ချယ်လ်ဆီး - ၀က်စ်ဟမ်း စနေ၊ ည ရး၁၅
လန်ဒန်ဒါဘီပွဲဖြစ်ပါတယ်။ နှစ်သင်းစလုံး ရဲ့ ကစားပုံတွေက အရမ်းကောင်းနေ
ပါတယ်။ ၀က်စ်ဟမ်းက ချယ်လ်ဆီးထက်တောင် ပိုကောင်းနေပါတယ်။ နောက်ဆုံး ၁၁ ပွဲမှာ
တစ်ပွဲပဲရှုံးထားပါတယ်။ မော်ရင်ညိုဟာ ပွဲကျပ်ကာလမှာ သတိထားပြီးပြင်ဆင်ထား ပါလိမ့်မယ်။
ဒါကြောင့် ဒီပွဲမှာ ကစားအားကို ချွေတာပြီးကစားနိုင်ပါတယ်။ ချယ်လ်ဆီး ခက်ခက်ခဲခဲကစား
ရမယ့်ပွဲ ဖြစ်ပါတယ်။ ချယ်လ်ဆီး အနိုင်မပြတ်သားနိုင်ပါဘူး။
ဘန်လေ - လီဗာပူး စနေ၊ ည ၉း၃၀
လီဗာပူးကစားပုံ ပြန်ကောင်းလာနေပါ တယ်။ ဘန်လေကလည်း ရုန်းအားတော့ရှိပေ မယ့် အသင်း
အနေအထားကပြည့်စုံမှုမရှိ လို့ ဘန်လေကစားသမားတွေ ပွဲပန်းနေနိုင် ပါတယ်။ လီဗာပူးကွင်း
လယ်ပိုင်း အားရစရာ ပြန်ကောင်းလာနေပါတယ်။ အခုပွဲမှာတော့ လီဗာပူးကစားအားတင်လာနိုင်
လို့ ဘန်လေ ခက်ခဲပါလိမ့်မယ်။ လီဗာပူးကိုရွေးရမယ့် အချိန်ရောက်ပါပြီ။
လက်စတာ - စပါး စနေ၊ ည ၉း၃၀
လက်စတာကတော့ တန်းဆင်းရပါတော့ မယ်။နောက်ဆုံး ၁၀ ပွဲ ရှုံးထားတဲ့အသင်း ပါ။ ရုန်းနိုင်ပေ
မယ့် တိုက်စစ်ကဂိုးသွင်းအား ကျဆင်းနေပါတယ်။ စပါးကလည်း အခု နောက်ပိုင်းကစားပုံ ပြန်
ကောင်းလာနေပါ တယ်။ ဒါပေမဲ့ အခုပွဲက အဝေးကွင်းဆိုတော့ စပါး ခက်ခက် ခဲခဲကစားရနိုင်
ပါတယ်။ သရေ ကျနိုင်တဲ့ပွဲဖြစ်ပါတယ်။ လက်စတာကို ရွေးရမှာဖြစ်ပါတယ်။
မန်ယူ - နယူးကာဆယ် စနေ၊ ည ၉း၃၀
နယူးကာဆယ်က ချယ်လ်ဆီးကို နိုင်ပြီးတဲ့ နောက်မှာ အာဆင်နယ်၊ စပါး၊ ဆန်းဒါးလန်း တို့ကို
ဆက်တိုက်ရှုံးထားပါတယ်။ ဒီသုံးပွဲမှာ ကိုးဂိုးတောင် အသွင်းခံထားခဲ့ရပါတယ်။ နယူးကာဆယ်မှာ
ဂိုးသမားပြဿနာရှိနေပါ တယ်။ အခုမန်ယူကွင်းဆိုတော့ နယူးကာဆယ် မလွယ်ပါဘူး။ မန်ယူ နိုင်ပွဲ
ပြန်တွေ့မယ့်ပွဲ ဖြစ်ပါတယ်။
၀က်ဘရွန်း - မန်စီးတီး စနေ၊ ည ၉း၃၀
ခရစ္စမတ်နေ့မှာ မန်စီးတီးကစားသမားတွေ ဘယ်လိုဖြတ်ကျော်သွားသလဲဆိုတာစဉ်းစားစရာဖြစ်
ပါတယ်။ ၀က်စ်ဘရွန်းကစား သမားတွေကလည်း စည်းကမ်းပိုင်းမှာ လျော့ရဲရဲ ဖြစ်နေနိုင်ပါတယ်။
အိမ်ကွင်းပရိသတ်အား ကတော့ ၀က်စ်ဘရွန်းဘက်မှာရှိနေပါတယ်။ ခရစ္စတယ်ပဲလေ့စ်ပွဲမှာ
ဂိုးပြတ်အနိုင်ရပေ မယ့် အခုပွဲမှာတော့ဂိုးပြတ်အနိုင်ရဖို့ မလွယ် ပါဘူး။ အိမ်ရှင်ကိုရွေးရမယ့်ပွဲဖြစ်
ပါတယ်။
ဆွမ်ဆီး - ဗီလာ စနေ၊ ည ၉း၃၀
