စူပါဖလားရှုံးကြွေး ဂျူဗီ ပြန်ဆပ်နိုင်မလား

စူပါဖလားရှုံးကြွေး ဂျူဗီ ပြန်ဆပ်နိုင်မလား

နာပိုလီ - ဂျူဗင်တပ် တနင်္လာ၊ နံနက် ၂း၁၅
ယခုတစ်ပတ် စီးရီးအေပွဲစဉ်တွင် နာပိုလီ နှင့် ဂျူဗင်တပ်တို့ ထိပ်တိုက်တွေ့ဆုံရာ နာပိုလီကွင်း၌
ကစားရမည်ဖြစ်သော ကြောင့် အမှတ်ပေးဇယားကို ဦးဆောင်နေ သည့် လက်ရှိချန်ပီယံ ဂျူဗင်တပ်
အတွက် အရေးပါသော ပွဲစဉ် ဖြစ်သည်။

ဆောင်းခိုချိန်သို့ ချဉ်းနင်းဝင်ရောက် လာသောအခါ နာပိုလီခြေစွမ်းသည် ပုံမှန် အောက်ဘက်သို့
အနည်းငယ် ရောက်သွား သည်။ ကက်ဂလီယာရီနှင့် ၃-၃၊ ဆမ်ဒိုးရီး ယားနှင့် ၁-၁၊ အမ်ပိုလီနှင့်
၂-၂ သုံးပွဲဆက်တိုက် သရေကျပြီးနောက် အေစီမီလန်ကို နှစ်ဂိုးပြတ် ရှုံးနိမ့်သောကြောင့် စုစုပေါင်း
၁၂ မှတ်တွင် သုံးမှတ်သာရရှိခဲ့သည်။ ထို့နောက်တွင် အမှတ်ပေးဇယား အောက် ဆုံး ရောက်နေ
သော ပါးမားကို နှစ်ဂိုးပြတ် နိုင်လိုက်သောကြောင့် အသက်ရှူချောင် သွားသော်လည်း ခြေစွမ်းပြန်
လည် ဦးမော့ လာနိုင်ခြင်း မရှိသေးတာကို တွေ့ရသည်။

နိုဝင်ဘာလမှ စတင်ကာ နာပိုလီသည် စီးရီးအေနှင့် ယူရိုပါလိဂ် ပြိုင်ပွဲနှစ်ခု တစ်ပြိုင်နက်တည်း ဖွင့်
ကစားရာတွင် နောက်တန်းအရန်အင်အား မတောင့်တင်း သောကြောင့် အဓိက ခံစစ်မှူးအချို့ ဒဏ်
ရာ၊ ပွဲပယ်များနှင့် ရင်ဆိုင်ရသောအခါ ခံစစ် 'အထိုင်'ပျက်ကာ ကစားပုံ ယိုယွင်းသွား သည်။

လေးပွဲဆက်တိုက် နိုင်ပွဲပျောက်သွား ရာတွင် ရှစ်ဂိုးသွင်းခံလိုက်ရခြင်းက နာပိုလီ ခံစစ်ယိမ်းယိုင်ခြင်း
ကို ဖော်ပြနေသည်။ တစ်ဖန် ပါးမားကို နှစ်ဂိုးပြတ်နိုင်ခဲ့သော ပွဲတွင်လည်း နာပိုလီတိုက်စစ် ခြေစွမ်း
ပြ သော်လည်း ကွင်းလယ်အဖျက်နှင့် ခံစစ် ကစားပုံများ အားနည်းခဲ့သည်။

ပါးမားဘက် ကသာ အာရုံစိုက်ပြီး 'ညှစ်'ကစားခဲ့ပါက နာပိုလီ ခံစစ်ကြောင်း 'ယိုင်'သွားနိုင်သည်။
သို့ရာတွင် နှစ်သစ်ကူး စီးရီးအေပွဲစဉ် များ ပြန်လည် စတင်သောအခါ နာပိုလီ နောက်တန်းတွင်
ဒဏ်ရာရသူ အချို့ ပြန်လည်ပါ၀င်လာပြီ ဖြစ်သောကြောင့် တိုးတက်မှုများ ရှိလာနိုင်သည်။

အသင်းခေါင်းဆောင် ဟမ်ဆစ် ခြေစွမ်း ပြနိုင်သောပွဲ၌ နာပိုလီကွင်းလယ်တိုက်စစ် သည်
စွမ်းဆောင်ရည်ပိုင်း မြင့်မားသည်။ တစ်ဖန် တောင်ပံတိုက်စစ်တွင် ဟိုဆေး ကယ်လီဂျွန်၊
အင်ဆစ်ဂနီ၊ ဒရီစ်မာတင်တို့ ရှိနေသောကြောင့် ၎င်းတို့နှင့် ကွင်းလယ်ဗဟိုလူများ အချိတ်
အဆက်မိသော ပွဲများ၌ နာပိုလီတိုက်စစ်သည် ကြောက်ခမန်းလိလိ ပြင်းထန်သည်။

