိနေပါတယ်။

ဒါဟာ တကယ့်ကို ခြားနားတဲ့အခြေအနေတစ်ရပ် ဖြစ်ပါတယ်။ အခုအချိန်အထိ လုံးဝရှုံးပွဲမရှိသေး
တဲ့ အသင်းက ဘိုင်ယန်မြူးနစ်အသင်း ဖြစ်ပါ တယ်။ သူတို့ဟာ အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ ကိုးပွဲ
စလုံးကို အနိုင်ကစားနိုင်ခဲ့သလို အဝေး ကွင်းရှစ်ပွဲမှာလည်း သုံးပွဲသာ သရေကျပြီး ငါးပွဲအနိုင်ရ
ကာ ရှုံးပွဲမရှိဆိုတဲ့စံချိန်ကို ထိန်း ထားနိုင်ပါတယ်။ ၁၇ ပွဲကစားပြီးချိန်အထိ အိမ်ကွင်းရှုံးပွဲ လုံးဝ
မရှိသေးတဲ့အသင်းက သုံးသင်းပဲရှိပါ တယ်။ အဲဒီအသင်းတွေကတော့ ဘိုင်ယန် မြူးနစ်အသင်း
အပါအဝင် ဒုတိယနေရာက ၀ုဖ်ဘတ်၊ တတိယနေရာက လေဗာကူဆင် အသင်းတို့ဖြစ်ပါတယ်။

ဒါပေမဲ့ သူတို့ဟာ အဝေးကွင်းသုံးပွဲစီ ရှုံးထားတဲ့ အသင်း လေးသင်းထဲမှာ ပါ၀င်နေပါတယ်။
ဒီတော့ ကျန်နေတဲ့ အသင်းတစ်သင်းကတော့ အဆင့် (၄)နေရာက မွန်ချင်ဂလက်ဘတ်အသင်း
ဖြစ်ပါတယ်။ တန်းဆင်းဇုန်ထဲမှာရောက်နေတဲ့ အသင်း သုံးသင်းထဲမှာ နာမည်ကြီးအသင်းနှစ်သင်း
ပါ၀င်နေပါတယ်။

အဲဒီအသင်းတွေကတော့ အဆင့်(၁၆) ၀ါဒါဘရီမင်နဲ့ အဆင့်(၁၇) ဒေါ့မွန်အသင်းတို့ဖြစ်ပါတယ်။
ဖရိုင်းဘတ် ကတော့ ဇယားအောက်ဆုံးမှာပါ။ တိုက်စစ်အကောင်းဆုံးအနေအထားရရှိ နေတဲ့
အသင်းကိုပြောရရင်လည်း ဘိုင်ယန် မြူးနစ်ဖြစ်ပြီး ၁၇ ပွဲမှာ ၄၁ ဂိုးသွင်းယူထားနိုင် ကာ ခံစစ်က
လေးဂိုးသာပေးထားရလို့ ဒါဟာ အကောင်းဆုံးခံစစ်လို့လည်း သတ်မှတ်ရမှာ ဖြစ်ပါတယ်။

ရော့ဘန်၊ ရစ်ဘာရီ၊ သောမတ်စ် မူလာ၊ ရှဝိန်းစတိုင်ဂါတို့ရဲ့ တိုက်စစ်စုဖွဲ့မှုက အားကောင်းသလို
နျူအာရဲ့ လက်စွမ်းပြမှုကို လည်း ချီးကျူးရမှာဖြစ်ပါတယ်။ တိုက်စစ်အားအနည်းဆုံးနေရာမှာ အံ့အား
သင့်ဖွယ်ရာ အချက်တစ်ချက်ကတော့ အဆင့် (၁၄)နေရာမှာရပ်တည်နေတဲ့ ဟမ်းဘတ် အသင်း
ဖြစ်ပြီး ကိုးဂိုးသာသွင်းယူထားနိုင်တာ တွေ့ရပါတယ်။ သူတို့ဟာ ပွဲစဉ်(၁၇)အပြီးမှာ ရမှတ် ၁၇
မှတ်သာ ရရှိထားတာမို့ တစ်ပွဲ တစ်မှတ်နှုန်းသာ ရယူထားနိုင်ပါတယ်။ သူ့လိုပဲ။ စတုဂတ်၊ ၀ါဒါ
ဘရီမင်တို့ဟာလည်း ၁၇ မှတ်သာ ရယူထားနိုင်တာမို့ ဟမ်းဘတ်နဲ့ အလားတူ ဖြစ်နေပါတယ်။


 

ခံစစ်ပိုင်းအားအနည်းဆုံး၊ ပေးဂိုးအများ ဆုံးအသင်းကတော့ အဆင့်(၁၆)နေရာမှာ ရပ်တည်နေတဲ့
၀ါဒါဘရီမင်အသင်းကို တွေ့ရမှာပါ။ ၀ါဒါဘရီမင်အသင်းဟာ ၁၇ ပွဲ ကစားပြီးချိန်မှာ ၃၉ ဂိုးတောင်
ပေးခဲ့ရတာ ဖြစ်လို့ တစ်ပွဲကို နှစ်ဂိုးနှုန်းကျော်ပေးနေရတာ ကို တွေ့ရပါတယ်။ တစ်ပွဲကို တစ်ဂိုးနှုန်း
အတိအကျပြန်ပေးရတဲ့ အသင်းကတော့ ဒုတိယနေရာက ၀ုဖ်ဘတ်အသင်းဖြစ်ပါ တယ်။ တစ်ပွဲကို
နှစ်ဂိုးနှုန်း အတိအကျပြန်ပေး ရတဲ့အသင်းကတော့ ၃၄ ဂိုးပေးခဲ့ရတဲ့ အဆင့် (၉)နေရာက ဖရန့်
ဖတ်အသင်းဖြစ်ပါတယ်။ သူတို့အနေနဲ့ ထူးခြားတာတစ်ခုက သူတို့ဟာ တိုက်စစ်ပိုင်းမှာလည်း
၁၇ ပွဲကစားပြီးချိန် ၃၄ ဂိုးသွင်းနိုင်ခဲ့တာပါပဲ။ ဒီတော့ တိုက်စစ်က နှစ်ဂိုးသွင်းပြီး ခံစစ်က နှစ်ဂိုးပြန်
ပေးနေရတဲ့ သဘောဖြစ်နေပါတယ်။

