ဆန်းဒါးလန်း - လီဗာပူး စနေ၊ ည ရး၁၅
ပထမအကျော့ပွဲမှာတုန်းက ဂိုးမရှိသရေကျထားခဲ့ပါတယ်။ ဆန်းဒါးလန်းက လီဗာပူး ကို အပြန်
အလှန်ကစားပြီး သရေကျခဲ့တာ ဖြစ် ပါတယ်။ အခုဆန်းဒါးလန်းကွင်းမှာ လီဗာပူး ခက်ခက်ခဲခဲ
ကစားရပါလိမ့်မယ်။ ဆန်းဒါး လန်း အိမ်ကွင်းကစားအားကောင်းတဲ့ အသင်း ဖြစ်ပါတယ်။
ဆန်းဒါးလန်းအနိုင်နဲ့သရေပါ။
ချယ်လ်ဆီး - နယူးကာဆယ် စနေ၊ ည ၉း၃၀
ချယ်လ်ဆီးအသင်းအဝေးကွင်းမှာ ရှုံးပွဲစတင်တွေ့ခဲ့တာ နယူးကာဆယ်ကွင်းမှာ ဖြစ်ပါတယ်။ အခု
တော့ မော်ရင်ညို ရှုံးကြွေးဆပ်ဖို့ကြံုလာပါပြီ။ ချယ်လ်ဆီးက အိမ်ကွင်း ဆိုရင် အကောင်းဆုံးကစား
နေပါတယ်။ နယူးကာဆယ်ကလည်း အဝေးကွင်းဆိုရင် ညံ့တဲ့ အသင်းဖြစ်ပါတယ်။ ချယ်လ်ဆီး
အနည်းဆုံး နှစ်ဂိုးပြတ်နိုင်မှာ သေချာတဲ့ပွဲဖြစ်ပါတယ်။
ဆွမ်ဆီး - ၀က်စ်ဟမ်း စနေ၊ ည ၉း၃၀
ဆွမ်ဆီးကအိမ်ကွင်းဆိုရင် အကောင်းဆုံးပုံစံနဲ့ ကစားနေတဲ့အသင်းဖြစ်ပါတယ်။ ကွင်းလယ်ကစား
ကွက်ပိုင်းမှာ လိုတာထက် ပိုပြီး တည်ငြိမ်အောင်ကစားတတ်တဲ့ အသင်း ဖြစ်ပါတယ်။ ၀က်စ်ဟမ်း
တိုက်စစ်က ဆွမ်ဆီး ထက်ပိုပြီး သွက်လက်နေတာကို တွေ့ရပါ တယ်။ ၀က်စ်ဟမ်းကွင်းမှာ ဆွမ်
ဆီးဂိုးပြတ် ရှုံးထားခဲ့ပါတယ်။ အခုပွဲမှာ ၀က်စ်ဟမ်း သတိ နဲ့ ကစားနိုင်လို့သရေကျဖို့များတဲ့ပွဲ ဖြစ်
ပါတယ်။
၀က်စ်ဘရွန်း - ဟားလ်စီးတီး စနေ၊ ည ၉း၃၀
၀က်စ်ဘရွန်းက နည်းပြအပြောင်းအလဲ ဖြစ်ပြီးတဲ့နောက်မှာ အားလုံးပြောင်းလဲသွား တဲ့အသင်းဖြစ်
ပါတယ်။ ဟားလ်စီးတီးက မတည်ငြိမ်တဲ့အသင်းဖြစ်ပါတယ်။ ၀က်စ် ဘရွန်းက အိမ်ကွင်းမို့ ကစား
အား ပိုကောင်း လာပါလိမ့်မယ်။ ၀က်စ်ဘရွန်းအသင်း နိုင်ပွဲစတွေ့လာမယ့်ပွဲ ဖြစ်ပါတယ်။
ဘန်လေ - ကျူပီအာရ် စနေ၊ ည ၉း၃၀
ပထမအကျော့ပွဲမှာ ကျူပီအာရ်က ၂-၀ နဲ့ အနိုင်ရခဲ့ပါတယ်။ တန်းတက်နှစ်သင်းတွေ့တဲ့ပွဲဖြစ်လို့
အကြိတ်အနယ်ဖြစ်လာ နိုင်ပါတယ်။ ကျူပီအာရ်က အခုထိ အဝေး ကွင်းမှာ နိုင်ပွဲမရသေးတဲ့
အသင်းဖြစ်လို့ ဘန်လေဖွင့်ကစားလာမယ် ထင်ရပါတယ်။ ဒါကြောင့် ကျူပီအာရ် ဂိုးသွင်းခွင့်တွေ
ပေါ်လာပါလိမ့်မယ်။ ကျူပီအာရ်အဝေးကွင်းနိုင်ပွဲ စတွေ့မယ့်ပွဲဖြစ်ပါတယ်။
အဲဗာတန် - မန်စီးတီး စနေ၊ ည ၉း၃၀
အဲဗာတန်ခြေက တော်တော်လေးကို ပျက် နေခဲ့ပါတယ်။ ပွဲကျပ်ကာလ လေးပွဲကစားထား အပြီးမှာ
ပွဲတိုင်းကို ရှုံးသွားခဲ့ပါတယ်။ အခု အိမ်ကွင်းဖြစ်လို့ အဲဗာတန်ခံစစ်ကစားမှာ မဟုတ်ပါဘူး။ မန်စီးတီး
ကလည်း တိုက်စစ်က အကောင်းဆုံးကစားနိုင်သလောက် ခံစစ်က လည်း ဂိုးတွေပေးရပါတယ်။
အခုပွဲမှာ မန်စီးတီးမှာ ဒဏ်ရာရနေတဲ့ ကစားသမား တွေ ပြန်ပါလာနိုင်လို့ မန်စီးတီး ဂိုးတွေ သွင်းနိုင်
ဦးမယ့်ပွဲ ဖြစ်ပါတယ်။ မန်စီးတီးပဲ ရွေးရမှာဖြစ်ပါတယ်။
လက်စတာ - ဗီလာ စနေ၊ ည ၉း၃၀
လက်စတာ ခြေပြန်ကောင်းလာနေပါတယ်။ နောက်ဆုံးကစားထားတဲ့ အဝေးကွင်း နှစ်ပွဲမှာ
တစ်ပွဲနိုင်၊ တစ်ပွဲသရေကစားထားပါ တယ်။ ဗီလာက ခံစစ်ကောင်းပေမယ့် တိုက်စစ်အား
အလွန်အားနည်းတဲ့ အသင်းဖြစ်ပါတယ်။ လက်စတာ အမှတ်လိုနေသလို ကစားပုံလည်းပြန်
ကောင်းလို့ လက်စတာ နိုင်ပွဲပြန်တွေ့မယ့်ပွဲ ဖြစ်ပါတယ်။
ပဲလေ့စ် - စပါး တနင်္ဂနွေ၊ နံနက် ၀၀းဝဝ
ပဲလေ့စ်အသင်းကတော့ နည်းပြအလန် ပါဂျူးနဲ့အတူ အသင်းကိုအသစ်တည်ဆောက် နေပါတယ်။
စပါးကတော့ ချယ်လ်ဆီးကို အနိုင်ကစားထားလို့ ခြေတက်နေပါတယ်။ အခုလည်းတိုက်စစ်ကစား
ဖို့ပဲ ပြင်ဆင်လာပါ လိမ့်ဦးမယ်။ အပြန်အလှန် ဂိုးတွေသွင်းမယ့်ပွဲ ဖြစ်လာပါလိမ့်မယ်။ ဂိုးအများကို
ရွေးတာ အကောင်းဖြစ်ပါတယ်။
အာဆင်နယ် - စတုတ် တနင်္ဂနွေ၊ ည ၈းဝဝ
ပွဲကြီးပွဲကောင်းတစ်ပွဲ ဖြစ်လာပါလိမ့် မယ်။ ပထမအကျော့တုန်းက အာဆင်နယ် တစ်ယောက်
အထုတ်ခံရသလို ၃-၂ ဂိုးနဲ့ ရှုံးနိမ့် သွားခဲ့ပါတယ်။ အခု အာဆင်နယ်ကွင်းဖြစ်လို့ စတုတ်ခံစစ်ကို
ဦးစားပေးပြင်ဆင်လာနိုင် ပါတယ်။ ဆန်းချက်စ်ခြေစွမ်းပြဦးမှာပါ။ အာဆင်နယ် နှစ်ဂိုးပြတ် အနိုင်
ရပါလိမ့်မယ်။
မန်ယူ - ဆောက်သမ်တန် တနင်္ဂနွေ၊ ည ၁၀း၃၀
ပထမအကျော့မှာတုန်းက မန်ယူအနိုင်ရ ခဲ့ပါတယ်။ ၂-၁ နဲ့ပါ။ အဲဒီပွဲပြီးတော့ ဗန်ဟားလ် က
ကံကောင်းလို့ အနိုင်ရတာလို့ ပြောသွားခဲ့ပါတယ်။ ဆောက်သမ်တန် ကစားအားကောင်း တဲ့
ပွဲဖြစ်ပါတယ်။ ဆောက်သမ်တန် အဝေး ကွင်းကစားပုံက သင့်ရုံသာရှိပေမယ့် ခံစစ်ကို အကောင်း
ဆုံးကစားနိုင်တဲ့အသင်းဖြစ်ပါတယ်။ သရေကျသွားနိုင်ပြီး မန်ယူနိုင်ရင်လည်း ဂိုးမပြတ်နိုင်လို့
ဆောက်သမ်တန်နဲ့ ဂိုးအနည်းကို ရွေးသင့်ပါတယ်။