အထူးသဖြင့် နာပိုလီ တောင်ပံ တိုက်စစ်သည် စီးရီးအေ၌ အကောင်းဆုံး အနေအထာတွင်
ရှိသောကြောင့် အချိတ်အဆက်မိပါက ဂျူဗင်တပ်တောင်ပံနှစ်ဖက် 'ညှပ်ချိုး' ခံရဖွယ်ရှိသည်။
တစ်ဖန် နာပိုလီသည် စီးရီးအေ၌ အိမ်ကွင်းဂိုးသွင်းနှုန်း မြင့်မားပြီး ဂျူဗင် တပ်၊ ရိုးမားတို့နှင့်
အတူ ဂိုး ၂၀ သွင်းယူ ထားသည်။ တစ်ဖက်တွင် ဂျူဗင်တပ်သည် ကြားရက်ထဲ၌ အင်တာ
မီလန်နှင့် ရင်ဆိုင်ပြီးနောက် နာပိုလီကွင်း၌ ဆက်လက်ယှဉ်ပြိုင်ရမည် ဖြစ်ရာ ဖိအားများပြီး
ပွဲကျပ်နေသည်။

စီးရီးအေတွင် ခြေစွမ်းရော၊ စိတ်ဓာတ်ပါ မြင့်မား ထက်မြက်သည့် ဂျူဗင်တပ်သည် ထိပ်တန်း
အသင်းကြီးများနှင့် ရင်ဆိုင်ရာတွင် ထင်သလောက် ခြေစွမ်းပြနိုင်ခြင်း မရှိ သေးဘဲ ရိုးမားကို
၃-၂ ဖြင့် နိုင်သောပွဲစဉ် တွင် ကွင်းလယ်ဒိုင် မျက်နှာလိုက်ခဲ့သည်ဟု ဝေဖန်ခံခဲ့ရသည်။

ယခု တစ်ခေါက်တွင် နာပိုလီကွင်း၌ ယှဉ်ပြိုင်ရမည်ဖြစ်သော ကြောင့် ကွင်းလယ်ဒိုင် မျက်နှာ
သာပေးနိုင် ခြေ နည်းပါးသည်။ ဂျူဗင်တပ်၏ 'မောင်းနှင်အား'သည် ကွင်းလယ်ဖြစ်သည်။ ဂျူဗင်
တပ်ကွင်းလယ် သည် ပွဲတိုင်းနီးပါး ပုံမှန်ခြေစွမ်းကို ထိန်းထားနိုင်စွမ်းရှိသည်။ တစ်ဖန် ရှေ့တန်း
တွင် တေဗက်ဇ်၊ လော်ရန်တေးတို့သည် အားထား ရသောကြောင့် ဂျူဗင်တပ်တိုက်စစ်သည်
ထက်မြက်သည်။ သို့ရာတွင် တောင်ပံ တိုက်စစ်တွင်မူ နာပိုလီက အနည်းငယ်သာ သည်။

ဂျူဗင်တပ်နည်းပြ အယ်လီဂရီအနေဖြင့် ကွင်းလယ်တွင် လူငယ်များ ပိုမိုထည့်သွင်း ကာ ကစား
အား၊ ပြေးအား၊ 'ပါ၀ါ'များကို မြှင့်တင်နိုင်ဖွယ် ရှိသည်။ ခြံုကြည့်လျှင် ဂျူဗင်တပ်သည် ပွဲကျပ် များ
ဆက်နေသောကြောင့် ဖိအားများနေပြီး နာပိုလီသည်လည်း ပုံမှန်ခြေစွမ်းရဖို့ ကြိုးစားနေရသည်။

သို့ရာတွင် အိမ်ကွင်း တွင် ခြေစွမ်းရော တိုက်စစ်ပါ ထက်မြက် သည့် နာပိုလီအနေဖြင့် အချိတ်
အဆက်မိ ခဲ့လျှင် ဂျူဗင်တပ်ကွင်းလယ် ကစားကွက် ယိမ်းယိုင်သွားဖွယ် ရှိသည်။ သို့ကလိုကြောင့်
နာပိုလီကို ပိုကြိုက်ပြီး ဂိုးများသောပွဲ ဖြစ်လာနိုင်သည်။



ဖတ်ရှုမှုအများဆုံး