ချစ်ကြည်ရေး ဘတ်စကက်ဘောပြိုင်ပွဲ ကျင်းပမည်

ချစ်ကြည်ရေး ဘတ်စကက်ဘောပြိုင်ပွဲ ကျင်းပမည်

မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ်နှင့် တရုတ်ကုန်သည်များအသင်းတို့ ပူးပေါင်း စီစဉ်ကျင်းပ
မည့် မြန်မာနိုင်ငံ တရုတ် ကုန်သည်များအသင်း (၁၀၆)နှစ်ပြည့် အထိမ်းအမှတ် ချစ်ကြည်ရေး
ဘတ်စကက် ဘောပြိုင်ပွဲကို လာမည့် ဒီဇင်ဘာလ ၂၇ ရက် နေ့မှ ဇန်နဝါရီလ ၁ ရက်နေ့အထိ
ရန်ကုန် မြို့၊ အောင်ဆန်းမိုးလုံလေလုံ အားကစား ခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် တရုတ်ပြည်နယ်ငါးခုက အသင်းခြောက်သင်းနှင့် မြန်မာနိုင်ငံ က ညွန့်ပေါင်း
အသင်းလေးသင်း စုစုပေါင်း အသင်း ၁၀ သင်းပါ၀င်မည်ဖြစ်သည်။ ပြိုင်ပွဲ ကို ငါးသင်းတစ်အုပ်စု
ခွဲ၍ အုပ်စုနှစ်ခုဖြင့် ကျင်းပသွားမည်။ အုပ်စု ပထမ အသင်း နှစ်သင်းသည် ဗိုလ်လုပွဲ ယှဉ်ပြိုင်
ကစားရမည်ဖြစ်ပြီး ဒုတိယရသော အသင်း နှစ်သင်း သည် တတိယလုပွဲယှဉ်ပြိုင်ကစားရမည်
ဖြစ် သည်။

ပြိုင်ပွဲကို နေ့စဉ်မွန်းလွဲ ၁ နာရီမှစတင်၍ တစ်နေ့လျှင် လေးပွဲနှုန်းဖြင့် ကျင်းပ ပြုလုပ်သွားမည်ဖြစ်
သည်။ အုပ်စု(က)တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချုံချင့်ခိုင်းရှန်၊ ကွမ်းတုံရွှမ်းကျင့်၊ ကွမ်စီးနှင့် အဖွဲ့
ချုပ် လူငယ်အသင်းတို့ ပါ၀င်မည် ဖြစ်ပြီး အုပ်စု(ခ)တွင် ရန်ကုန် (Fire Wolves) ၊ ဟူနန်းယျဲ့ရန်၊
ယူနန်ကူမင်း၊ ချုံချင့်ဖုန်းရွှေ နှင့် မန္တလေး (Fox) အသင်းတို့ ပါ၀င် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

"ဒီပြိုင်ပွဲကတော့ တရုတ်၊ မြန်မာ ချစ်ကြည်ရေးကို အဓိကရည်ရွယ်ပါတယ်။ လာရောက်ယှဉ်ပြိုင်
မယ့် တရုတ်နိုင်ငံ ပြည်နယ်ငါးပြည်နယ်က အသင်းခြောက်သင်း စလုံးက သက်ဆိုင်ရာပြည်နယ်
အသီးသီးမှာ နာမည်ကြီးအသင်းတွေပါ။ ဒီက အရည် အသွေးရှိတဲ့ အသင်းလေးသင်းနဲ့ တွေ့ဆုံ
ပေးထားတာကြောင့် ဒီပွဲကြီးက အကြိတ်အနယ်ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာပါ။ ဖွင့်ပွဲကိုလည်း
ခမ်းခမ်းနားနားကျင်းပသွားမှာပါ။ မြန်မာနိုင်ငံက ဘတ်စကက်ဘော ပရိသတ် တွေ အများအပြား
လာရောက်အားပေးမယ် လို့ မျှော်လင့်ထားပါတယ်။ တရုတ်ကုန်သည် များအသင်းအနေနဲ့ မြန်မာ့
ဘတ်စကက်ဘော အားကစားတိုးတက်လာအောင် တစ်ဖက် တစ်လမ်းက ကူညီပေးတာပါ။ လာ
မယ့်နှစ် တွေမှာ တခြား အားကစားပြိုင်ပွဲတွေကို လည်း ကျင်းပနိုင်အောင်ကြိုးစားသွားမှာပါ" ဟု
မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အသင်းဥက္ကဋ္ဌ ဦးမြင့်ဆွေက ပြောသည်။

မြန်မာနိုင်ငံဘတ်စကက်ဘော အထွေထွေ အတွင်းရေးမှူး ဦးကျော်ကျော်ဝင်းက ဒီပြိုင်ပွဲဟာ မြန်မာ့
ဘတ်စကက်ဘော အသင်းအတွက် ဆီးဂိမ်းအကြိုပြင်ဆင်မှုတစ်ရပ်ဖြစ်ကြောင်းပြောသည်။

"ကျွန်တော်တို့ မြန်မာနိုင်ငံ ဘတ်စကက် ဘောအသင်းက လက်ရှိအချိန်မှာ လာမယ့် စင်ကာပူဆီး
ဂိမ်းပြိုင်ပွဲအတွက် ပြင်ဆင်နေ ချိန်ဖြစ်ပါတယ်။ ဒီလို တရုတ်နိုင်ငံက အသင်းကြီးတွေနဲ့ ယှဉ်ပြိုင်
ကစားခွင့်ရတဲ့ အတွက် ပဏာမလက်ရွေးစင်အသင်းတွေ အတွက် အလွန်အကျိုးရှိပါတယ်။ဒီပြိုင်
ပွဲကြီးကို ခမ်းခမ်းနားနားကျင်းပသွားမှာ ပါ။ ၀င်ကြေးအခမဲ့ဖြစ်တာကြောင့် ပရိသတ်တွေကိုလည်း
လာကြည့်ကြဖို့ ဖိတ်ခေါ်ချင် ပါတယ်"ဟု ဦးကျော်ကျော်ဝင်းက ပြော သည်။



ဖတ်ရှုမှုအများဆုံး