နှစ်ပွဲဆက်တိုက်ရှုံးတဲ့ ဆွမ်ဆီးအသင်းပြီးခဲ့တဲ့အပတ်က ဟားလ်စီးတီးကို ပြန်ပြီး အနိုင်ရထားခဲ့
ပါတယ်။ ဗီလာကလည်း မန်ယူ ကို အိမ်ကွင်းမှာ သရေကစားထားပါတယ်။ ဒီပွဲမှာ အဘွန်လ
ဟော ပွဲပယ်ခံထားရလို့ ဗီလာတိုက်စစ်မှာ ဘန်တီကီတစ်ယောက်ပဲ ရှိထားပါတယ်။ ဆွမ်ဆီးက
ဘောလုံးကိုပိုပြီး ကိုင်ကစားနိုင်ပါတယ်။ တိုက်စစ်မှာ ဘိုနီ ကစားနေပါတယ်။ ဆွမ်းဆီးအသာစီး
ကစား ပြီး ဗီလာကိုအနိုင်ယူသွားပါလိမ့်မယ်။
ဆန်းဒါးလန်း - ဟားလ်စီးတီး စနေ၊ ည ၉း၃၀
သရေပွဲတွေ အများအပြားကစားထားတဲ့ ဆန်းဒါးလန်းအသင်း ပြီးခဲ့တဲ့အပတ်ကတော့
နယူးကာဆယ်ကို အနိုင်ကစားထားပါတယ်။ အသင်းလိုက်တွဲလုံးတွေ ကောင်းနေပါ တယ်။
ဟားလ်စီးတီးကတော့ ရှုံးလို့ကောင်း နေဆဲအသင်း ဖြစ်ပါတယ်။ အခုဆိုရင် တန်းဆင်းဇုန်ထဲကို
ရောက်သွားပါပြီ။ ဆန်းဒါး လန်းအိမ်ကွင်းဖြစ်လို့ ကစားအားတင်လာ ပါလိမ့်ဦးမယ်။ ဟားလ်စီးတီး
ခံစစ်သက်သက် ကစားလို့မရတော့ပါဘူး။ဆန်းဒါးလန်း နိုင်ပွဲ ထပ်ရပါလိမ့်ဦးမယ်။
အဲဗာတန် - စတုတ် စနေ၊ ည ၉း၃၀
အဲဗာတန်က အိမ်ကွင်းကစားပုံ ကောင်း သလောက် အဝေးကွင်းမှာ အားနည်းတဲ့အသင်း ဖြစ်ပါ
တယ်။ အခုအိမ်ကွင်းဆိုတော့ အားသာမယ်ထင်ရပေမယ့် စတုတ်ကိုလျှော့ တွက်လို့မရပါဘူး။
အသင်းလိုက်ကစားပုံမှာ စတုတ် ပိုကောင်းနေပါတယ်။ ခံစစ်ကို ဦးစားပေးကစားတတ်တဲ့အကျင့်
ရှိလို့ အဲဗာ တန် ဂိုးသွင်းရခက်နိုင်ပါတယ်။ အသင်းချင်းမကွာလို့ သရေကျသွားနိုင်ပါတယ်။
ပဲလေ့စ် - ဆောက်သမ်တန် စနေ၊ ည ၉း၃၀
ခရစ္စတယ်ပဲလေ့စ်က အောက်အသင်းဖြစ်ပေမယ့် အိမ်ကွင်းမှာ ရုန်းအားရှိသလို အသင်းလိုက်
ကစားအားရှိတဲ့အသင်း ဖြစ်ပါ တယ်။ ဆောက်သမ်တန် နိုင်ပွဲပြန်ရပေမယ့် အဝေးကွင်းဆိုရင်
အားနည်းတာကို သတိပြု ရမှာဖြစ်ပါတယ်။ အခု ပဲလေ့စ်ကွင်းမှာ ဆောက်သမ်တန် ရုန်းကန်
ရနိုင်ပါတယ်။ ပဲလေ့စ်ကို ကြိုက်ပါတယ်။
အာဆင်နယ် - ကျူပီအာရ် တနင်္ဂနွေ၊ နံနက် ၀၀းဝဝ
လီဗာပူးကို အနိုင်ရနေရာက သရေကျ သွားတာကတော့ အာဆင်နယ် တော်တော် နစ်နာပါတယ်။
ကစားပုံရော၊ အဆုံးသတ်ပါ ကောင်းနေရာက ခံစစ်ကိုသွားကစားတာက အာဆင်ဝင်းဂါးရဲ့ အား
နည်းချက်ပဲ ဖြစ်ပါ တယ်။ အခုပွဲက လန်ဒန်ဒါဘီပွဲဖြစ်ပါတယ်။ ကျူပီအာရ်က အိမ်ကွင်းကောင်းပေ
မယ့် အဝေးကွင်းညံ့တဲ့အသင်း ဖြစ်ပါတယ်။ ကစားပုံချင်းကလည်း ကွာခြားပါတယ်။ အာဆင်နယ်
ကစားအား ထပ်တင်လာမယ့်ပွဲ ဖြစ်ပါတယ်။ ဂိုးပြတ်အနိုင်ရမယ့်ပွဲပါ။