အိမ်ကွင်းနိုင်ပွဲအများဆုံးအသင်းကတော့ ပြောစရာတောင်မလိုတော့ပါဘူး။ ဘိုင်ယန် ပဲပေါ့။ အိမ်
ကွင်းနိုင်ပွဲအနည်းဆုံးအသင်း တွေကတော့ အောက်ဆုံးက ဖရိုင်းဘတ်၊ အဆင့်(၁၅)နေရာက
စတုဂတ်၊ အဆင့်(၁၁) နေရာက ကိုလုံးတို့ဖြစ်ကြပါတယ်။ ဒီနေရာမှာ တစ်ဆက်တည်းပြောချင်
တာကတော့ ဒီနှစ်မှ တန်းတက်လာတဲ့ ကိုလုံးနဲ့ ပက်ဒါဘွန်းတို့ဟာ ဇယားအလယ်မှာ ခပ်တည်
တည်နဲ့ ရပ်နေတာ ဖြစ်ပါတယ်။ ပြီးတော့ သူတို့က အထက် အောက်။ ပက်ဒါဘွန်းက အဆင့်
(၁၀)၊ ကိုလုံး ကအဆင့်(၁၁) ရာသီကုန်အထိ ဒီအခြေ အနေကို ထိန်းထားနိုင်ရင်တော့
ဘွန်ဒက်စ် လီဂါမှာ တင်ကျန်ခဲ့ဖို့ များပါတယ်။ အဝေးကွင်းနိုင်ပွဲ အများဆုံးအသင်းက လည်း
ဘိုင်ယန်ပါပဲ။

အဝေးကွင်းနိုင်ပွဲ အနည်းဆုံးအသင်းတွေကတော့ ဖရိုင်းဘတ်၊ ဒေါ့မွန်၊ ၀ါဒါဘရီမင်၊ ဟမ်းဘတ်၊
ဟာသာ ဘာလင်၊ မိန့်ဇ်၊ ပက်ဒါဘွန်းတို့ဖြစ်ပြီး တစ်ပွဲ စီသာ အနိုင်ရထားတာဖြစ်ပါတယ်။ ခြံုပြီး
သုံးသပ်ရမယ်ဆိုရင် အိမ်ကွင်းရှုံးပွဲ အများဆုံးဖြစ်တဲ့ စတုဂတ်ကတော့ ၂၀၁၅ ထဲ ၀င်ရောက်လာ
တဲ့အခါ အိမ်ကွင်းရှုံးပွဲထပ် မများဖို့ အထူးဂရုစိုက်ရမှာ ဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ရင်တော့ တန်း
ဆင်းသွားရမယ့် အနေအထားရှိပါတယ်။ ဒီလိုပါပဲ အဝေးကွင်း ရှုံးပွဲ အများဆုံးဖြစ်နေတဲ့ ဒေါ့မွန်နဲ့
၀ါဒါ ဘရီမင်တို့ကလည်း လာမယ့်ပွဲတွေမှာ သူတို့ရဲ့ အဝေးကွင်းကစားပုံကို ပြင်ဆင်ဖို့ လိုအပ်နေ
ပါတယ်။

ဒေါ့မွန်က ခုနစ်ပွဲရှုံးပြီး ၀ါဒါဘရီမင် က ခြောက်ပွဲရှုံးထားပါတယ်။ သရေပွဲအများဆုံးဖြစ်နေတဲ့
အသင်း နှစ်သင်းကတော့ မိန့်ဇ်နဲ့ ဖရိုင်းဘတ်ဖြစ်ပါ တယ်။ ၁၇ ပွဲကစားပြီးချိန်မှာ ကိုးပွဲစီ သရေ
ကျ ထားပါတယ်။ ဆက်ကစားမယ့်ရာသီဝက်မှာ ရသင့်ရထိုက်တဲ့ အမှတ်တွေကို မစုဆောင်း
နိုင်ရင်တော့ တန်းဆင်းပြဿနာနဲ့ ကြံုတွေ့ ရနိုင်ပါတယ်။ မိန့်ဇ်က အဆင့်(၁၂)နဲ့ ဖရိုင်း ဘတ်က
အဆင့်(၁၈) ဇယားအောက်ဆုံးမှာပါ။ ဒေါ့မွန်အနေနဲ့ကတော့ အင်အားတောင့် တင်းနေဆဲဆို
ပေမယ့် ဘိုင်ယန်ကိုတော့ တက်ပြီး မခြိမ်းခြောက်နိုင်တော့ပါဘူး။ ဒေါ့မွန် ရဲ့ အဓိကပစ်မှတ်က
တန်းမဆင်းရရေး ဖြစ်ပါ တယ်။ ၀ုဖ်ဘတ်၊ လေဗာကူဆင်၊ မွန်ချင်၊ ရှော်လ်ကေးတို့ရဲ့ ဒုတိယရာ
သီဝက် အားပြိုင် မှုတွေကို ကျွန်တော်တို့ စိတ်ဝင်တစား စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။



ဖတ်ရှုမှုအများဆုံး