ဂျရတ်နဲ့ လီဗာပူးဆိုတာ ခွဲခြားလို့မရတဲ့ သင်္ကေတတစ်ခုပါ၊ အထူးသဖြင့် စတီဗင်ဂျရတ်ရဲ့
လီဗာပူးအပေါ် သစ္စာရှိမှုကြီးမားခြင်းက လီဗာပူးပရိသတ်တွေအတွက် အမှတ်ရ မမေ့ နိုင်
စရာဖြစ်လာစေခဲ့ပါတယ်။ အသက်ရှစ်နှစ် ကတည်း အန်းဖီးလ်ရဲ့ မြက်ခင်းစိမ်းတွေပေါ် ဖြတ်
သန်းခွင့်ရခဲ့တဲ့ ဂျရတ်ဟာ နောက်ဆုံး တော့ သူ့ရဲ့သစ္စာရှိမှုတွေကို ဥပေက္ခာပြုခံ လိုက်ရသလို
ခံစားလိုက်ရပြီ ဖြစ်ပါတယ်။
အသက် ၂၀ ကျော် ၀န်းကျင်ကာလတွေတုန်း ကတော့ သူ့ကိုလိုလိုလားလားရှိလာခဲ့ကြပေမယ့်
အခု ၃၄ နှစ်ကျော် ဘဝရောက်လာ တော့ သူ့ရဲ့သစ္စာရှိမှုတွေကို မန်နေဂျာနဲ့ကလပ်တို့က မေ့လျော့
သွားခဲ့ကြပါတယ်။ ကလပ်ဟာ သူ့ကိုစာချုပ်သက်တမ်းတိုးဖို့ အတွက် တွန့်ဆုတ်နေခဲ့ကြပြီး နိုဝင်
ဘာလထဲ ရောက်မှ အားနာပါးနာနဲ့ စာချူပ်သက်တမ်းတိုးဖို့ ပြင်ဆင်ခြင်း၊ မန်နေဂျာဘရန်ဒန် ရော်ဂျာ
က ကပ္ပတိန် စတီဗင်ဂျရတ်ကိုခေါ်တွေ့ပြီး ပွဲထွက်ခွင့်မပေးဘဲ လိုအပ်မှသာ နေရာပေးတော့မယ်လို့
ပြောလိုက်ခြင်း အဖြစ် အပျက်တွေက ဂျရတ်ကို ကြေကွဲသွားစေခဲ့တာကနောက်ဆုံးတော့ စတီဗင်
ဂျရတ်တစ်ယောက် အန်းဖီးလ်ကိုကျောခိုင်း၊ ပရီမီယာလိဂ်ကို ကျောခိုင်းဖို့ ဖြစ်သွားစေလိုက်ပြီ ဖြစ်
ပါတယ်။
ဒီရာသီကုန်တာနဲ့ စတီဗင် ဂျရတ်တစ်ယောက် ဒေးဗစ် ဘက်ခမ်ကစားခဲ့တဲ့ မေဂျာ လိဂ်ကလပ်
အယ်လ်အေ ဂလက်ဇီကို ပြောင်းရွှေ့ ကစားတော့မှာ ဖြစ်ပါ တယ်။ သူ့အတွက် တော့ဒီဆုံးဖြတ်
ချက်က ခက်ခက်ခဲခဲဆုံးဖြတ်ချက်ပါလို့ လီဗာပူး ပရိသတ်တွေကို ထုတ်ဖော်ပြောဆိုလိုက်ပါတော့
တယ်။ လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ်က ရီးယဲလ်မက်ဒရစ် ကလပ်က စတီဗင်ဂျရတ်ကိုခေါ်ဖို့ ပြင်သစ်လက်
ရွေးစင်ကစားသမား ဇီဒန်းက ရီးယဲလ်မက်ဒရစ်ဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်ကို တိုက်တွန်းလို့
ရီးယဲလ်မက်ဒရစ်က ဂျရတ်ကို နှစ်ကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့တာပါ။ အဲဒီအချိန်က ရီးယဲလ်မက်
