ရောမဒါဘီမှာ အိမ်ရှင်အသင်း အနိုင်ရသွားနိုင်ပြီး အင်တာမီလန် နိုင်ပွဲရရှိသွားနိုင် - အီတလီစီးရီးအေပွဲစဉ်(၁၈)

ရောမဒါဘီမှာ အိမ်ရှင်အသင်း အနိုင်ရသွားနိုင်ပြီး အင်တာမီလန် နိုင်ပွဲရရှိသွားနိုင် - အီတလီစီးရီးအေပွဲစဉ်(၁၈)

ဆက်စူလို - ယူဒီးနိစ် (စနေ၊ ည ၁၁း၃၀)
ဂိုးသွင်းအားတော့ မကျပေမယ့် သုံးပွဲဆက်တိုက် နိုင်ပွဲပျောက်နေတဲ့ ဆက်စူလို ခြေစွမ်းက အားရ
စရာ သိပ်မရှိဘဲ နောက်တန်းလည်း မလုံဘူး။ ယူဒီးနိစ်ကတော့ အဝေးကွင်းမှာ ခြေစွမ်း ရော၊ ရလဒ်
ပါ တိုးတက်လာတယ်။ ယူဒီးနိစ်ကို ပိုကြိုက်တယ်။

တိုရီနို - အေစီမီလန် (တနင်္ဂနွေ၊ နံနက် ၂း၁၅)
ဆောင်းမခိုမီ ခြေတက်နေတဲ့ ဂျီနိုအာကို နိုင်လိုက်လို့ တိုရီနိုခြေစွမ်းဦးမော့လာဖွယ်ရှိပြီး တိုက်စစ်
အားလည်း တိုးတက်မှုတွေရှိတယ်။ အေစီမီလန်ကတော့ အဝေးကွင်း ခြေမစွာနိုင်တော့ဘဲ ဂိုးသွင်း
အားရော၊ ရလဒ်ပါ ကျဆင်းနေတယ်။ အိမ်ရှင်အားသာချက် အပြည့်အဝရှိနေတဲ့ တိုရီနိုဘက်က
စွန့်စားသင့်တယ်။

အင်တာမီလန် - ဂျီနိုအာ (တနင်္ဂနွေ၊ ညနေ ၆းဝဝ)
နည်းပြသစ် မန်စီနီလက်ထက်မှာ ပွဲကျပ်တွေ ဆက်တိုက်ကစားနေရတဲ့ အင်တာမီလန်ဟာ
ဖိအားများနေတယ်။ သုံးယောက်ခံစစ်မှ လေးယောက်ခံစစ်ပုံစံပြောင်းကစားနေလို့ နောက်တန်း
မတည်ငြိမ်သေးဘူး။ ဂျီနိုအာကတော့ နည်းပြဂတ်စ်ပါရီနီ လက်ထက်မှာ စွမ်းဆောင်ရည်ပိုင်း
ပြန်ကောင်းလာပေမယ့် လတ်တလော ခြေကျနေတယ်။ အခုအိမ်ကွင်းပွဲစဉ်မှာတော့ အင်တာ
မီလန်ကို ရွေးချယ်သင့်တယ်။

အတ္တလန္တာ - ချီယေဗို (တနင်္ဂနွေ၊ ည ၈း၃၀)
လာဇီယို၊ ပါလာမိုတို့ကို ဆက်တိုက်ရင်ဆိုင်ခဲ့ရာမှာ ခြောက်ဂိုးသွင်းခံလိုက်ရလို့ အတ္တလန္တာ
ခံစစ်ကြောင်း 'ပွင့်'နေတာ ပေါ်လွင်တယ်။ ချီယေဗိုကတော့ ပြီးခဲ့တဲ့ အဝေးကွင်းနှစ်ပွဲဆက်တိုက်
မှာ ကက်ဂလီယာရီကို ၂-၀၊ ဗီရိုနာကို ၁- ၀ နဲ့နိုင်ထားလို့ လျှော့တွက်လို့ မရဘူး။ အခြေ အနေ
အရ 'ကြွေ'တက်နေတဲ့ ချီယေဗိုဘက်က ရပ်တည်သင့်တယ်။

ကက်ဂလီယာရီ - ဆီစီနာ (တနင်္ဂနွေ၊ ည ၈း၃၀)
တောက်လျှောက်စိုက်ဆင်းနေတဲ့ ကက်ဂလီယာရီဟာ လေးပွဲအတွင်း ကိုးဂိုးသွင်းခံလိုက် ရတယ်။
အသင်းလိုက်ကစားကွက် လျော့တိလျော့ရဲ ဖြစ်နေပြီး တိုက်စစ်ပါ ပျောက်သွားတယ်။ ဒါပေမဲ့ ဆီစီ
နာနောက်တန်းကလည်း လေးပွဲမှာ ၁၁ ဂိုးသွင်းခံရလို့ ကက်ဂလီယာရီထက် ပိုမိုဆိုးရွားတယ်။
အတွေ့အကြံုနဲ့ အိမ်ရှင်အားသာချက်ပေါ်မူတည်ပြီး ကက်ဂလီယာရီကို ပိုကြိုက်တယ်။

ဖီအိုရင်တီးနား - ပါလာမို (တနင်္ဂနွေ၊ ည ၈း၃၀)
ဒဏ်ရာရသူတွေ ပြန်ကစားနိုင်ခြင်းနဲ့အတူ ဖီအိုရင်တီးနား ခြေစွမ်းတက်လာတယ်။ အထူးသဖြင့်
ဂိုးသွင်းအား ကောင်းလာတယ်။ ပါလာမိုလည်း ခြေတက်နေပြီး အိမ်ကွင်း အနိုင်၊ အဝေးကွင်းသရေ
'ဖော်မြူလာ'အတိုင်း ကစားနိုင်တာကို တွေ့ရတယ်။ အခုလည်း ဖီအိုရင်တီးနားကွင်းမှာလည်း
ပါလာမို သရေခံကစားနိုင်ဖွယ်ရှိပေမယ့် ဖီအိုရင်တီးနားကို ရွေးချယ်သင့်တယ်။

ရိုးမား - လာဇီယို (တနင်္ဂနွေ၊ ည ၈း၃၀)
ရောမဒါဘီမှာ မြို့ခံနှစ်သင်း ထိပ်တိုက်တွေ့ဆုံတာဖြစ်လို့ ပရိသတ်အားနဲ့ အကြိတ်အနယ်
ကစားကြမှာ သေချာတယ်။ ရိုးမားဟာ အဒမ်လာဂျစ်ကလွဲပြီး ကျန်တဲ့ တိုက်စစ်မှူးတွေ ဂိုးပေါက်
ပျောက်နေတာကလွဲပြီး ဘက်စုံထောင့်စုံက လာဇီယိုထက် နှာတစ်ဖျားသာတယ်။ လာဇီယို က
လည်း အဆင့်(၃)နေရာမှာ ရောက်နေတယ်ဆိုပေမယ့် ရိုးမားကွင်းမှာတော့ မလွယ်လောက် ဘူး။
သရေကျနိုင်ခြေရှိပေမယ့် ရိုးမားကို ပိုကြိုက်တယ်။

ဆမ်ဒိုးရီးယား - အမ်ပိုလီ (တနင်္ဂနွေ၊ ည ၈း၃၀)
စီးရီးအေမှာ အိမ်ကွင်းရှုံးပွဲမရှိသေးတဲ့ ဆမ်ဒိုးရီးယားဟာ အလယ်အလတ်အသင်းတွေထဲမှာ
စိတ်ပိုင်း၊ ရုပ်ပိုင်း မာကျောမှုအရှိဆုံးအသင်း ဖြစ်ပါတယ်။ နိုဝင်ဘာ လကုန်ပိုင်းကစပြီး သရေပွဲတွေ
များလာပေမယ့် အသင်းလိုက် ကျစ်လျစ်မှု ရှိတယ်။ အမ်ပိုလီကတော့ သရေပွဲ တွေများနေတယ်။
အခုပွဲမှာတော့ အိမ်ကွင်းဖြစ်တာကြောင့် ဆမ်ဒိုးရီးယား 'ညှစ်' ရင် နိုင်ခြေများတယ်။

ဗီရိုနာ - ပါးမား (တနင်္ဂနွေ၊ ည ၈း၃၀)
အိမ်ကွင်းစွာပြီး ဂိုးသွင်းခြေစွမ်းရှိတဲ့ ဗီရိုနာဟာ ရှုံးပွဲတွေ များနေပေမယ့် အခုပွဲမှာတော့ 'ပြန်ညှစ်'
မယ်လို့ ယူဆရတယ်။ ပါးမားကတော့ တောက်လျှောက်စိုက်ဆင်းနေပြီး ငွေကြေး အခက်အခဲ
ကြောင့် ကစားသမားတွေက ပွဲကို အာရုံသိပ်စိုက်ပုံမရဘူး။ ဗီရိုနာကို ပိုကြိုက် တယ်။



ဖတ်ရှုမှုအများဆုံး