၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိ

၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိ

လာမည့် ၂၀၁၆ ခုနှစ်တွင် ကျင်းပပြုလုပ်မည်ဖြစ်သော အာဆီယံချန်ပီယံရှစ် ဆူဇူကီး ဖလားပြိုင်ပွဲ
ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်သည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၀
ရက်နေ့က မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော အာဆီယံဘောလုံးအဖွဲ့ချုပ်၏ (၁၃)ကြိမ်
မြောက် အမှုဆောင်အစည်းအဝေးတွင် ၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲကို မြန်မာနိုင်ငံ တွင် အိမ်ရှင်
အဖြစ် လက်ခံကျင်းပသွားရန် အတည်ပြု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲကို လာမည့် ၂၀၁၆ ခုနှစ်မှစတင်၍ ပုံစံသစ်ဖြင့် ကျင်းပ သွားမည်ဖြစ်
သည်။ ပုံစံသစ်အရ ၂၀၁၄ ဆူဇူကီးဖလား ရပ်တည်မှုအဆင့်(၇)အတွင်း အသင်းများသည်နောက်
ဆုံးအဆင့် အုပ်စု ပွဲစဉ်များမှ စတင်ကစားရမည်ဖြစ်ပြီး ခြေစစ် ပွဲအောင် အသင်းတစ်သင်းနှင့်
စုစုပေါင်း အသင်း ရှစ်သင်းသည် အုပ်စု နှစ်ခုခွဲ၍ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲများကို ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သွား
မည်ဖြစ်ပြီး ကမ္ဘော ဒီးယား၊ လာအို၊ အရှေ့တီမော၊ ဘရူနိုင်း အသင်းများက ခြေစစ်ပွဲကစားရမည်
ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး