လယ်လာနာ ပေါင်ဒဏ်ရာကြောင့်တစ်လခန့် အနားယူရမည်

လယ်လာနာ ပေါင်ဒဏ်ရာကြောင့်တစ်လခန့် အနားယူရမည်

လီဗာပူးအသင်း၏ ကွင်းလယ်ကစားသမား တစ်ဦးဖြစ်သူ အဒမ်လယ်လာနာသည် ပေါင်ဒဏ်ရာ
ကြောင့် တစ်လခန့် အနားယူ ရဖွယ်ရှိနေသည်။ လယ်လာနာသည် ပြီးခဲ့သည့် နှစ်သစ်ကူးနေ့က
ကစားခဲ့သော ပရီမီယာလိဂ်ပွဲစဉ်တစ်ပွဲဖြစ်သည့် လက်စတာအသင်းနှင့် နှစ်ဂိုးစီ သရေကျခဲ့သော
ပွဲတွင် ယင်းဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် လယ်လာနာ သည် အေအက်ဖ်စီ ၀င်ဘယ်လ်ဒန်အသင်းနှင့် ကစားခဲ့သော အက်ဖ်အေ
ဖလားပွဲစဉ်ကိုလည်း လွဲချော်ခဲ့ပြီး ထိုပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် အသင်းနည်းပြ ဘရန်ဒန်
ရော်ဂျာက ထုတ်ပြောခဲ့ခြင်းဖြစ်သည်။

လယ်လာနာ၏ ဒဏ်ရာအခြေအနေနှင့် ပတ်သက်၍ "အချိန်က ယခုထက်ပိုကြာ မလား၊ နည်းမလား
ဆိုတာကိုတော့ အတိ အကျ မသိသေးပါဘူး။ သူလျှောထိုးဖျက်ထုတ် ရင်း ရရှိသွားခဲ့တာပါ။ ဒီဒဏ်
ရာ အမျိုး အစားက အချိန်ခန့်မှန်းရခက်ပါတယ်"ဟု ပြောကြားသွားခဲ့သည်။



ဖတ်ရှုမှုအများဆုံး