တူးတူးနဲ့ သပြေညိုတို့ အနိုင်ရခဲ့တဲ့ လေးနိုင်ငံ ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲ

တူးတူးနဲ့ သပြေညိုတို့ အနိုင်ရခဲ့တဲ့ လေးနိုင်ငံ ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲ

မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ် H&S group နဲ့ Color Boy တို့က ပူးပေါင်းစီစဉ်ကျင်းပတဲ့
လေးနိုင်ငံ မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကြီးကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့က ရန်ကုန်မြို့
သိမ်ဖြူမိုးလုံလေလုံ လက်ဝှေ့ရုံအတွင်းမှာ ကျင်းပခဲ့ပါတယ်။

ဒီ နိုင်ငံတကာ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ကြီးမှာ ထိုင်း၊ ကာဇတ်စတန်၊ အမေရိကန် နိုင်ငံတွေက 'မွေ'
ထိုင်း လက်ဝှေ့သမားတွေနဲ့ မြန်မာ့ရိုးရာလက်ဝှေ့ကျော်တွေကို ရင်ဆိုင် ထိုးသတ်စေခဲ့ပါတယ်။ ဒီပွဲ
ကြီးမှာ နိုင်ငံ တကာ စိန်ခေါ်ပွဲ ငါးပွဲပါ၀င်ခဲ့ပြီး ပြည်တွင်း စိန်ခေါ်ပွဲ သုံးပွဲနဲ့စုစုပေါင်း တွဲဆိုင်း ရှစ်ဆိုင်း
ကို ရင်ဆိုင်ထိုးသတ်စေခဲ့ပါတယ်။ ဒီပွဲကြီး ကို ှုပ နြအ ရုပ်သံလိုင်းက တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့
တာကြောင့် ရုံအတွင်းမှာ ပရိသတ်နည်းခဲ့ပါတယ်။ မျိုးဆက်သစ် လေးချီစိန်ခေါ်ပွဲများအဖြစ် စိန်လုံး
ချော(ဒို့ညီနောင်)နဲ့ ခွန်ရှိုင်းထက် (အဖြူရောင်သွေးသစ်)၊ ရာမာဉ်(နဂါးမာန်)နဲ့ အောင်သူရိန် (အဖြူ
ရောင်သွေးသစ်)တို့ ရင်ဆိုင်ထိုးသတ်ခဲ့ကြပါတယ်။ စိန်လုံးချောနဲ့ ခွန်ရှိုင်းထက်တို့ရဲ့ပွဲစဉ်က သရေ
ရလဒ်နဲ့သာ ပြီးဆုံးခဲ့ပြီး ရာမာဉ်နဲ့ အောင်သူရိန်တို့ရဲ့ပွဲစဉ် မှာတော့ ရာမာဉ်က ဒုတိယအချီမှာ အနိုင်
ရခဲ့ ပါတယ်။

ပြည်တွင်း ငါးချီစိန်ခေါ်ပွဲအဖြစ် သား အသဲတစ်ပွင့်(မတ္တရာ)နဲ့ ကြယ်စင်ဖြိုး (အဖြူရောင်သွေးသစ်)
တို့ ရင်ဆိုင်ထိုးသတ်ခဲ့ကြပါတယ်။ ဒီတွဲဆိုင်းကို ပရိသတ်တွေက အကြိတ်အနယ်ပွဲဖြစ်မယ်လို့
မျှော်လင့်ခဲ့ပေမယ့် ထင်သလိုဖြစ်မလာခဲ့ပါဘူး။ အထူး သဖြင့် သားအသဲတစ်ပွင့်ဟာ သက်လုံ
ကျဆင်း နေပြီး တိုက်စစ်မဆင်နိုင်ဘဲ ကြယ်စင်ဖြိုးရဲ့ တိုက်စစ်တွေကို ရှောင်တိမ်းရင်းသာ အချိန်
ကုန်ခဲ့ပါတယ်။ ကြယ်စင်ဖြိုးကလည်း အနိုင် ရဖို့ တရပ်စပ် တိုက်စစ်ဆင်ရင်း သားအသဲတစ်ပွင့်ရဲ့
ထောက်လက်သီး ဒဏ်တွေခံစား ခဲ့ရပြီး အထိနာခဲ့ရပါတယ်။ စတုတ္တအချီမှာ တော့ သားအသဲ
တစ်ပွင့် ရုပ်ပျက်ဆင်းပျက် ဖြစ်အောင် သက်လုံကျလာတာကြောင့် ဒိုင်ပွဲ ရပ်နဲ့ ကြယ်စင်ဖြိုးက
အနိုင်ရရှိခဲ့ပါတယ်။

နိုင်ငံတကာ ငါးချီစိန်ခေါ်ပွဲမှာတော့ ရဲမြတ်အောင်နဲ့ ၀မ်သီပေါင်(ထိုင်း)၊ ဉာဏ်လင်းအောင်နဲ့
ကို့စ်မန်(ထိုင်း)၊ စောလှကြည် ထူးနဲ့နီဝီဆိုရမ်(ထိုင်း)တို့ရဲ့ ပွဲစဉ်တွေမှာ မြန်မာဘက် အနိမ့်
သရေ နှစ်ပွဲနဲ့ တစ်ပွဲရှုံး ရလဒ်တွေသာ ရရှိခဲ့ပါတယ်။ လာရောက် ယှဉ်ပြိုင်တဲ့ ထိုင်းလက်ဝှေ့
သမားတွေဟာ ပညာ၊ သမ္ဘာ၊ သက်လုံ အားလုံး မြန်မာ လက်ဝှေ့ သမားတွေထက် သာလွန်
ကြပါတယ်။

ဒီလို အရည်အသွေးရှိတဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ထိုးသတ်စေတာ မြန်မာ့ရိုးရာလက်ဝှေ့သမားတွေ
အတွက် အတွေ့အကြံုကောင်းတွေ ရရှိ စေတယ်ဆိုပေမယ့် တွဲဆိုင်း စီစဉ်တဲ့နေရာမှာ အရပ်
အမောင်း၊ ကိုယ်အလေးအချိန် ကွာဟ မှုတွေရှိခဲ့တာကြောင့် မြန်မာလက်ဝှေ့သမား တွေ ခက်ခက်
ခဲခဲယှဉ်ပြိုင်ခဲ့ရပြီး ပရိသတ်တွေအတွက်လည်း အားမလိုအားမရဖြစ်ခဲ့ရပါတယ်။ စောလှကြည်ထူးနဲ့
ထိုးသတ်စေခဲ့တဲ့ ထိုင်းလက်ဝှေ့သမား နီဝီဆိုရမ်ဆိုရင် အရပ် အမောင်းရော ကိုယ်အလေးချိန်ပါ
အလွန် ကွာဟတာကြောင့် ဒိုင်ပွဲရပ်နဲ့ဆုံးဖြတ်ခဲ့ရပြီး မြန်မာဘက် အရှုံးပေးခဲ့ရပါတယ်။

ရဲမြတ် အောင်နဲ့ ဉာဏ်လင်းအောင်တို့ကိုလည်း ထိုင်းလက်ဝှေ့သမားတွေက အသာစီး ထိုးသတ်
သွားခဲ့ကြတာပါ။ ကာဇတ်စတန်လက်ဝှေ့သမား ဒူးလက်နဲ့ သပြေညိုတို့ရဲ့ပွဲစဉ်မှာတော့ သပြေညို
က ပထမအချီအပြီးမှာပဲ အနိုင်ရခဲ့ပါတယ်။ သပြေ ညိုရဲ့ခေါင်းကို ထိုးမိတဲ့ ကာဇတ်စတန်လက်ဝှေ
့ သမားဟာ လက်အဆစ်လွဲသွားခဲ့ပြီး ပထမ ပိုင်းအပြီးမှာ ဆက်လက် မယှဉ်ပြိုင်နိုင်တော့ တာ
ကြောင့် သပြေညိုက အနိုင်ရရှိခဲ့တာပါ။ နောက်ဆုံးပွဲစဉ်မှာတော့ တူးတူး(နဂါး မာန်)နဲ့ အက်ဝပ်
(အမေရိကန်) တို့ ရင်ဆိုင် ထိုးသတ်ခဲ့ကြပြီး တူးတူးက တတိယအချီမှာပဲ အလဲထိုးနဲ့ အနိုင်ရခဲ့ပါ
တယ်။ ဒီပွဲမှာ တူးတူး က အမေရိကန်လက်ဝှေ့သမား အက်ဝပ်ကို အပြတ်အသတ်အနိုင်ရခဲ့ပြီး
ရိုးရာလက်ဝှေ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရခဲ့ပါတယ်။ ရိုးရာလက်ဝှေ့ပရိသတ်အတွက်လည်း
တူးတူးရဲ့ နိုင်ပွဲက လာကြည့်ရကျိုးနပ်စေခဲ့ပါတယ်။



ဖတ်ရှုမှုအများဆုံး