ဒရစ်မှာ ဇီဒန်း၊ ဖီဂို၊ ဒေးဗစ်ဘက်ခမ်၊ ရာအူးလ်၊ ရော်နယ်လ်ဒို၊ ရော်ဘတ်တိုကားလို့စ်တို့ ကစား
နေတဲ့အချိန် ဖြစ်ပါတယ်။
ဂျရတ်အတွက် အခွင့်အလမ်းကောင်းကြီးပဲဖြစ်ပါတယ်။ ဇီဒန်းဟာ ဂျရတ်နဲ့ တွဲကစားချင်ခဲ့ပါတယ်။
ဒါပေမဲ့ ဂျရတ်ဟာ ဒီအခွင့်အလမ်းကောင်းကို လက်မခံဘဲ သူငယ်ငယ်လေး ကတည်းက သံယော
ဇဉ်ကြီးမားခဲ့တဲ့ လီဗာပူးအပေါ်မှာ သစ္စာရှိခဲ့ကာ ရီးယဲလ်ကိုငြင်းပယ်လိုက်ပါတယ်။ ကစားသမား
အများစုဟာ ရီးယဲလ်မက်ဒရစ်က ကမ်းလှမ်းရင် ငြင်းပယ်တယ်ဆိုတာ မရှိသလောက်ပါ။ သူက
တော့ တကယ့်သစ္စာစောင့်သိတဲ့ လီဗာပူးကစားသမားပါလို့ ဘောလုံးလောက ကနေ အနားယူ
သွားတဲ့ဇီဒန်းက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ တကယ့်ကို အံ့ဩစရာဂျရတ်ရဲ့ ဆုံးဖြတ်ချက်
ပဲဖြစ်ပါတယ်။
မိုက်ကယ်အိုဝင်ဟာ သူ့လို သစ္စာ စောင့်သိခဲ့ခြင်းမရှိဘဲ ပရော်ဖက်ရှင် နယ် ပီသစွာပဲ ရီးယဲလ်မက်
ဒရစ်ကိုထွက်ခွာ သွားပေမယ့် သူကတော့ အန်းဖီးလ်မှာပဲကျန်နေရစ်ခဲ့ပါတယ်။ အဲဒီတုန်းကတော့
အသက် ၂၄ နှစ်သာရှိသေးတဲ့ ဂျရတ်ကို လီဗာပူးကလပ်က သိပ်ကိုချီးကျူးကျေနပ်ခဲ့ကြပါတယ်။
အခုတော့လည်း အသက် ၃၄ နှစ် ရှိ ဂျရတ်ကို တွန့်ဆုတ်သွားခဲ့ကြပါတော့တယ်။ တရားကျစရာပါ။
ပေးဆပ်သူနဲ့ တန်ဖိုးဖြတ် သူတို့ကြားက ကွာခြားမှုတစ်ခုပဲဖြစ်ပါတယ်။အဲဒီအတွက် လီဗာပူးပရိ
သတ်ကတော့ စိတ် မကောင်းဖြစ်နေကြမှာပဲ ဖြစ်ပါတယ်။
အချိန် တစ်ခုအထိတော့ အရန်ခုံမှာထိုင်နေဦး၊ ပြီးမှ ကြည့်စီစဉ်တာပေါ့ဆိုတဲ့ ဘရန်ဒန်ရော်ဂျာရဲ့
စကားက ဂျရတ်ကိုအသင်းပြောင်းဖို့ လှုံ့ဆော် လိုက်သလိုဖြစ်သွားခဲ့တာပါ။ အဲဒီ စကားသာ မပြော
ခဲ့ရင် သူဟာ စာချုပ်သက်တမ်းတိုးဖို့ နောက်ကျစေကာမူ သူဟာလီဗာပူးမှာ ဆက်ရှိနေမှာပဲ ဖြစ်ပါ
တယ်။ လီဗာပူးမှာသူဟာ ၁၇ နှစ်သာကြာခဲ့ တယ်။ ပရီမီယာလိဂ်ချန်ပီယံဖလားကိုရရှိခဲ့ သူမဟုတ်
ခဲ့ပါဘူး။ ဂျရတ်ရဲ့အနေအထားနဲ့ ချန်ပီယံဖလား ရယူချင်တယ်ဆိုရင် တစ် ခြား ကလပ်ကို ပြောင်း
ရွှေ့သွားမှာ သေချာပါ တယ်။ သူကတော့ရရ၊ မရရ သူချစ်တဲ့ ကလပ် ကိုပဲ ဦးစားပေးပြီး သူ့ရဲ့
ကစားသမားဘဝကို ပေးဆပ်ထားခဲ့တာက လေးစားစရာပဲဖြစ်ပါ တယ်။
လီဗာပူးနဲ့အတူ ချန်ပီယံလိဂ်ဖလား ရတယ်။ ယူအီးအက်ဖ်အေဖလားရတယ်၊ အက်ဖ်အေဖလားရ
တယ်၊ လိဂ်ဖလားရတယ်၊မရတာဆိုလို့ ပရီမီယာလိဂ်ဖလားတစ်လုံး သာ ကျန်နေခဲ့တာပါ။ အဲဒီ
အတွက် မက်မော ဆာလောင်ခြင်းကို လီဗာပူးနဲ့ပဲရှိခဲ့ပြီး အခြား ကလပ်ကို ပြောင်းရွှေ့ရယူဖို့
ဆန္ဒမရှိခဲ့သူဖြစ် ပါတယ်။ အရင်က လီဗာပူးမှာပွဲ အများဆုံး ကစားထားသူက ကင်နီဒဲလ်ဂလက်စ်
ဖြစ်ပြီး ၅၁၅ ပွဲကစားထားခဲ့တာပါ။ သွင်းဂိုးက ၁၇၂ ဂိုးရှိထားပါတယ်။ အခုတော့ အဲဒီစံချိန်ကို
ဂျရတ်က ချိုးလိုက်ပါတယ်။ ဂျရတ်ဟာ လီဗာပူး နဲ့အတူ ၆၉၅ ပွဲကစားထားပြီး သွင်းဂိုး ၁၈၀ ရှိ
ထားခဲ့ပါတယ်။
သူ့လို များပြားတဲ့သူ မရှိခဲ့ ပါဘူး။ ဒါဟာ သူ့ရဲ့သစ္စာကြီးမားမှုကြောင့်သာ ပဲဖြစ်ပါတယ်။ ဒါကြောင့်
လည်း ရော်ဘီဆား ဗေ့ချ်က လီဗာပူးရဲ့ အကောင်းဆုံးကွင်းလယ် ကစားသမားတစ်ယောက်လို့
ပြောဆိုလိုက် တာဖြစ်ပါတယ်။ လီဗာပူးရဲ့ အကောင်းဆုံး ကစားသမားတွေထဲမှာတော့ ကင်နီဒဲလ်
ဂလစ်ရှ်ပြီးရင် ဒုတိယအကောင်းဆုံးကစားသမားပါလို့ ဆိုလိုက်ပါတယ်။ ဘရန်ဒန်ရော်ဂျာနဲ့ လီဗာပူး
ကလပ်တို့ဟာ မနှစ်က ချယ်လ်ဆီးပွဲမှာ ဂျရတ်အမှားကြောင့် ချယ်လ် ဆီးအနိုင်ဂိုးသွင်းပြီး ပရီမီယာ
လိဂ်ဖလား ရလုလုအခြေအနေကနေ လွဲချော်သွားရတာ ကို အပြစ်မြင်ထားပုံရပါတယ်။ ဒါပေမဲ့
ဂျရတ်ပုံရိပ်ကြီးမားနေမှုကြောင့် ထုတ်ဖော်မပြောဆိုဘဲ လီဗာပူးကနေ ထွက်ခွာသွားအောင်စီမံ
လိုက်ခြင်းလို့လည်း တချို့သုံးသပ်ထားခဲ့ကြပါတယ်။ အဲဒီပွဲမှာ သူ့အမှားကြောင့် ချယ်လ်ဆီးကို
ရှုံးတယ်ဆိုတာ မငြင်းနိုင်ပေမယ့် အခြားသူတွေရော အခြားပွဲတွေမှာ ဘယ်လောက်မှားခဲ့ကြသလဲ
ဆိုတာကို မသုံး သပ်ခြင်းကလည်း အားနည်းမှုတစ်ခုပဲ ဖြစ်ပါတယ်။ သူဟာ လီဗာပူးရဲ့ တကယ့်
ကပ္ပတိန်ကောင်း တစ်ယောက်ဆိုတာ သေချာနေ ပါတယ်။
ဂျရတ်ကတော့ လီဗာပူးတီဗီ နဲ့ အင်တာ ဗျူးမှာ၊စိတ် လှုပ်ရှား မှုတွေနဲ့ သူထွက် ခွာရတဲ့ အကြောင်း
ရင်းကို ပြောသွားတဲ့အတွက်ကြောင့်တော့ လီဗာ ပူးပရိသတ်တွေဟာ ဘရန်ဒန်ရော်ဂျာရဲ့ရလဒ်တွေ
ကို တိုင်းတာဖိအားပေးလာဖို့ လည်း ရှိနေခဲ့ပါတယ်။ ရော်ဂျာကတော့ သူဟာဂျရတ်ကို အန်းဖီးလ်မှာ
ဆက်ရှိချင်ခဲ့ တာပါလို့တော့ ပြောဆိုနေပါတယ်။ ဆက်ရှိပြီး မကစားရခြင်းနဲ့ ကစားရခြင်းဆိုတာက
ဂျရတ် ထွက်ခွာဖို့ဖြစ်ရခြင်းရဲ့ အဓိကအကြောင်းပဲ ဖြစ်ပါတယ်။ သေချာတာကတော့ ဆက်ရှိသည့်
တိုင်အောင် ဂျရတ်ဟာ ပုံမှန်ကစားခွင့် တော့ရမှာမဟုတ်တော့ပါဘူး။ အဲဒါကအဓိက ပြဿနာပဲဖြစ်ပါ
တယ်။
မန်စီးတီးမန်နေဂျာ ပယ်လီဂရီနီက လမ်းပတ်ကိုလူစားထိုးသုံး နေတဲ့ပုံစံကို ဘရန်ဒန်ရော်ဂျာဟာ
သဘောကျနေပုံရပြီး ဂျရတ်ကိုလည် အဲဒီလိုသုံးချင် တဲ့ပုံမှာ ရှိနေခဲ့ပါတယ်။ ဂျရတ်ကလည်း အဲဒီ
အခြေအနေမှာ စိတ်ခံစားမှုရှိပုံရလို့ အခုလို လီဗာပူးပရိသတ်တွေ လွမ်းစရာဖြစ်လာခဲ့ရတာလို့ထင်
ပါတယ်။ ၁၇ နှစ်ကြာ ပေးဆပ်ကစားခဲ့ရသူတစ်ယောက်အတွက် ပြောင်းလဲ မှုအသစ်အတွက်
အသင့်မဖြစ်သေးခြင်းကိုတော့ နားလည်ပေးရမှာပဲဖြစ်ပါတယ်။ နောက်တစ်ချက်က ရော်ဂျာဟာ
သူ့ရဲ့ရလဒ်ဆိုးတွေကြောင့် ဖိအားများနေခြင်းကို ဂျရတ်ပွဲထုတ်ခြင်း၊ မထုတ်ခြင်းနဲ့ လွှဲပြောင်း
လိုက်ခြင်းလို့လည်း ယူဆစရာဖြစ်လာပါ တယ်။ ၂၀၁၂ က လီဗာပူးကို ရောက်လာတဲ့ ရော်ဂျာ
အနေနဲ့ လာမယ့်ရာသီဝက်မှာ လီဗာ ပူးကို တစ်စုံတစ်ရာတိုးတက်ပြောင်းလဲအောင် မလုပ်နိုင်ခဲ့ရင်
သူဟာ ဂျရတ်ထက်တောင် စောပြီး အန်းဖီးလ်ကို ကျောခိုင်းရဖို့ရှိသွား နိုင်ပါတယ်။
တစ်နေ့မှာ ဒီလိုစိတ်လှုပ်ရှားဖွယ် ကောင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုချရမယ် ဆိုတာ ကျွန်တော်စဉ်းစား
ထားပြီးသားပါ၊ အခုအဲဒီလိုဖြစ်လာတာပေါ့လို့ ဂျရတ်က ပြောဆိုထားတာတွေ့ရပါတယ်။ တကယ်
တမ်းကြည့်လိုက်ရင် ဂျရတ်ရဲ့စွမ်းဆောင်ရည် ဟာ ထင်သလောက်ကျဆင်းသွားတာ မဟုတ် ပါဘူး။
ပြီးခဲ့တဲ့ ၂၀၁၃-၁၄ တစ်ရာသီလုံး စွမ်းဆောင်ထားမှုနဲ့ ဒီနှစ်ရာသီဝက် စွမ်းဆောင်ထားမှုတို့ကို
ကြည့်လိုက်ရင် ဂျရတ်ဟာ မနှစ်က စွမ်းဆောင်ရည်ကို ရာသီကုန်ရင် မီသွားနိုင်တယ်ဆိုတဲ့အချက်
ကို တွေ့ရမှာပဲဖြစ်ပါတယ်။ မနှစ်က တိုက်စစ်ကို လိုက် ကစားရပြီး ဒီနှစ်မှာ ကွင်းလယ်ခံစစ်မှာ
ကစား ရတာပိုများတယ်ဆိုတဲ့ အချက်ကိုတော့ မေ့ထားလို့မရပါဘူး။ ကွင်းလယ်သမား တစ်
ယောက်ဟာ တိုက်စစ်ကို လိုက်ကစားရရင် ဖန်တီးတာ၊ ဂိုးသွင်းတာတွေပိုများမှာ ဖြစ် သလို
ခံစစ်မှာကစားရတာပိုများခဲ့ရင်တော့ ဖန်တီးမှုအပိုင်း၊ ဂိုးသွင်းမှုအပိုင်းတွေကျသွား မှာပဲဖြစ်ပါ
တယ်။
မနှစ်က ၃၃ ပွဲမှာ ၁၃ ဂိုး သွင်းခဲ့ရာမှာ လီဗာပူးရဲ့ ပင်နယ်တီအများစုကို သွင်းခဲ့တဲ့ဂိုးတွေ ပါ၀င်နေ
တယ်ဆိုတာကိုလည်း ထည့်သွင်းစဉ်းစားရမှာပဲ ဖြစ်ပါ တယ်။ ၃၃ ပွဲမှာ ၁၃ ဂိုးသွင်းရင်ဒီနှစ် ၃၄ ပွဲ
မှာ မနှစ်ကလို ၁၃ ဂိုးမရတောင် ၁၀ ဂိုးတော့ ရနိုင်တဲ့အနေအထားမှာရှိနေပါတယ်။ သူကျ သွားတဲ့
အဓိကအပိုင်းက ဖျက်အားပိုင်းပဲ ဖြစ်ပါတယ်။ ဒါတောင် အပြတ်ပြောလို့မရ သေးပါဘူး။ နောက်
ထပ်ရာသီဝက်ရှိနေပါ သေးတယ်။ ပရီမီယာလိဂ်ရာသီဝက်ပြီးတော့ လီဗာပူးမှာ ဂိုးအများဆုံးသွင်း
ထားသူက ကွင်းလယ်သမား ဂျရတ်ဖြစ်နေတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ဒီလိုအနေအထား
မှာသူ့ကို ပွဲထွက်ခွင့် အရင်လိုမပေးဘူးဆိုတာ ကတော့ ဘရန်ဒန်ရော်ဂျာကို အပြစ်တင်စရာ ပဲဖြစ်
ပါတယ်။
ဂလက်ဇီနဲ့ အပြီးသတ်စာချုပ် မချုပ်ရသေးလို့ လီဗာပူးဟာ ဂျရတ်ကိုတကယ် လိုလားသေးတယ်
ဆိုရင်တော့ ရအောင် ဆွဲဆောင်စည်းရုံးနိုင်ဖို့ အချိန်ပါးပါးလေး တော့ ကျန်နေပါသေးရဲ့ ...။















