၂၀၁၅ ချယ်ရတီဖလား ပွဲကို ဇန်နဝါရီလ ၃ ရက်နေ့တွင် အောင်ဆန်းကွင်း၌ ကျင်းပမည်

၂၀၁၅ ချယ်ရတီဖလား ပွဲကို ဇန်နဝါရီလ ၃ ရက်နေ့တွင် အောင်ဆန်းကွင်း၌ ကျင်းပမည်

၂၀၁၅ ခုနှစ် ချယ်ရတီဖလားပြိုင်ပွဲကို လာမည့် ဇန်နဝါရီလ ၃ ရက်နေ့တွင် ရန်ကုန်မြို့၊ အောင်ဆန်း
ကွင်း၌ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး ၂၀၁၄ ခုနှစ် မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရတနာပုံအသင်း
နှင့် Ooredoo ရှုံးထွက်ဖလားချန်ပီယံ ဧရာဝတီယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင် ကစားသွားမည်
ဖြစ်သည်။

ပြိုင်ပွဲ၏ ကွင်းဝင်ကြေးများကို အထူးတန်း ကျပ် ၁,၀၀၀၊ ရိုးရိုးတန်း ကျပ် ၅၀၀ သတ်မှတ်ထားပြီး
ရရှိလာသော ကွင်းဝင်ကြေးအားလုံးကို လူမှုအဖွဲ့အစည်းများကို လှူဒါန်းသွားမည်ဖြစ်သည်။

အဆိုပါ ၂၀၁၅ ခုနှစ် ချယ်ရတီဖလား ပြိုင်ပွဲကို မူလက ရတနာပုံအသင်းနှင့် ဧရာ ၀တီ ယူနိုက်
တက်အသင်းတို့၏ အိမ်ကွင်းများဖြစ်သော ဗထူးကွင်းနှင့် ကျောက်တိုင် ကွင်းများတွင် အိမ်ကွင်း၊
အဝေးကွင်း နှစ်ကျော့စနစ်ဖြင့် ကျင်းပနိုင်ရန် စီစဉ်ခဲ့သော်လည်း လက်ရှိတွင် အောင်ဆန်းကွင်း
၌သာ တစ်ပွဲတည်း ကျင်းပသွားမည် ဖြစ်သည်။

အဆိုပါ ချယ်ရတီဖလားပြိုင်ပွဲကို ရာသီအဖွင့်ဖလားပြိုင်ပွဲအဖြစ် နှစ်စဉ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ
မစခင် ကျင်းပပြုလုပ်လေ့ရှိပြီး မြန်မာနေရှင်နယ်လိဂ် ချန်ပီယံအသင်းနှင့် ရှုံးထွက်ဖလား ချန်ပီယံ
အသင်းတို့က ယှဉ်ပြိုင်ကစားကြသည်။ ၂၀၁၄ ချယ်ရတီဖလားချန်ပီယံအသင်းမှာ ကမ္ဘောဇအသင်း
ဖြစ်ပြီး ရန်ကုန်ယူနိုက်တက် အသင်းကို နှစ်ဂိုးဪဂိုးမရှိဖြင့် အနိုင်ယူပြီး ဆွတ်ခူး ခဲ့ခြင်း
ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး